-->
×

Warning

JUser: :_load: Unable to load user with ID: 29


Louis Vuitton ကြော်ငြာအရှိန်ဖြင့် ရော်နယ်ဒို follower သန်း ၅၀၀ ကျော်သွား

Louis Vuitton ကြော်ငြာအရှိန်ဖြင့် ရော်နယ်ဒို follower သန်း ၅၀၀ ကျော်သွား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာကျော်ဘောလုံးသမား Cristiano Ronaldo ဟာ သူနှင့် ကမ္ဘာကျော် ဘောလုံးသမား Lionel Messi တို့ရဲ့ Louis Vuitton ကြော်ငြာကို Ronaldo က  သူ့ရဲ့ Instagram အကောင့်မှာ တင်ပြလိုက်ပြီးတဲ့နောက်မှာ သူဟာ  Instagram မှာ လူပုဂ္ဂိုလ်အနေဖြင့် follower သန်း ၅၀၀ ကျော် ပထမဆုံးရရှိသူ ဖြစ်လာခဲ့ပါတယ်။ 

Instagram မှာ သူ့ထက် follower များတဲ့ အကောင့်ဆိုလို့ Instagram ကို ပိုင်ဆိုင်တဲ့ Meta Platforms Inc. ရဲ့ တရားဝင်အကောင့် တစ်ခုပဲ ရှိပါတယ်။ 

 အာဂျင်တီးနားမှ ဘောလုံးသမား Messi မှာ follower ၃၇၆ သန်း ရှိပါတယ်။ သူနဲ့နီးစပ်တဲ့သူက Kylie Jenner ဖြစ်ပြီး follower ၃၇၂ သန်း ရှိပါတယ်။

ကြော်ငြာပုံထဲမှာ Ronaldo နှင့် Messi တို့က Louis Vuitton သေတ္တာပေါ်မှာ စစ်တုရင် ကစားနေကြပါတယ်။ Ronaldo နှင့်  Messi  တို့က သေတ္တာပေါ် အားပြုထားပါတယ်။

အပြင်မှာတော့ သူတို့နှစ်ဦးက လက်ရှိကျင်းပနေတဲ့ ကမ္ဘာဖလားဘောလုံးပွဲမှာ ယှဉ်ပြိုင်နေကြပါတယ်။

ဓာတ်ပုံက ရိုးရှင်းခန့်ထည်ပါတယ်။ like ၃၈ သန်းကျော် ရရှိထားပြီး ဆက်လက်တိုးများနေဆဲ ဖြစ်ပါတယ်။

 

 316273932 5700956013275944 2297175347671345431 n

 

ကမ္ဘာဖလားဘောလုံးပွဲ မစတင်ခင် ရက်ပိုင်းအလိုမှာ အချိန်ကိုက် ကြော်ငြာတင်ပြခဲ့တာကြောင့်လည်း စိတ်ဝင်စားမှု ရေချိန် မြင့်မားစေခဲ့ပါတယ်။ 

ကြော်ငြာအတွက် Ronaldo နှင့် Messi တို့ကို Louis Vuitton က ဘယ်ရွေ့ဘယ်မျှ ပေးကြောင်း ထုတ်ပြန်ကြေညာခြင်း မပြုပါဘူး။ 

Cash N Sports ရဲ့ အဆိုအရ Ronaldo က ကြော်ငြာပို့စ်တစ်ခု တင်ရင် အနည်းဆုံး ကန်ဒေါ်လာ ၂ သန်း ရယူပါတယ်။ Messi က အနည်းဆုံး ကန်ဒေါ်လာ ၁.၇ သန်း ရယူပါတယ်။ 

.

ကမ္ဘာ့ဖလားစတင်ကတည်းက အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုက cryptocurrency လဲလှယ်သည့်ပလပ်ဖောင်း Binance နှင့် ဗောက်ပျောက်ခေါင်းလျှော်ရည်အမှတ်တံဆိပ်အတွက် ကြော်ငြာများကို တင်ပြခဲ့တာ တွေ့ကြရပါတယ်။

Source SCMP

Read times
Rate this item
(0 votes)