-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုယ်ရင်းထားတာထက် အမြတ်အများကြီးပိုရစေမယ့် Facebook Marketing နည်းလမ်းများ

ကိုယ်ရင်းထားတာထက် အမြတ်အများကြီးပိုရစေမယ့် Facebook Marketing နည်းလမ်းများ Google

ကိုယ်ရောင်းချချင်တဲ့ ထုတ်ကုန်တစ်ခု ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို Facebook ပေါ်မှာ ပေါက်ဖို့အတွက် လုပ်ငန်းရှင်တွေကိုယ်တိုင် အသုံးချနိုင်တဲ့ များပြားလှစွာသော FB promotion အကြံဉာဏ်နဲ့ နည်းလမ်းတွေကို ပြောပြချင်ပါတယ်။

အတိအကျပြောရရင်တော့ ကိုယ်ရင်းထားတာထက် အများကြီးပိုမြတ်စေမယ့် FB Marketing နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

၁။ တန်ဖိုးတစ်ခုတည်းကိုပဲ အာရုံစိုက်ပါ။ ကြော်ငြာမှာ သင့်ရဲ့ product နဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေအကုန်လုံး တန်းစီရေးပြနေစရာ မလိုပါဘူး။ စားသုံးသူဟာ ကြော်ငြာထဲက အချက်တစ်ချက်ကိုပဲမှတ်မိပါလိမ့်မယ်။ အဲဒီအချက်ကလည်း ခိုင်မာရှင်းလင်းနေဖို့ လိုပါတယ်။

၂။ Action တစ်ခုခုလုပ်ဖြစ်ဖို့ ကြော်ငြာကနေတဆင့်တိုက်တွန်းပါ။ ကြော်ငြာကို ကြည့်လိုက်တာနဲ့ နောက်တဆင့်အတွက် ဘာဆက်လုပ်ရမလဲဆိုတာ တွန်းအားပေးနိုင်တဲ့ "ဝယ်ပါ" "ရယူလိုက်ပါ" "သုံးကြည့်ပါ" "စမ်းသပ်လိုက်ပါ" စတဲ့စကားလုံးတွေကို ကြော်ငြာမှာ ထည့်သွင်းရေးသားဖို့ လိုပါတယ်။

၃။ သင့်ရဲ့ ကြော်ငြာမှာ အရင်ကသုံးစွဲဖူးသူတွေရဲ့ testimonial ကို ထည့်သွင်းကြော်ငြာပါ။ Customer တွေက ကောင်းတဲ့ review ကိုတွေ့လေလေ သင့်ရဲ့ product ကို ကောင်းတယ်လို့ လက်ခံလေလေပါ။

၎။ ရသပေါင်းစုံခံစားနိုင်ပါစေ။ သင့်ရဲ့ ရည်ရွယ်ချက်ပေါ်လိုက်ပြီး customer တွေကို ကြည်နူး၊ အထင်ကြီး၊ ထိပ်လန့်၊ ရင်ခုန် စတဲ့ ရသအမျိုးမျိုးခံစားရစေမယ့် promotion တွေကို ဖန်တီးလိုက်ပါ။

တစ်ရက်ကိုဝင်ငွေ $ 215 Million ရရှိနေတဲ့ Amazon ကုမ္ပဏီရဲ့ CEO Jeff Bezos

၅။ နံပါတ်တွေထည့်သွင်းပါ။ သင့်ရဲ့ကြော်ငြာမှာ discount ချတဲ့ ဈေးနှုန်း/ရာခိုင်နှုန်း၊ သုံးစွဲသူ အရေအတွက်၊ product ရဲ့ ဈေးနှုန်းစတာတွေကို နံပါတ်တွေနဲ့သာ ဖော်ပြပါ။ research တစ်ခုအရ နံပါတ်တွေပါတဲ့ ခေါင်းစဉ်ကို လူတော်တော်များများ နှစ်သက်ကြပါတယ်။ ကြော်ငြာတွေမှာလည်း နံပါတ်အတိအကျရေးထားတာကိုသာ သဘောကျတတ်ကြလို့ပါပဲ။

၆။ Giveaway တွေပေးပါ။ Giveaway ဒါမှမဟုတ် အခမဲ့သုံးစွဲခွင့်ကာလ စတာတွေဟာ သင့်ရဲ့ product နဲ့ user အသစ်တွေကြားမှာ engagement ကောင်းကောင်းလုပ်ပေးနိုင်ကြပါတယ်။

၇။ Target ပြန်ထားပြီး ကြော်ငြာရာမှာ discount အနည်းငယ်ချပေးဖို့မမေ့ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကြော်ငြာကို တစ်ခါတွေ့ဖူးပြီးသားလူတွေဟာ သူတို့စိတ်မဝင်စားလို့ ကျော်သွားကြတာပါ။ သူတို့ကို ဆွဲဆောင်ဖို့ဆိုရင် discount အနည်းငယ်ပေးတာ ဒါမှမဟုတ် လက်ဆောင်ပေးတာမျိုးနဲ့ ပြန်လည် ဆွဲဆောင်နိုင်ပါတယ်။

