လူေတြဟာ ကိုယ္ဘာဝယ္မလဲဆိုတာကို ကိုယ့္ဘာသာကိုယ္ လြတ္လြတ္လပ္လပ္ ဆံုးျဖတ္ေနတာပဲလို့ ထင္ထားျကေပမယ့္ တကယ္တမ္းမွာ အေရာင္းသမား (marketer) ေတြရဲ့ မသိမသာ လႊမ္းမိုးေစစားတာကို ခံေနျကရတာပါ။
လူ့ဦးေနွာက္ရဲ့ ဆင္ျခင္နိုင္စြမ္းအားဟာ အင္မတန္ျမင့္မားပါတယ္။ ဒါေပမယ့္ သတိျကီးျကီးထားရမယ့္ အားနည္းခ်က္တခ်ို့ရိွပါတယ္။ သတင္းအခ်က္အလက္မ်ားစြာကို ျခံုငံုစဥ္းစားဖို့လိုအပ္တဲ့ အေျခအေနမ်ိုးမွာ ေသေသခ်ာခ်ာ အခ်ိန္ယူစဥ္းစားတာကို မလုပ္ေတာ့ဘဲ ျဖတ္လမ္းနည္းလိုက္ျပီး ရုတ္ခ်ည္းဆံုးျဖတ္ခ်က္ခ်တာမ်ိုးကို က်ေနာ္တို့ရဲ့ ဦးေနွာက္ေတြဟာ လုပ္ေလ့ရိွပါတယ္။
မားကတ္တင္းသမားေတြ၊ အေရာင္းသမားေတြ သံုးေလ့ရိွတဲ့ စိတ္ပညာလွည့္ကြက္ ေလးခုကို တင္ျပပါမယ္။
(၁) Priming (ပရိုင္းမင္း)
Priming ဆိုတာ အရာတခုကို ထိေတြ့ထားျခင္းရဲ့ သက္ေရာက္မႈေျကာင့္ ေနာက္အရာတခုကို ထိေတြ့တဲ့အေပၚတုန့္ျပန္မႈ ေျပာင္းသြားတာမ်ိုးကို ဆိုလိုပါတယ္။ ဥပမာ၊ "ကမ္းေျခ" ဆိုတဲ့ စကားလံုးကို အရင္ ျကားျပီးမွ "အပမ္းေျဖခရီးထြက္ျခင္း" ဆိုတဲ့စကားလံုးျကားရတဲ့ ခံစားမႈဟာ "အသြားအလာခက္ျခင္း" ဆိုတဲ့ စကားလံုးကို အရင္ျကားျပီးမွ "အပမ္းေျဖခရီးထြက္ျခင္း" ဆိုတဲ့စကားလံုးျကားရတဲ့ ခံစားမႈထက္ အမ်ားျကီး ပိုေကာင္းပါတယ္။
ဒီသက္ေရာက္မႈကို အေရာင္းသမားေတြဟာ ဝယ္သူရဲ့အားရံုစိုက္မႈကို လမ္းေျကာင္းေပးတဲ့ေနရာမွာ အသံုးခ်ျကပါတယ္။
၂၀၀၂ ခုနွစ္က လုပ္ခဲ့တဲ့ ေလ့လာမႈတခုအရ ကားေရာင္းတဲ့ အင္တာနက္စာမ်က္နွာ (webpage) တခုရဲ့ ေနာက္ခံဒီဇိုင္းကို အစိမ္းေရာင္ေပၚမွာ အေျကြေစ့ေလးေတြ ျဖန့္က်ဲထားတဲ့ပံုလုပ္ထားရင္ ဝယ္သူေတြဟာ ေစ်းနႈန္းနဲ့ပတ္သက္တဲ့ အခ်က္အလက္ေတြကို ဦးစားေပးဖတ္ရႈျပီး ေနာက္ခံကို အနီေရာင္ မီးေတာက္မီးလွ်ံပံုလုပ္ထားရင္း ဝယ္သူေတြဟာ အနၲရာယ္ကင္းရွင္းေရး (safety) နဲ့ပတ္သက္တဲ့ အခ်က္အလက္ေတြကို အသားေပးဖတ္ရႈျကတာကို ေတြ့ရပါတယ္။
