-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်စီးပွားရေးလုပ်ငန်းတွင် Digital Marketing ကို အသုံးပြုသင့်သည့်အချက်များ

သင့်စီးပွားရေးလုပ်ငန်းတွင် Digital Marketing ကို အသုံးပြုသင့်သည့်အချက်များ Google

၂၁ ရာစုမှာ Digital လောကဟာ အရှိန်အဟုန်အပြည့်နှင့် တိုးတက်နေပါတယ်။ ယခင်က စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် Traditional Marketing လုပ်ဆောင်ချက်များကို အသုံးပြုမှုလျော့နည်းလာကာ Digital Marketing လောကသို့ တစ်စထက်တစ်စဝင်ရောက်လာပါတယ်။

သုတေသနတွေ့ရှိချက်အရ Digital Marketing နှင့် ပတ်သက်သည့် Advertising လုပ်ငန်းများတွင် ပိုမိုငွေ အသုံးပြုမှုရှိလာခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနှင့် မိမိတို့၏ Customer Awareness, Brand Recognition, Customer Engagement များ တိုးတက်စေရန်အတွက် Digital Marketing ကို အသုံးပြုသင့်သည့်အချက်များစွာရှိပါတယ်။

ထိုအချက်များကို အောက်တွင်ဆက်လက်ဖော်ပြထားပါတယ်

Ko-Latt(Thukhawaddy)-(Press,-Offset,-Printers)_0124.png

1. Target Customer ကို အလွယ်တကူချဉ်းကပ်နိုင်ခြင်း

Traditional Advertising နှင့် Digital Advertising တွင် ကွာခြားချက်များစွာရှိပါတယ်။ သို့ သော်လည်း အဓိက ကွာခြားချက်တစ်ခုမှာ Digital Marketing က မိမိ၏ အဓိက Customer ကို Target ပြုလုပ်၍ Advertising ကြေညာနိုင်ခြင်းဖြစ်သည်။ ဥပမာ - သင့်စီးပွားရေးက အစားအသောက် ရောင်းချသည့်လုပ်ငန်းဖြစ်နေလျှင် အစားအသောက်ကို စိတ်ဝင်စားသည့် လူတစ်စုကိုသာ အဓိက Target ထား၍ ကြော်ငြာနိုင်ခြင်းဖြင့် ပိုမိုထိရောက်သည့် ရလဒ်များရရှိနိုင်သည်။

2. Mind Awareness အလွယ်တကူရရှိနိုင်ခြင်း

ဥပမာအားဖြင့် သင်၏ customer က ဖိနပ်ကြိုက်သူတစ်ဦးဆိုပါစို့။ Customer က ဖိနပ်ရောင်းသည့် website ထဲဝင်၍ ဝယ်ယူချင်သည့် ဖိနပ်ကို ဝင်ရောက်ကြည့်ရှုခဲ့သော်လည်း မဝယ်ယူဘဲ website မှ ပြန်လည်ထွက်ခွာသွားသည့်အခါမျိုးရှိတတ်ပါတယ်။ ထိုအချိန်အခါမျိုးတွင် Digital Marketing ၏ အကူအညီဖြင့် customer ဆက်လက်ဝင်ရောက်သော Website များ၏ ဘေးဖက်တွင် Related Site Ads များအဖြစ် ဝင်ရောက်ကြေငြာကာ Customer ကို ဝယ်ယူချင်စိတ် သို့မဟုတ် မိမိ Website အတွင်းသို့ ပြန်လည်ဝင်ရောက်ချင်စိတ်အစရှိသော Mind Awareness များ ပြုလုပ်၍ ပြန်လည်ဆွဲဆောင်နိုင်ပါတယ်။

Paragu(Paper-Mills)_0484.png

3. ရလဒ်ကို အလွယ်တကူတိုင်းတာနိုင်ခြင်း

Traditional Marketing နှင့် Digital Marketing ၏ နောက်ဆက်တွဲ ခြားနားသည့်အချက်မှာ Marketing Effectiveness နှင့် Marketing Result ကို လွယ်ကူစွာ တိုင်းတာနိုင်ခြင်းဖြစ်သည်။ Digital Marketing မှ တစ်ဆင့် မိမိ ပြုလုပ်ခဲ့သော Marketing Compaign ကို React လုပ ်သည့် အရေအတွက်၊ Like အရေအတွက်၊ Share အရေအတွက်၊ အစရှိသည်များကို အတိအကျတွေ့ရှိနိုင်သည့်အပြင် Traffic Sources များကိုပါ အလွယ်တကူရှာဖွေနိုင်ကာပိုမိုထိရောက်သည့်နေရာတွင် ရင်းနှီးမြှုပ်နှံနိုင်ပါသည်။

Digital Marketing အသုံးပြု၍ ပိုမိုထိရောက်အောင်မြင်သော ရလဒ်များရရှိနိုင်ကြပါစေ။

By Myanmar Advertising Guide

Ref: Blog

ngjin-hua-packaging-printing-co-ltd-.png

Read times
Rate this item
(0 votes)