၈။ အားလပ်ရက် campaign တွေကို သုံးပါ။ ဥပမာ - သင်သာ ခရစ္စမတ်လက်ဆောင်တွေကို FB promotion တွေသုံးပြီး ရောင်းဖြစ်မယ်ဆိုရင် November လောက်ကစရောင်းသင့်ပါတယ်။ အကြောင်းကတော့ လူတော်တော်များများဟာ လက်ဆောင်တွေကို Halloween မတိုင်ခင်ကတည်းက ဝယ်ထားတတ်လို့ပါ။ တခြား နှစ်သစ်ကူးအားလပ်ရက်တွေ ပွဲတော်တွေအတွက်လည်း ဒီနည်းကိုသုံးသင့်ပါတယ်။

၉။ ကြော်ငြာမှာ ဓာတ်ပုံထည့်ချင်တဲ့အခါ သင့်ရဲ့ product ပုံကို ထည့်တာ အကောင်းဆုံးပါပဲ။ ဒီနည်းနဲ့ brand awareness ကောင်းကောင်းရနိုင်သလို ကြည့်ရှုသူတွေ အနေနဲ့လည်း သင့်ရဲ့ page ကိုဝင်မကြည့်ခင် product ကို အရင်မြင်ရကြည့်ရတာကို ပိုနှစ်သက်ပါလိမ့်မယ်။ ဒါ့အပြင် FB ကြော်ငြာမှာ တွေ့ပြီးသား ပစ္စည်းကို အပြင်ဆိုင်မှာ မြင်ရတဲ့အခါ ချက်ချင်းသတိထားမိပါလိမ့်မယ်။

၁၀။ မှတ်မိရလွယ်တဲ့ symbol တွေ emoji တွေသုံးပါ။ FB content တွေကို ရသပိုင်းကောင်းကောင်းပေးနိုင်မယ့် story တွေ symbol တွေသုံးပြီး ဖန်တီးတဲ့အခါ လူတွေ ပိုသတိထားမိသလို လူကြိုက်လည်းပိုများပါတယ်။

၁၁။ Video ကြော်ငြာတွေကို သုံးပါ။ Video ads တွေဟာ သာမန် ads တွေထက် ပိုပြီးကုန်ကျစရိတ်များနိုင်ပေမယ့် audience ရဲ့ အာရုံစိုက်မှုကိုတော့ ကောင်းကောင်းရယူနိုင်ပါတယ်။ Video ad ဖန်တီးတဲ့အခါ ပထမဆုံး ၅ စက္ကန့်မှာ အာရုံစိုက်မှုကောင်းကောင်း ရနိုင်ပါစေ။ ခေါင်းစဉ်တွေတပ်ပေးပါ။ Videoအဆုံးမှာ နောက်တဆင့်ကိုခေါ်သွားနိုင်မယ့် CTA ကိုထည့်သွင်းပါ။

Content ရေးတဲ့နေရာမှာ အခြေခံကျပေမယ့် မေ့လျော့နေတတ်တဲ့ အချက် (၂) ချက်

၁၂။ Look-alike audiences ဆိုတဲ့ နည်းဗျူဟာကိုတော့ သင့်မှာ ရှိပြီသား customer တွေနဲ့ အလားတူတဲ့ user တွေကို ဆက်သွယ်နိုင်ဖို့ သုံးသင့်ပါတယ်။ သင့်ရဲ့ customer တွေနဲ့ စိတ်ဝင်စားပုံ နေပုံထိုင်ပုံတူညီနေတဲ့ သူတွေကို ဆက်သွယ်မိတာဖြစ်လို့ သင့်ရဲ့ ရောင်းအားလည်း ပိုတက်လာနိုင်ချေ ရှိပါလိမ့်မယ်။

၁၃။ FB ကြော်ငြာတွေကနေတဆင့် သင့်ရဲ့ လူမှုဆက်ဆံရေးကို မြှင့်တင်ပါ။ အကောင်းမြင်သဘောနဲ့ ကြော်ငြာတွေများများဖန်တီးလေလေ သင့်ရဲ့ page ကလည်း အကျိုးကျေးဇူးကောင်းကောင်း ခံစားရလေလေပါ။

၁၄။ ကိုယ့်ရဲ့ ကြော်ငြာကို ဘယ်အချိန်မှာ တင်ချင်သလဲဆိုတာ schedule လုပ်ထားသင့်ပါတယ်။

၁၅။ သင့်ရဲ့ product အများကြီးနဲ့ သူတို့ရဲ့ အကျိုးကျေးဇူးတွေအကြောင်း ဒါမှမဟုတ် brand ရဲ့ story အကြောင်းကို ဓာတ်ပုံတွေ video တွေနဲ့ ဝေဝေဆာဆာဖော်ပြချင်တဲ့အခါ carousel ပုံစံ ကြော်ငြာတွေကို သုံးနိုင်ပါတယ်။ Report တစ်ခုအရဆိုရင် ဒီကြော်ငြာ အမျိုးအစားတွေဟာ တခြားပုံမှန်ကြော်ငြာတွေထက် 10 ဆလောက် ပိုပြီးအကျိုးရှိပါတယ်။

ဒီ FB Marketing အကြံဉာဏ် နည်းလမ်းတွေကို တစ်ချက်ချင်းစီ သေချာစဉ်းစားပြီး လိုက်လုပ်မယ်ဆိုရင် ကိုယ့်လုပ်ငန်းအတွက် အများကြီးအကျိုးရှိစေမှာ အသေအချာပါပဲ။

Source; MOE
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)