(၂) The Decoy effect (ေထာင္ေျခာက္ဆင္ျမူဆြယ္ျခင္း)
ေရြးစရာသံုးေလးမ်ိုးေလာက္ခ်ျပျပီး ဝယ္သူေတြ ေစ်းအျကီးဆံုးကို ဝယ္ေအာင္လုပ္တဲ့ေနရာမွာ ဒီနည္းကို သံုးေလ့ရိွျကပါတယ္။
ဥပမာ၊ The Economist မဂၢဇင္းကို အပတ္စဥ္ပံုမွန္ဝယ္ဖတ္ဖို့ ေရြးခ်ယ္စရာနည္းလမ္း ၃ ခုေပးထားပါတယ္။
ေရြးစရာ (၁) - အြန္လိုင္းဖတ္မယ္ဆိုရင္ တနွစ္ကို $၅၉ ပါ။
ေရြးစရာ (၂) - ပံုနိွပ္မဂၢဇင္းယူမယ္ဆိုရင္ တနွစ္ကို $၁၂၅ ပါ။
ေရြးစရာ (၃) - အြန္လိုင္း+ပံုနိွပ္ ယူရင္ တနွစ္ကို $၁၂၅ ပါ။
စမ္းသပ္ခ်က္တခုမွာ ေက်ာင္းသား ၁၀၀ ကို အထက္က ေရြးခ်ယ္စရာ ၃ မ်ိုးလံုးကို ခ်ျပေတာ့ အမ်ားစုက နံပါတ္ ၃ ကို ေရြးခ်ယ္ျကပါတယ္။ သူတို့ရဲ့အျမင္မွာ နံပါတ္ ၃ က အတန္ဆံုးလို့ ခံစားရပါတယ္။
ဒါေပမယ့္ ေက်ာင္းသားေတြကို နံပါတ္ (၁) နဲ့ နံပါတ္ (၃) နွစ္မ်ိုးကိုပဲ ေရြးခ်ယ္ခြင့္ ေပးတဲ့အခါက်ေတာ့ အမ်ားစုဟာ (၃) ကို မေရြးေတာ့ဘဲ ေစ်းအနည္းဆံုး (၁) ကို ေရြးျကပါတယ္။
အထက္က စမ္းသပ္ခ်က္ကို ျကည့္ရင္ ေရြးစရာ (၂) ကို "တယ္ျကက္" အျဖစ္ထည့္ထားျပီး ေရြးစရာ (၃) ကို လူေတြဝယ္ျဖစ္ေအာင္ ျမူဆြယ္ထားတယ္ဆိုတာကို ျမင္နိုင္ပါတယ္။
သင္ခန္းစာကေတာ့ "တန္တယ္ထင္တိုင္းလည္း စြတ္မဝယ္ပါနဲ့။ ကိုယ္တကယ္လိုအပ္မွ လိုအပ္သေလာက္ကိုပဲ ဝယ္ပါ။"
ကိုယ့္ဆိုင္က ပစၥည္းေတြကို အေရာင္းသြက္ဖို႔ သိထားသင့္တဲ့ အခ်က္မ်ား
(၃) The illusion of scarcity (ရွားပါးတယ္လို့ ထင္ေအာင္လုပ္ျခင္း)
ရွားပါးတဲ့ပစၥည္းကိုမွ ပိုလိုခ်င္ျကတာ လူ့သဘာဝပါ။ ပစၥည္းတခုကို တကယ္မရွားလဲ ရွားတယ္လို့ လူေတြထင္ေအာင္လုပ္နိုင္ရင္ ပိုေရာင္းေကာင္းပါတယ္။
ဥပမာ၊ ေလယ်ဥ္လက္မွတ္ ၃ ေစာင္ပဲက်န္ပါေတာ့့တယ္လို့ ေျကျငာလိုက္ရင္ ျမန္ျမန္ဝယ္ထားမွျဖစ္မယ္ဆိုတဲ့ ဖိအားဟာ ျဖစ္လာတာပဲ။ တိုက္ခန္းတို့၊ ကြန္ဒိုတို့ ဝယ္ဖို့စံုစမ္းတဲ့အခါ "ေရႊတိဂံုဘုရားကို ျမင္ရတဲ့အခန္းကေတာ့ တခန္းပဲ က်န္ပါေတာ့တယ္။ ဦးရာလူ ရပါမယ္။" လို့ ပြဲစားေတြ ေျပာတာျကားဖူးျကမွာပါ။
