အလိမ်အညာ PIXEL 4 ကြော်ငြာအတွက် Google ဒေါ်လာ ၉.၄ သန်း ဒဏ်ကြေးထိ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
iHeartMedia ရေဒီယို DJs ကွန်ရက်တွင် အသစ်စက်စက် Google Pixel 4 ကို အသုံးပြု၍ တိရိစ္ဆာန်များနှင့် ကြယ်ကြွေခြင်းများ ဓာတ်ပုံရိုက်ခြင်းကို မည်မျှနှစ်သက်ကြောင်း ပြောဆိုတင်ပြခဲ့ကြသည်။
ပြဿနာမှာ ထိုသို့ ပြောဆိုကြသူများအားလုံးသည် Google Pixel 4 ဖုန်းကို အမှန်တကယ် မသုံးဖူးခြင်း ဖြစ်သည်။
.
Google ၏ Pixel 4 စမတ်ဖုန်း အလိမ်အညာကြော်ငြာခြင်းအတွက် အမေရိကန်မှ ပြည်နယ် ခုနစ်ခုနှင့် US Federal Trade Commission တို့သည် Google နှင့် iHeartMedia တို့ကို ဒဏ်ကြေးပေးရန်အတွက် သဘောတူညီမှု ရရှိထားပြီဖြစ်သည်။
.
Google သည် Pixel 4 ကို အသုံးပြုခဲ့သည့် ကိုယ်တွေ့ အတွေ့အကြုံများကို ရေဒီယို လေလှိုင်းတွင် ထုတ်လွှင့်ရန် ကြော်ငြာခများ ပေးခဲ့သည်။ ၎င်းကြော်ငြာကို ကြိမ်ရေ ၂၃,၀၀၀ ထုတ်လွှင့်ခဲ့သည်၊ ထို့အတွက် ဩဇာရှင်များ influencers ကို သုံးစွဲရန်အတွက် အမေရိကန်နိုင်ငံ၏ အကြီးဆုံး ရေဒီယို အသံလွှင့်လုပ်ငန်း iHeartMedia က စီစဉ်ပေးခဲ့ပြီး Google ထံမှ အခကြေးငွေ ရယူခဲ့သည်၊ ဩဇာရှင်တို့က Pixel 4.ကောင်းကြောင်း ပြောဆိုကြသော်လည်း အကယ်စင်စစ် Pixel 4 စမတ်ဖုန်းကို တစ်ခါမှ မသုံးခဲ့ကြဖူးချေ။
Google က ကြော်ငြာတွင် ပြောဆိုရမည့် စကားများကို ဩဇာရှင်တို့ထံ ပေးပို့ခဲ့သည်။ ၎င်းစကားများကို ပြောဆိုပေးခြင်းဖြင့် ဩဇာရှင်တို့က အခကြေး ရရှိကြသည်။
ထိုအစီအစဉ်အတွက် iHeartMedia သည် Google ထံမှ စမတ်ဖုန်းများ လက်ခံရရှိခြင်း မရှိသောကြောင့် ဩဇာရှင်တို့ကို အစမ်းပေးသုံးဖို့ အခွင့်မသာခဲ့ချေ။
ထိုသို့ အလိမ်အညာ PIXEL 4 ကြော်ငြာခဲ့သည့်အတွက် ဒဏ်ကြေး ကန်ဒေါ်လာ ၉.၄ သန်း ပေးဆောင်ရသည့်အပြင် တရားရုံးစရိတ်အပါအဝင် စရိတ်စကများအတွက် ကန်ဒေါ်လာ ၁.၅၈ သန်း ကိုလည်း Google ပေးသွင်းရသည်။
Source gizchina
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U