-->
×
Warning
JUser: :_load: Unable to load user with ID: 29
Bar Code အကြောင်းသိကောင်းစရာ Google
1. Discrete
2. Continuous
Sale & Marketing ကွဲပြားခြားနားပုံ
883 ဆိုလျင် Myanmar ပါ
Code 39
Code 128
Image may contain: text
Image may contain: text
Cinema Halls(ရုပ်ရှင်ရုံများ(၃၇)ခုကိုရှာရန်နှိပ်ပါ၊)
>>> Unicode <<<
Bar Code အကြောင်းသိကောင်းစရာ
-----------
ဒီနေ့ ခေတ်မှာ Barcode ကို လူတိုင်းထိတွေ့နေကြရပါတယ်။Supermarket တွေ store ဆိုင်တွေ မှာ ဈေးဝယ်ရင် Barcode အသုံးပြုတာတွေ့ရသလို ကုန်ပစ္စည်း တော်တော်များများမှာလည်း Barcode တွေပါကြပါတယ်။
Barcode ကို ဈေးဝယ် Centre တွေ အပြင် ကျောင်းတွေ ဆေးရုံတွေ ကစားကွင်းတွေ စသည်ဖြင့် နေရာတိုင်းမှာ အသုံးပြုတာကို တွေ့ကြရမှာပါ
Barcode တွေမှာ ဒေါင်လိုက်မျဉ်းတွေ ကဏာန်းတွေ နဲ့ အက္ခရာတွေကို တွေ့ကြရပါပါတယ်
၎င်း Barcode မှာ ပါတဲ့ ဒေါင်လိုက်မျဉ်းတွေရဲ့ အကျဉ်းအကျယ် တွေက သူ့မှာပါတဲ့ Data တွေကို ကိုယ်စားပြုပါတယ်အဲ့ဒီ့မျဉ်းတွေကို barcode scanner လို့ခေါ်တဲ့ လေဆာတန်းနဲ့ data တွေကိုဖတ်ပါတယ်
Barcode ကို 1951 မှာ Norman Joseph Woodland and Bernard Silver တို့ က တီထွင်ခဲ့ပါတယ်။
1970 မှာ National Association of Food Chains (NAFC) က US မှာ ရှိတဲ့ Supermarket တွေ အတွက် Universal Product Code သတ်မှတ်နိုင်ရေးအတွက် ကော်မတီတစ်ခုဖွဲ့စည်းခဲ့ပါတယ်။
1974 မှာ Universal Product Code ကို Public ကို စတင်မိတ်ဆတ်ခဲ့ပြီး Troy, Ohio မှာရှိတဲ့ Supermarket တစ်ခုမှာ စတင်အသုံးပြုခဲ့ပါတယ်။
ပုံ ( ၁ ) မှာ Barcode တစ်ခုရဲ့ ပုံစံကို တွေ့မြင်ရမှာပါ။
Barcode မှာ Quiet Zone လို့ခေါ်တဲ့ margin နေရာလွတ်တွေ Barcode သင်္ကေတတွေပါဝင်ပါတယ်
တစ်နေရာနဲ့ တစ်နေရာ လုပ်ငန်းတစ်ခုနဲ့တစ်ခု Barcode အသုံးပြုပုံတွေမတူညီကြပါဘူး။ တစ်ချို့ လုပ်ငန်းကြီးတွေကတော့ ပိုများတဲ့ ပိုရှည်တဲ့ barcode တွေကိုသုံးကြပါတယ်။
Barcode မှာ ပါတဲ့ နံပါတ်တစ်ခုချင်းစီက လည်း အဓိပ္ပယ်ရှိကြပါတယ်။ ဥပမာ −
0 (Zero) နဲ့ စရင် UPC number ကို ဆိုလိုပါတယ်။
1 နဲ့ စရင် အလေးချိန်နဲ့ ရောင်းတဲ့ ပစ္စည်း ကို ဆိုလိုပါတယ်။
3 နဲ့ စရင် ဒါ ကဆေးဝါးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းလို့ သိကြပါတယ်။
Barcode သင်္ကေတ မှာ အဓိကအားဖြင့် ( ၂ ) ပိုင်းရှိပါတယ်။
1. Discrete
2. Continuous
Discrete barcode ဆိုတာ ကဏန်းတစ်လုံး သို့ စာသား တစ်လုံးချင်းစီ ကို Space တွေနဲ့ခြားထားပါတယ်။ Discrete Barcode မှာ Character တစ်ခုချင်းစီက separate ခွဲခြားထားပြီး သူတို့ကို scan ဖတ်ရင်လည်း Char တစ်ခုချင်းစီကို interpret လုပ်ပါတယ်
No photo description available.
ပုံ ( ၂ ) ကို ကြည့်လျင် Discrete ပုံစံ Barcode ကို တွေ့ရမှာ ဖြစ်ပါတယ်
Continuous Barcode ဆိုတာ ကဏာန်း သို့ စာသား တစ်ခုချင်း ကို တိကျ သေချာစွာ မခြားထားပါဘူး။ Continuous Barcode ကို Scan ဖတ်တဲ့ အခါ Character တွေကို ခွဲဖတ်လို့မရပဲ အားလုံးတစ်တန်းတည်း အတူတူဖတ်ရတာဖြစ်ပါတယ်
No photo description available.
