-->
×

Warning

JUser: :_load: Unable to load user with ID: 29


Start-up လုပ်ငန်းမှာ ပြဿနာတွေရှိလာရင် ဖြေရှင်းနိုင်မယ့်နည်းလမ်း (၃)မျိုး

Start-up လုပ်ငန်းမှာ ပြဿနာတွေရှိလာရင် ဖြေရှင်းနိုင်မယ့်နည်းလမ်း (၃)မျိုး Google

လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်တော့မယ်ဆိုရင် လုပ်ကိုင်ခါစမှာတော့ တက်တက်ကြွကြွနဲ့ ဖြစ်နေမှာပါ။ နောက်ပိုင်းကြာလာရင်တော့ ပြဿနာလေးတွေရှိလာတက်ပါတယ်။

ဒါကြောင့် start-up လုပ်ငန်းတွေမှာ ကြုံတွေ့နိုင်ချေရှိတဲ့ ပြဿနာတွေနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ မိမိလုပ်ငန်းအတွက် အကျိုးမပြုသည့် ဝန်ထမ်း ခန့်မိခြင်း

ဒါက လုပ်ငန်းရှင်တိုင်းလိုလို ကြုံတွေ့နိုင်တဲ့ ပြဿနာတစ်ခုပါ။ စခန့်တုန်းကတော့ အဆင်ပြေသလိုရှိပေမယ့် နောက်ပိုင်း အဆင်မပြေမှုတွေ ကြုံလာတာမျိုး၊ သူ့နေရာလွတ်သွားပြန်ရင်လည်း လုပ်ငန်းကမောက်ကမ ဖြစ်သွားမှာကို စိုးရိမ်ရတာ တစ်မျိုးတွေ ကြုံရနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးက အလျင်အမြန် ဖြေရှင်းဖို့ မလွယ်ကူပါဘူး။ သင်သဘောမကျတဲ့ ဝန်ထမ်းကို သင်သှူ့ဆီက ဘယ်လိုအရည်အသွေးတွေ လိုချင်သလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောပါ။ ဒီလိုအရည်အသွေးတွေရဖို့ သင်ဘက်ကနေ ဘာတွေ ထောက်ပံ့ပေးဖို့ လိုအပ်သလဲ ညှိနှိုင်းပါ။ သင့်လုပ်ငန်းရဲ့ Vision, Mission တွေကို ဝန်ထမ်းတိုင်း သဘောပေါက်နားလည်အောင် ဆောင်ရွက်ပါ။ လိုအပ်ရင် HR အကြံပေးတွေ၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ဆက်သွယ်ပါ။

ကိုယ်ရင်းထားတာထက် အမြတ်အများကြီးပိုရစေမယ့် Facebook Marketing နည်းလမ်းများ
၂။ အဆိုးမြင်တဲ့ ဖောက်သည်တွေနဲ့ ကြုံတွေ့ရခြင်း

သင် မနက် အိပ်ရာထလာတယ်။ လိုင်းပေါ်တက်ကြည့်တော့ လူမှုကွန်ရက်ပေါ်မှာ သင့်လုပ်ငန်းနဲ့ ပတ်သက်ပြီး မကောင်းကြောင်းတွေ ပြန့်နေတယ်။ ဒီလိုဆို ဘယ်လိုလုပ်မလဲ။ စိတ်ဆိုးပြီး ဒေါသတကြီး တုံ့ပြန်တာမျိုး မဖြစ်ပါစေနဲ့။ ကြင်ကြင်နာနာနဲ့ တုံ့ပြန်ပါ။ ကိုယ့်ဘက်က မှန်မှန်မှားမှား အရင်ဆုံး တောင်းပန်လိုက်ပါ။ ကိုယ့်ဘက်က မှားနေတာ ရှိရင်တော့ တာဝန်ယူပြီး ဖြေရှင်းပါ။ ခေါင်းမရှောင်ပါနဲ့။ ကိုယ့်ဘက်က မှန်နေရင်တော့ ဖောက်သည်တွေ နားလည်အောင် သေသေချာချာ ရှင်းပြပါ။ လိုအပ်ရင် ပညာရှင်တွေရဲ့ ဖြေရှင်းချက်တွေ ရယူဖို့ ကြိုးစားပါ။


၃။ လုပ်ငန်းတိုးတက်မှု မရှိခြင်း

နှစ်တွေ ကြာလာပေမယ့် ကိုယ့်လုပ်ငန်းက ထင်သလောက် တိုးတက်မှုမရှိဘူးဆိုရင်တော့ တစ်ခုခုမှားနေပါပြီ။ ကိုယ့်လုပ်ငန်းရဲ့ ဘယ်အပိုင်းမှာ လိုအပ်ချက်တွေရှိနေသလဲဆိုတာ သေသေချာချာ ဆန်းစစ်ပါ။ အများအားဖြင့် ဖြစ်တတ်တဲ့ သဘောကတော့ လုပ်ငန်းလည်ပတ်မှုစနစ် တည်ဆောက်ရာမှာ အားနည်းတာနှင့် လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူတွေရဲ့ အရည်အချင်း မပြည့်မှီမှုတွေကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့်မို့ စနစ်ကို ခိုင်မာအောင်လုပ်ပါ။ ကိုယ်ကိုယ်တိုင်အပါအဝင် ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေ ပိုတိုးတက်လာအောင် သင်တန်းတက်ခိုင်းတာတွေ၊ အကြံပေးတွေနဲ့ တိုင်ပင်တာတွေ ဒါတွေကို မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းမှာ ပြဿနာတွေရင်ဆိုင်ကြုံတွေ့နေရပြီဆိုရင် အပေါ်မှာဖော်ပြခဲ့တဲ့ ဖြေရှင်းနည်းတွေက သင့်ကိုအထောက်အကူဖြစ်စေမှာပါ။

Source; Htet Zan Linn
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)