စမ္းသပ္မႈတခုမွာ တေထရာတည္းတူတဲ့ မုန့္ဘူးနွစ္ဘူးထဲကို တေထရာတည္းတူတဲ့မုန့္ ၁၀ ခ်ပ္နဲ့ ၂ ခ်ပ္စီခြဲထည့္ျပီး လူအေယာက္ ၂၀၀ ကို ျပျကည့္ေတာ့ ၂ ခ်ပ္တည္းပါတဲ့ မုန့္ဘူးထဲကမုန့္ကို ပိုတန္ဖိုးရိွတယ္လို့ အကဲျဖတ္ျကတာကို ေတြ့ရပါတယ္။
အိုင္ဖုန္းအသစ္ထြက္တိုင္း ျကိုတင္အမွာစာ (pre-order) ပို့ရတာေတြ၊ လူတန္းရွည္ျကီးထဲ ရပ္ေစာင့္ရတာေတြ ျဖစ္ေလ့ရိွပါတယ္။ ဒါဟာ အိုင္ဖုန္းအသစ္ရဖို့မလြယ္ဘူးလို့ လူေတြထင္ေအာင္ လုပ္တဲ့နည္းေတြျဖစ္ပါတယ္။ တကယ္ေတာ့ ဝယ္လိုအားဘယ္ေလာက္ရိွမလဲဆိုတာ အဲပယ္ကုမၸဏီက အနီးစပ္ဆံုး ျကိုတင္မွန္းဆနိုင္ပါတယ္။
ပစၥည္းတခုကို ရွားပါးတယ္လို့ လူေတြထင္လာရင္ ျမန္ျမန္လည္း ဝယ္ျကတယ္၊ ပိုပိုသာသာလည္း ဝယ္ျကတယ္လို့ ဟားဗတ္ပေရာ္ဖက္ဆာ John Quelch က ဆိုပါတယ္။
(အိမ္ေထာင္ဖက္ေရြးရာမွာလည္း အျခားတေယာက္ေနာက္ပါေတာ့မယ္ထင္ရင္ ျမန္ျမန္လက္ထပ္ခြင့္ ေတာင္းတတ္ျကပါတယ္။
(၄) Loss Aversion (စြန့္လြတ္ရမွာကို ေျကာက္ျခင္း)
လူေတြဟာ မရိွေသးတာ ရဖို့ထက္၊ ရိွျပီးသားဟာ လက္မလြတ္ဖို့ကို ပိုအေလးေပးျကပါတယ္။
စမ္းသပ္မႈတခုမွာ လူေတြကို သံုးစုခြဲျပီး တစုကို မတ္ခြက္ (mug)၊ ေနာက္တစုကို ေခ်ာကလက္ေပးျပီး ေနာက္ဆံုးတစုကို ဘာမွမေပးပဲ ထားပါတယ္။ ျပီးေတာ့ သူတို့ရထားတာေတြကို ဖလွယ္ခ်င္ရင္ ဖလွယ္နိုင္တယ္လို့ ေျပာပါတယ္။ ေတြ့ရိွခ်က္က -
မတ္ခြက္ရထားသူစုစုေပါင္းရဲ့ ၈၆% က သူတို့ရထားတဲ့ မတ္ခြက္ကို လက္မလႊတ္လိုပါဘူး။
ေခ်ာကလက္ရထားသူစုစုေပါင္းရဲ့ ၁၀% ကပဲ မတ္ခြက္ကို အလိုရိွပါတယ္။
ဘာမွမရသူစုစုေပါင္းရဲ့ ၅၀% ကပဲ မတ္ခြက္ကို အလိုရိွပါတယ္။
ဒါက ဘာကိုျပသလဲဆိုရင္ မတ္ခြက္ရထားသူေတြဟာ မတ္ခြက္မရသူေတြထက္ မတ္ခြက္အေပၚမွာ ပိုတန္ဖိုးထားတယ္ဆိုတာပါပဲ။
