ကာတာ ခရီးသွားလုပ်ငန်းကြော်ငြာများ လန်ဒန်ပို့ဆောင်ရေး ပိတ်ပင်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကာတာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကြော်ငြာများကို လန်ဒန်ပို့ဆောင်ရေး Transport for London (TfL) က ပိတ်ပင်ထားပါသည်။
ကာတာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကြော်ငြာများကို လန်ဒန်မြို့တွင် ပြေးဆွဲနေသော ဘတ်စ်များ၊ တက္ကဆီများ၊ မြေအောက်ရထားစနစ်တို့တွင် ကြော်ငြာခြင်း မပြုရန် ပိတ်ပင်ကြောင်း Financial Times က သတင်းဖော်ပြပါသည်။
ကာတာနိုင်ငံက LGBT+ အခွင့်အရေးများ ပိတ်ပင်ထားခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများအပေါ် ဂရုမစိုက်ခြင်းတို့အတွက် ယခုလို ကြော်ငြာများ ပိတ်ပင်ရသည်ဟု အာဏာပိုင်တို့က ဆိုပါသည်။
.
ကာတာနိုင်ငံက တုံ့ပြန်သည့်အနေဖြင့် လန်ဒန်မြို့ရှိ ၎င်း၏ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်သုံးသပ်နေပါသည်။
ကာတာသည် ၎င်း၏ နိုင်ငံပိုင် ကြွယ်ဝမှုရန်ပုံငွေ Qatar Investment Authority (QIA) မှ တစ်ဆင့် လန်ဒန်တွင် ရင်းနှီးမြှုပ်နှံ အစုစု ပြုထားပြီး လန်ဒန်တွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူများထဲတွင်ပါဝင်ပါသည်။
.
Qatar Investment Authority (QIA) သည် Harrods ကုန်တိုက်၊ Shard မိုးမျှော်တိုက်တို့ကိုပိုင်ဆိုင်ပြီး Canary Wharf ၏တွဲဖက်ပိုင်ရှင်ဖြစ်ပါသည်။
Savoy နှင့် Grosvenor House ဟိုတယ်များကိုလည်း QIA က ပိုင်ဆိုင်ပါသည်။ ထို့ပြင် ဟိသရိုး လေဆိပ်တွင် ရှယ်ယာ ၂၀% နှင့် ဗြိတိန်၏ ဒုတိယအကြီးဆုံး စူပါမားကတ်အုပ်စု Sainsbury's တွင် ရှယ်ယာ ၁၄% ပိုင်ဆိုင်ပါသည်။
.
လန်ဒန်ပို့ဆောင်ရေးက ကြော်ငြာများကို တစ်ခုချင်း စိစစ်မည် ဖြစ်ပြီး ကာတာသို့ ခရီးထွက်ရန် ကြော်ငြာ၊ ကာတာသို့ အလည်လာသင့်ကြောင်း ကြော်ငြာ၊ ကာတာ ခရီးသွားလုပ်ငန်းကြော်ငြာတို့ကို ခွင့်ပြုမည်မဟုတ်ဟု ဆိုပါသည်။ လက်မခံနိုင်သော ကြော်ငြာအမျိုးအစားအဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U