-->


ကြော်ငြာခြင်းကို ဘယ်ချိန်တည်းကစတင်ခဲ့ကြတာလဲ... ?

ကြော်ငြာခြင်းကို ဘယ်ချိန်တည်းကစတင်ခဲ့ကြတာလဲ... ? Google

ကြော်ငြာခြင်းကို ရောမခေတ်ကတည်းကစခဲ့ပါသည်။ ပစ္စည်းများရောင်းရဖို့ လှည့်လည်အော်ဟစ်ရန် အသံကောင်းသူများကို ငှားရမ်း၍သုံးခဲ့ကြသည်။

လွန်ခဲ့သောနှစ်ပေါင်း (၅၀၀၀)ခန့်က မိမိပြုလုပ်သောပစ္စည်းကိုပါ အိမ်ရှေ့တံခါးဝတွင် ပြထားကြော်ငြာလေ့ရှိသည်။ ရှေးခေတ်အီဂျစ်လူမျိုးတို့သည် ကျောက်ပြားကြီးများပေါ်တွင် ကြော်ငြာလိုသည့်သတင်းများရေးထွင်း၍ လမ်းဆုံ၊ လမ်းခွများတွင် ချထားလေ့ရှိသည်။

ရောမတို့သည် နံရံနှင့်ကျောက်တိုင်များပေါ်တွင်လည်း ဆပ်ကပ်ပွဲကြော်ငြာ၊ လူနှင့်တိရစ္ဆာန်သတ်ပွဲကြော်ငြာတို့ကို ရေးသားထားလေ့ရှိသည်။ အလယ်ခေတ်ရောက်သော် လက်ရေးဖြင့်ရေးသောကြော်ငြာများကို ဆိုင်ရှေ့တွင်၊ ဘုရားကျောင်းရှေ့တို့တွင် ကြော်ငြာကြသည်။ (၁၄၅၀) ပြည့်နှစ် ပုံနှိပ်စက်ပေါ်လာချိန်၌ လက်ကမ်းကြော်ငြာများ (Hand Bills)ကို သုံးခဲ့ကြသည်။

အင်္ဂလန်၌ အစောဆုံးပုံနှိပ်ကြော်ငြာသူမှာ ဝီလျံကက်စတန်ဖြစ်ပြီး သူကိုယ်တိုင်စာအုပ်ကြော်ငြာကိုပုံနှိပ်၍ ဘုရားကျောင်းတွင် ကပ်ထားလိုက်ရာမှစတင်သည်။ အစောဆုံးသတင်းစာကြော်ငြာမှာမူ (၁၆၁၅) ခုနှစ်က လန်ဒန်မြို့တွင်စခဲ့သည်။ အမေရိကန်၏ ပထမဆုံးသတင်းစာကြော်ငြာမှာ (၁၇၀၄)ခုနှစ် ဘော်စတွန် သတင်းစာစောင်တွင်ဖြစ်သည်။

Read More>>> နာမည်ကြီး Brand တွေမဖြစ်လာခင် ပထဦးဆုံးထုတ်လုပ်ခဲ့တဲ့ကုန်ပစ္စည်းများ

ပထမဆုံးကြော်ငြာအေဂျင်စီမှာ (၁၈၄၀)ပြည့်နှစ်တွင် ဖီလာဒယ်လ်ဖီယားမြို့၌ မစ္စတာဗီဘီပါလမားက စတင်တည်ထောင်သည်။ သတင်းစာ တစ်မျက်နှာအတွက် ဒေါ်လာ (၄၀၉၂) ကြော်ငြာခပေးရသည်။ စောင်ရေ ၅၃ သိန်းရှိ မဂ္ဂဇင်းကြော်ငြာတစ်မျက်နှာအတွက် ဒေါ်လာ (၁၉၂၀၀) ကျသင့်သည်။

ယခုခေတ်တွင် ကိုယ့်ကိုယ်ကိုယ်သတ်သေ၍ ကြော်ငြာခြင်းမျိုးမှလွဲ၍ နည်းမျိုးစုံအောင် ကြော်ငြာကြသည်။ စာရေးသူ ကိုယ်တိုင်ကိုယ့်မျက်စိကိုယ်မယုံကြည်နိုင်လောက်အောင် ထူးဆန်း သောကြော်ငြာရိုက်ကူးပုံကို ဂျာမနီနိုင်ငံတွင်နေစဉ်က ကြုံတွေ့ခဲ့ဖူးသည်။ နေ့စဉ်လူတစ်သိန်းဝန်းကျင်သွားလာနေသော ဖရန့်ဖွတ်ဘူတာရုံကြီးတွင်ဖြစ်သည်။ ဂျာမန်မီးရထား (Deutsche Bahn)အတွက် ကြော်ငြာရိုက်နေခြင်းဖြစ်၏။

လူအုပ်ကြားထဲ ခေါင်းပြူ၍ကြည့်ရာ အာမေဍိတ်ထွက်လုနီးပါး အံ့အားသင့်စရာမြင်ကွင်းကို တွေ့ရ၏။ လူထွားကြီးတစ်ယောက်က ကျာပွတ်ကြီးကိုင်၍ ကားရားရပ်နေ၏။ သူ့ခြေရင်းမှာ ဘာကောင်ကြီးလဲကြည့်လိုက်တော့ ရုပ်ရှင်မင်းသမီးရှုံးလောက်သည့် ဆယ်ကျော်သက်တစ်ဦးက ပင့်ကူလူသားပို့စ်ဖြင့် အိုက်တင်လုပ်နေ၏။ ခန္ဓာကိုယ်ပေါ်မှာမူ အဝတ်အစားဟူ၍တစ်ထွာတစ် မျှင်ပင်မရှိ။

Outdoor Advertising Specialist (ပြင်ပရိုက်ကူးရေးကြော်ငြာလုပ်ငန်းများ(၄၀)ကိုရှာရန်နှိပ်ပါ။)

သို့သော် လူအုပ်ကြီးကြား၌ သူမကအဝတ်အစားအပြည့်အစုံပါသကဲ့သို့ သို့မဟုတ် ပတ်ဝန်းကျင်တွင် မိမိတစ်ဦးတည်းရှိသကဲ့သို့ ဣနြေ္ဒရစွာသရုပ်ဆောင်နေ၏။ ကြက်သေသေသွားရာမှ ကျွန်တော်သည် ထိုမြင်ကွင်းနှင့်ဝေးရာဆီသို့ ခြေကုန်သုတ်၍ ပြေးရ၏။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် မြန်မာများအကြား၌ လှည့်လည်၍ ဝိပဿနာအကြောင်း၊ အပုပ်ကောင် ရုပ်ဆောင်နေသည့်အကြောင်းတို့ကိုကြော်ငြာကာ ပြောနေသူဖြစ်ရာ လူအုပ်ကြားထဲ၌ အပုပ်ကောင်ကို ငေးစိုက်၍ အကြာကြီးကြည့်နေစဉ် မြန်မာတစ်ယောက်ယောက်သာမြင်သွားပါက ကျွန်တော်တင်မကဘဲ ဘာသာတရားပါ သိက္ခာကျမည်ဖြစ်သောကြောင့် အမြန်လစ်ရခြင်း ဖြစ်သည်။

ကောင်းဆက်နိုင်

 

Read times
Rate this item
(1 Vote)