ဒီလူ့စိတ္သဘာဝကို အသံုးခ်တဲ့အေနနဲ့ ကုမၸဏီေတြဟာ အစမ္းသံုးခြင့္ေပးေလ့ရိွပါတယ္။ တီဗီရိႈးေတြ streaming လုပ္တဲ့ Netflix ကို တလတိတိ အလကားျကည့္လို့ရပါတယ္။ သီခ်င္းေတြ အြန္လိုင္းလြင့္တဲ့ Spotify ကို တလတိတိ အလကားနားေထာင္လို့ရပါတယ္။ စာအုပ္ေတြ ကို တစ္လတိတိ online ကေန အလကားဖတ္လို့ရပါတယ္။ ျကိုက္လို့ ဆက္ယူမယ္ဆိုရင္ေတာ့ လစဥ္ေျကးေပးရပါတယ္။ တစ္လေလာက္ ခံစားျပီးသြားရင္လည္း ျကိုက္သြားတာမ်ားပါတယ္။ လက္လြတ္မခံခ်င္ေတာ့ပါဘူး။
စီးကရက္ေတြ၊ ဘီယာေတြ အသစ္ထြက္လာရင္ အလကားေပးျကတာဟာ ဒီသေဘာပါပဲ။
အေရာင္းထြက္နည္း စိတ္ပညာလွည့္ကြက္ေတြ အမ်ားျကီးရိွပါေသးတယ္။ သိထားရင္ အက်ိုးရိွပါတယ္။ "Knowledge is power." လို့ ဆိုျကတယ္မဟုတ္ပါလား။
Ref : W&A Business and Financeအေရာင္းထြက္နည္း စိတ္ပညာလွဲ့ကြက္အခ်ိဳ႕
<<<Unicode
လူတွေဟာ ကိုယ်ဘာဝယ်မလဲဆိုတာကို ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ဆုံးဖြတ်နေတာပဲလို့ ထင်ထားကြပေမယ့် တကယ်တမ်းမှာ အရောင်းသမား (marketer) တွေရဲ့ မသိမသာ လွှမ်းမိုးစေစားတာကို ခံနေကြရတာပါ။
လူ့ဦးနှောက်ရဲ့ ဆင်ခြင်နိုင်စွမ်းအားဟာ အင်မတန်မြင့်မားပါတယ်။ ဒါပေမယ့် သတိကြီးကြီးထားရမယ့် အားနည်းချက်တချို့ရှိပါတယ်။ သတင်းအချက်အလက်များစွာကို ခြုံငုံစဉ်းစားဖို့လိုအပ်တဲ့ အခြေအနေမျိုးမှာ သေသေချာချာ အချိန်ယူစဉ်းစားတာကို မလုပ်တော့ဘဲ ဖြတ်လမ်းနည်းလိုက်ပြီး ရုတ်ချည်းဆုံးဖြတ်ချက်ချတာမျိုးကို ကျနော်တို့ရဲ့ ဦးနှောက်တွေဟာ လုပ်လေ့ရှိပါတယ်။
မားကတ်တင်းသမားတွေ၊ အရောင်းသမားတွေ သုံးလေ့ရှိတဲ့ စိတ်ပညာလှည့်ကွက် လေးခုကို တင်ပြပါမယ်။
(၁) Priming (ပရိုင်းမင်း)