ပုံ ( ၃ ) ကို ကြည့်လျင် Continuous ပုံစံ Barcode ကို တွေ့ရမှာ ဖြစ်ပါတယ်
Discrete Barcode တွေက ရှင်းလင်းပြတ်သားပြီး Scan ဖတ်ရတာလွယ်ကူပါတယ်။ Quality သိပ်မကောင်းတဲ့ printer တွေနဲ့ ထုတ်ရင်တောင် ဖတ်လို့ရနိုင်ပါတယ်။ သို့ပေမယ့် space တွေပိုပါတဲ့ အတွက် စာရွက်တော့ပိုကုန်နိုင်ပါတယ်။
Continuous Barcode ကတော့ နေရာစားသတ်သာတယ်။ သို့ပေမယ့် Discrete လောက်တော့ ရှင်းလင်းပြတ်သတ်မှုသိပ်မရှိနိုင်ပါဘူး။
Barcode တွေကလည်း ပုံစံအမျိုးမျိုးရှိပါတယ်။ အဲ့ဒီ့ထဲက အချို့ ကတော့
UPC (Universal Product Code)
UPC Barcode ကို US နဲ့ Canada မှာ အများဆုံးအသုံးပြုပါတယ်။ သူ့မှာ Country Code မပါပါဘူး။ သူ့မှာ 12 digit ပါပါတယ်။ ပထမ ကဏာန်း ၆ လုံးက ကုန်ပစ္စည်းထုတ်လုပ်သူကို ရည်ညွှန်းပြီး နောက် ၅ လုံးက ကုန်ပစ္စည်းရဲ့ number ကို ကိုယ်စားပြုပါတယ်။ နောက်ဆုံးအလုံးကတော့ Check Digit လို့ခေါ်ပါတယ်။
Image may contain: stripes
ပုံ ( ၄ ) မှာ UPC Barcode ပုံစံကို ဖော်ပြထားပေးပါတယ်
EAN (European Article Number)
EAN ကလည်း UPC ပေါ်မှာပဲ အခြေခံထားပြီး ဥရောပ Standard ဖြစ်ပြီး တစ်ကမ္ဘာလုံး အသုံးများပါတယ်။ EAN13 မှာ ကဏာန်း 13 လုံးပါပြီး EAN8 မှာ ကဏာန်း 8 လုံးပါပါတယ်။ EAN မှာ အပိုင်း ( ၃ ) ပိုင်းပါဝင်ပြီး နောက်ဆုံးမှာ Check Digit ပါဝင်ပါတယ်။
ပထမ အပိုင်းက Country Code ပါ။
ဒုတိယ အပိုင်းမှာ ထုတ်လုပ်သူ ရဲ့ Code ပါဝင်ပြီး
တတိယအပိုင်းမှာ ကုန်ပစ္စည်းရဲ့ Code no ပါဝင်ပါတယ်။ နောက်ဆုံးမှာတော့ Check Digit ပါ။
No photo description available.
ကားသော့ ရှိယုံဖြင့် ဘီယာ တစ်ဗူးသောက်နိုင်မည့် အခွင့်အရေး
ပုံ ( ၅ ) မှာ EAN Barcode ပုံစံ ဖော်ပြထားပေးပါတယ်
EAN မှာ ရှေ့ ဆုံး အပိုင်းက ထုတ်လုပ်တဲ့ နိုင်ငံရဲ့ Code ဖြစ်ပါတယ်
49 ဆိုလျင် Japan ဖြစ်ပြီး
883 ဆိုလျင် Myanmar ပါ
No photo description available.
အောက်က ပုံ ( ၆ ) မှာ အမျိုးအစား မတူတဲ့ ကုန်ပစ္စည်း ၂ ခု ရဲ့ Barcode ကို ဖော်ပြထားပေးပါတယ်
၎င်းပုံမှာ ရှေ့ ၂ လုံးကို ကြည့်လိုက်လျင် Japan နိုင်ငံက ထုတ်လုပ်တာသိနိုင်ပြီး နောက် ၅ လုံးက ကုမ္ပဏီ တစ်ခုတည်းက ထုတ်လုပ်တယ်ဆိုတာ သိနိုင်ပါတယ်
Code 39
Code 39 ကတော့ ပထမဆုံး အက္ခရာတွေ စအသုံးပြုခဲ့တဲ့ စနစ်ဖြစ်ပါတယ်။ Code 39 မှာ
A-Z letter တွေ 0-9 number တွေ Space နဲ့ Special Character (− . $ / + %) တွေပါဝင်ပါတယ်။
Code 128
Code 128 ကတော့ Continuous ASCII code 0 – 127 code တွေပါဝင်ပါတယ်။ Code 128 မှာ Character တစ်လုံးက 3 bar and 3 space ကို ကိုယ်စားပြုပါတယ်။
Code 128 က EAN လို Checksum နဲ့ မဆုံးပဲ Stop Code နဲ့ဆုံးပါတယ်။
Image may contain: text
ပုံ ( ၇ ) မှာ Code 128 ပုံစံ Barcode ကို ဖော်ပြထားပေးပါတယ်
ဒါတွေကတော့ Barcode အကြောင်း တစ်ချို့နဲ့ အသုံးများ တဲ့ Barcode ပုံစံအချို့တို့ပဲဖြစ်ပါတယ်
Image may contain: text
Reference Source: wiki and online source
Myanmar Advertising Directory
Read times
Rate this item
(1 Vote)