-->
×
Warning
JUser: :_load: Unable to load user with ID: 29
အရောင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့ တတ်ထားရမဲ့ အချက် ( ၁၀ ) ချက်
အရောင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့ တတ်ထားရမဲ့ အချက် ( ၁၀ ) ချက် google
အရောင်းထွက်နည်း စိတ်ပညာလှဲ့ကွက်အချို့
<<<Unicode>>>
လုပ်ငန်းရှင်တွေ ၊ မန်နေဂျာတွေမျှော်လင့်ထားတာက “အရောင်းသမား” မဟုတ်ပါဘူး။ “အရောင်းသမားကောင်း” ပါ။
“အရောင်းဝန်ထမ်းကောင်းဖြစ်ဖို့ ဘာတွေလုပ်တတ်ရသလဲ” ကို ပြောပြချင်ပါတယ်။ ဘာတွေလုပ်ရသလဲ ဆိုတာကတော့ အဖွဲ့အစည်း ၊ ကုန်ပစ္စည်း ၊ လုပ်ငန်းသဘာဝ နဲ့ ရုံးကသတ်မှတ်ပေးတဲ့ Job Description မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
ဒါဆို အများအားဖြင့် ဘာတွေလုပ်ရမှာလဲဆိုရင်တော့ အောက်က အချက် (၁၀) ချက်ကို လုပ်တတ်ရပါမယ်။
(၁) ကိုယ်ရောင်းနေတဲ့ ပစ္စည်းနဲ့ပတ်သက်ပြီး လုံးစေ့ပတ်စေ့ သိထားတတ်ထားရပါမယ်။
(၂) Customer အကြောင်းနဲ့ သူ့ရဲ့လိုအပ်ချက်တွေကို သိအောင်လုပ်တတ်ရမယ်။
(၃) ထိထိရောက်ရောက် ရောင်းချပြီး ကိုယ့်ပစ္စည်းနဲ့အရောင်းကို Promote လုပ်တတ်ရပါမယ်။
(၄) Customer Service နဲ့ တစ်ခြားသော လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ Service တွေပေးတတ်ရပါမယ်။
ကိုယ့်ဆိုင်က ပစ္စည်းတွေကို အရောင်းသွက်ဖို့ သိထားသင့်တဲ့ အချက်များ
(၅) ယုံကြည်မှုကိုအခြေခံတဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်တတ်ရပါမယ်။
(၆) သတင်းအချက်အလက်တွေကို ကောက်ယူ စုစည်း တင်ပြတတ်ရပါမယ်။
(၇) အချိန်ကိုစီမံပြီး ဦးစားပေးလုပ်ဆောင်ရမဲ့ ကိစ္စတွေကို ချမှတ်တတ်ရပါမယ်။
(၈) စည်းကမ်းနဲ့နေတတ်ရပါမယ်။
(၉) အမိန့်နာခံတတ်ဖို့လိုပါတယ်။
(၁၀) တာဝန်ယူတတ်ဖို့လိုပါတယ်။
သင့်မှာ အဲ့ဒီ ၁၀ ချက်လုံးသာ ပြည့်စုံနေရင်သင်က လုပ်ငန်းရှင်တွေ ၊ မန်နေဂျာတွေမျှော်လင့်ထားတဲ့ အရောင်းသမားကောင်း တစ်ယောက်ဆိုတာမလွဲ ဧကန်ပါပဲ။
Source:Kyaw Win  Htyun
Myanmar Advertising Directory 
Read times
Rate this item
(0 votes)