Priming ဆိုတာ အရာတခုကို ထိတွေ့ထားခြင်းရဲ့ သက်ရောက်မှုကြောင့် နောက်အရာတခုကို ထိတွေ့တဲ့အပေါ်တုန့်ပြန်မှု ပြောင်းသွားတာမျိုးကို ဆိုလိုပါတယ်။ ဥပမာ၊ "ကမ်းခြေ" ဆိုတဲ့ စကားလုံးကို အရင် ကြားပြီးမှ "အပမ်းဖြေခရီးထွက်ခြင်း" ဆိုတဲ့စကားလုံးကြားရတဲ့ ခံစားမှုဟာ "အသွားအလာခက်ခြင်း" ဆိုတဲ့ စကားလုံးကို အရင်ကြားပြီးမှ "အပမ်းဖြေခရီးထွက်ခြင်း" ဆိုတဲ့စကားလုံးကြားရတဲ့ ခံစားမှုထက် အများကြီး ပိုကောင်းပါတယ်။
ဒီသက်ရောက်မှုကို အရောင်းသမားတွေဟာ ဝယ်သူရဲ့အားရုံစိုက်မှုကို လမ်းကြောင်းပေးတဲ့နေရာမှာ အသုံးချကြပါတယ်။
၂၀၀၂ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတခုအရ ကားရောင်းတဲ့ အင်တာနက်စာမျက်နှာ (webpage) တခုရဲ့ နောက်ခံဒီဇိုင်းကို အစိမ်းရောင်ပေါ်မှာ အကြွေစေ့လေးတွေ ဖြန့်ကျဲထားတဲ့ပုံလုပ်ထားရင် ဝယ်သူတွေဟာ ဈေးနှုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဦးစားပေးဖတ်ရှုပြီး နောက်ခံကို အနီရောင် မီးတောက်မီးလျှံပုံလုပ်ထားရင်း ဝယ်သူတွေဟာ အန္တရာယ်ကင်းရှင်းရေး (safety) နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အသားပေးဖတ်ရှုကြတာကို တွေ့ရပါတယ်။
(၂) The Decoy effect (ထောင်ခြောက်ဆင်မြူဆွယ်ခြင်း)
ရွေးစရာသုံးလေးမျိုးလောက်ချပြပြီး ဝယ်သူတွေ ဈေးအကြီးဆုံးကို ဝယ်အောင်လုပ်တဲ့နေရာမှာ ဒီနည်းကို သုံးလေ့ရှိကြပါတယ်။
ဥပမာ၊ The Economist မဂ္ဂဇင်းကို အပတ်စဉ်ပုံမှန်ဝယ်ဖတ်ဖို့ ရွေးချယ်စရာနည်းလမ်း ၃ ခုပေးထားပါတယ်။
ရွေးစရာ (၁) - အွန်လိုင်းဖတ်မယ်ဆိုရင် တနှစ်ကို $၅၉ ပါ။
ရွေးစရာ (၂) - ပုံနှိပ်မဂ္ဂဇင်းယူမယ်ဆိုရင် တနှစ်ကို $၁၂၅ ပါ။
ရွေးစရာ (၃) - အွန်လိုင်း+ပုံနှိပ် ယူရင် တနှစ်ကို $၁၂၅ ပါ။
စမ်းသပ်ချက်တခုမှာ ကျောင်းသား ၁၀၀ ကို အထက်က ရွေးချယ်စရာ ၃ မျိုးလုံးကို ချပြတော့ အများစုက နံပါတ် ၃ ကို ရွေးချယ်ကြပါတယ်။ သူတို့ရဲ့အမြင်မှာ နံပါတ် ၃ က အတန်ဆုံးလို့ ခံစားရပါတယ်။
ဒါပေမယ့် ကျောင်းသားတွေကို နံပါတ် (၁) နဲ့ နံပါတ် (၃) နှစ်မျိုးကိုပဲ ရွေးချယ်ခွင့် ပေးတဲ့အခါကျတော့ အများစုဟာ (၃) ကို မရွေးတော့ဘဲ ဈေးအနည်းဆုံး (၁) ကို ရွေးကြပါတယ်။
အထက်က စမ်းသပ်ချက်ကို ကြည့်ရင် ရွေးစရာ (၂) ကို "တယ်ကြက်" အဖြစ်ထည့်ထားပြီး ရွေးစရာ (၃) ကို လူတွေဝယ်ဖြစ်အောင် မြူဆွယ်ထားတယ်ဆိုတာကို မြင်နိုင်ပါတယ်။
သင်ခန်းစာကတော့ "တန်တယ်ထင်တိုင်းလည်း စွတ်မဝယ်ပါနဲ့။ ကိုယ်တကယ်လိုအပ်မှ လိုအပ်သလောက်ကိုပဲ ဝယ်ပါ။"
(၃) The illusion of scarcity (ရှားပါးတယ်လို့ ထင်အောင်လုပ်ခြင်း)
ရှားပါးတဲ့ပစ္စည်းကိုမှ ပိုလိုချင်ကြတာ လူ့သဘာဝပါ။ ပစ္စည်းတခုကို တကယ်မရှားလဲ ရှားတယ်လို့ လူတွေထင်အောင်လုပ်နိုင်ရင် ပိုရောင်းကောင်းပါတယ်။
ဥပမာ၊ လေယျဉ်လက်မှတ် ၃ စောင်ပဲကျန်ပါတော့တယ်လို့ ကြေငြာလိုက်ရင် မြန်မြန်ဝယ်ထားမှဖြစ်မယ်ဆိုတဲ့ ဖိအားဟာ ဖြစ်လာတာပဲ။ တိုက်ခန်းတို့၊ ကွန်ဒိုတို့ ဝယ်ဖို့စုံစမ်းတဲ့အခါ "ရွှေတိဂုံဘုရားကို မြင်ရတဲ့အခန်းကတော့ တခန်းပဲ ကျန်ပါတော့တယ်။ ဦးရာလူ ရပါမယ်။" လို့ ပွဲစားတွေ ပြောတာကြားဖူးကြမှာပါ။
စမ်းသပ်မှုတခုမှာ တထေရာတည်းတူတဲ့ မုန့်ဘူးနှစ်ဘူးထဲကို တထေရာတည်းတူတဲ့မုန့် ၁၀ ချပ်နဲ့ ၂ ချပ်စီခွဲထည့်ပြီး လူအယောက် ၂၀၀ ကို ပြကြည့်တော့ ၂ ချပ်တည်းပါတဲ့ မုန့်ဘူးထဲကမုန့်ကို ပိုတန်ဖိုးရှိတယ်လို့ အကဲဖြတ်ကြတာကို တွေ့ရပါတယ်။
အိုင်ဖုန်းအသစ်ထွက်တိုင်း ကြိုတင်အမှာစာ (pre-order) ပို့ရတာတွေ၊ လူတန်းရှည်ကြီးထဲ ရပ်စောင့်ရတာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါဟာ အိုင်ဖုန်းအသစ်ရဖို့မလွယ်ဘူးလို့ လူတွေထင်အောင် လုပ်တဲ့နည်းတွေဖြစ်ပါတယ်။ တကယ်တော့ ဝယ်လိုအားဘယ်လောက်ရှိမလဲဆိုတာ အဲပယ်ကုမ္ပဏီက အနီးစပ်ဆုံး ကြိုတင်မှန်းဆနိုင်ပါတယ်။
ပစ္စည်းတခုကို ရှားပါးတယ်လို့ လူတွေထင်လာရင် မြန်မြန်လည်း ဝယ်ကြတယ်၊ ပိုပိုသာသာလည်း ဝယ်ကြတယ်လို့ ဟားဗတ်ပရော်ဖက်ဆာ John Quelch က ဆိုပါတယ်။
(အိမ်ထောင်ဖက်ရွေးရာမှာလည်း အခြားတယောက်နောက်ပါတော့မယ်ထင်ရင် မြန်မြန်လက်ထပ်ခွင့် တောင်းတတ်ကြပါတယ်။
(၄) Loss Aversion (စွန့်လွတ်ရမှာကို ကြောက်ခြင်း)
လူတွေဟာ မရှိသေးတာ ရဖို့ထက်၊ ရှိပြီးသားဟာ လက်မလွတ်ဖို့ကို ပိုအလေးပေးကြပါတယ်။
စမ်းသပ်မှုတခုမှာ လူတွေကို သုံးစုခွဲပြီး တစုကို မတ်ခွက် (mug)၊ နောက်တစုကို ချောကလက်ပေးပြီး နောက်ဆုံးတစုကို ဘာမှမပေးပဲ ထားပါတယ်။ ပြီးတော့ သူတို့ရထားတာတွေကို ဖလှယ်ချင်ရင် ဖလှယ်နိုင်တယ်လို့ ပြောပါတယ်။ တွေ့ရှိချက်က -
မတ်ခွက်ရထားသူစုစုပေါင်းရဲ့ ၈၆% က သူတို့ရထားတဲ့ မတ်ခွက်ကို လက်မလွှတ်လိုပါဘူး။
ချောကလက်ရထားသူစုစုပေါင်းရဲ့ ၁၀% ကပဲ မတ်ခွက်ကို အလိုရှိပါတယ်။
ဘာမှမရသူစုစုပေါင်းရဲ့ ၅၀% ကပဲ မတ်ခွက်ကို အလိုရှိပါတယ်။
ဒါက ဘာကိုပြသလဲဆိုရင် မတ်ခွက်ရထားသူတွေဟာ မတ်ခွက်မရသူတွေထက် မတ်ခွက်အပေါ်မှာ ပိုတန်ဖိုးထားတယ်ဆိုတာပါပဲ။
ဒီလူ့စိတ်သဘာဝကို အသုံးချတဲ့အနေနဲ့ ကုမ္ပဏီတွေဟာ အစမ်းသုံးခွင့်ပေးလေ့ရှိပါတယ်။ တီဗီရှိုးတွေ streaming လုပ်တဲ့ Netflix ကို တလတိတိ အလကားကြည့်လို့ရပါတယ်။ သီချင်းတွေ အွန်လိုင်းလွင့်တဲ့ Spotify ကို တလတိတိ အလကားနားထောင်လို့ရပါတယ်။ စာအုပ်တွေ ကို တစ်လတိတိ online ကနေ အလကားဖတ်လို့ရပါတယ်။ ကြိုက်လို့ ဆက်ယူမယ်ဆိုရင်တော့ လစဉ်ကြေးပေးရပါတယ်။ တစ်လလောက် ခံစားပြီးသွားရင်လည်း ကြိုက်သွားတာများပါတယ်။ လက်လွတ်မခံချင်တော့ပါဘူး။
စီးကရက်တွေ၊ ဘီယာတွေ အသစ်ထွက်လာရင် အလကားပေးကြတာဟာ ဒီသဘောပါပဲ။
အရောင်းထွက်နည်း စိတ်ပညာလှည့်ကွက်တွေ အများကြီးရှိပါသေးတယ်။ သိထားရင် အကျိုးရှိပါတယ်။ "Knowledge is power." လို့ ဆိုကြတယ်မဟုတ်ပါလား။
Ref : W&A Business and Financeအရောင်းထွက်နည်း စိတ်ပညာလှဲ့ကွက်အချို့