-->
×

Warning

JUser: :_load: Unable to load user with ID: 29


မားကတ်တင်းအကြောင်းအနည်းငယ်

အခုမှ စလုံးရေ...စမယ့်သူပေါ့.....အခု ပထမဆုံး ကျွန်မ လေ့လာဖူးတဲ့ အကြောင်းအရာလေးကို ဝေမျှချင်ပါတယ်....အဲဒါကတော့ Marketing ပါ....Marketing ဆိုတာ နေရာတကာမှာ ရှိပါတယ်....အလုပ်တိုင်း ဆိုင်တိုင်း နေရာတိုင်းဟာ Marketing နဲ့ သက်ဆိုင်ပါတယ်.....Marketing ဆိုတာ မရှိရင် အောင်မြင်မှုဆိုတာ မရနိုင်ပါဘူး......

 

Marketing ရဲ့ အခြေခံ အချက်လေးကနေ စတင်ပါရစေ...Marketing ဟာ P.4 လုံးနဲ့ တည်ဆောက်ထားပါတယ်...Product, Price, Place, Promotion..တို့ပါ...

 

Product မှာ ကိုယ့် product က Quality ကောင်းရမယ်...ဥပမာ ဆေးဆိုရင် အာနိသင် ထိရောက်ရမယ် Side Effect နည်းရမယ်..Expired Date ကျော်လွန်သော ဆေး မဖြစ်ရဘူး.....အစားအသောက် ဆိုရင်လည်း အရသာကောင်းမွန်ရမယ် ကျန်းမာရေးနဲ့ ညီညွတ်ရမယ် ရက်လွန်နေသော အစားအစာမဖြစ်ရဘူး စသဖြင့်ပေါ့.....ဒီအချက်တွေဟာ Marketing အပေါ်မှာ အများကြီး သက်ရောက်နေပါတယ်...

 

Price...
product ရဲ့ ဈေးနှုန်းဟာ သင့်တင့်မျှတ ရမယ်...၁၀၀ တန်ကို ၁၀၀၀ နဲ့ ရောင်းမယ်ဆိုရင် product ဘယ်လောက် ကောင်းကောင်း အဆင်ပြေမှာ မဟုတ်ပါဘူး...product ရဲ့ Quality နဲ့ သင့်တင့်မျှတသော ဈေးနှုန်းဟာ Product ကို Marketing လုပ်ရာမှာ အရေးအများကြီး ပါတဲ့ အချက်တစ်ချက်ပါ....

 

Place....
နေရာ ဆိုတာလည်း Marketing မှာ အရေးပါတဲ့ အချက်တစ်ခုပါ....ဥပမာ ပြရမယ်ဆိုရင် မြို့ကြီး ပြကြီး မဟုတ်တဲ့ ရွာကလေးမှာ ဆေးပစ္စည်း စုံလင်အောင် ရှိတဲ့ ဆေးဆိုင် ကြီး တစ်ဆိုင် ရှိတယ် ဆိုရင် ဘယ်လိုမှ ရောင်းရဖို့ အဆင်မပြေပါဘူး.....အထူးကု ဆရာဝန်ကြီးတွေ မရှိဘဲ ဆေးရုံကြီးတွေ မရှိဘဲ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး.....ဒါဟာလည်း Marketing အတွက် အလွန်အရေးပါတယ်...

 

နောက်ဆုံးတစ်ခုက Promotion ပါ...
Product တစ်ခု အောင်မြင်ဖို့ Marketing ကောင်းဖို့ promotion က အများကြီး.တွန်းအားပေးပါတယ်....Tv..Radio..Facebook...Website တွေမှာ ကြော်ငြာကြတယ် ဒါဟာ promotion ပါပဲ....Sunsilk shampoo ဆိုရင် လူတိုင်း သိကြတယ်...ဒါဟာ Tv promotionရဲ့ အားတစ်ခုပါ... လူတွေဟာ ကိုယ်တွေ့နေကြ မြင်နေကြ ကြားဖူးနေကြ အရာတွေကို ပိုပြီး ယုံကြည် သက်ဝင်လေ့ ရှိကြပါတယ်.....ကျွန်မတို့ ဆိုင်တစ်ဆိုင်သွားမယ်...shampoo ဝယ်မယ် ဘာဝယ်မယ်လို့ စိတ်ကူးမရှိဘဲ..ဆိုင်ရောက်မှ အဆင်ပြေတာလေး ပြပါဆိုရင်...Sunslik shampoo ထုတ်ပြတယ် ဆိုပါစို့....

 

ဒါဟာ Tv မှာ ကြည့်ဖူးတဲ့ Shampoo ပဲ ဘယ်မင်းသမီးနဲ့ ကြော်ငြာထားတာ ကောင်းမှာပဲ အဆင်ပြေမှာပဲ.ဆိုတဲ့ အတွေးမျိုး တွေးမိကြမှာပဲ ဒါမှ မဟုတ်ဘဲ ဆိုင်က တစ်ခါမှ မကြားဖူး မမြင်ဖူးတဲ့ Shampoo ကို ထုတ်ပြတယ် ဆိုရင်(သူ ထုတ်ပြတဲ့ Shampoo က quality အရမ်းကောင်းနေရင်တောင်) ကိုယ့်စိတ်ထဲမှာ ဟင်..ဒါကြီးက တစ်ခါမှ မမြင်ဖူး မကြားဖူးဘူး ကောင်းပါ့မလား...ဆိုင်က. ရောင်းမထွက်လို့ မကောင်းတာကြီး ညာရောင်းနေတာလား လို့ တွေးမိကြမှာပါ....ဒါဟာ Promotion ရဲ့ အားပါ...

 

နောက်တစ်ခု အနေနဲ့ဆို...ပြင်ပ အထူးကု ဆေးရုံကြီးမှာ အထူးကုဆရာဝန်ကြီးနဲ့ ပြတယ်...ဆရာဝန်ပေးခဲ့တဲ့ဆေးကို စွဲသောက်ရမယ်....တစ်နှစ်လောက်သောက်နေရင်းနဲ့ အဲဆေးက ပစ္စည်းပြတ်သွားတယ် ဝယ်မရဖြစ်နေပီ အဲချိန်မှာ ဆေးဆိုင်က ဒီဆေးက အမရှာတဲ့ဆေးနဲ့ အတူတူပါပဲ အာနိသင်လည်း အတူတူပါပဲ ဆေးလည်းအတူတူပါပဲ ထုတ်တဲ့ company ကလည်း စိတ်ချရပါတယ် ကောင်းပါတယ်(တကယ်လည်း ဆေးက အာနိသင်ရှိတယ် ဆရာဝန်တော်တော်များကလည်း သုံးစွဲနေတဲ့ဆေး FDA လက်မှတ် တွေရှိနေခဲ့ရင်တောင်) ဒါက ဆရာဝန်ကြီး ပေးလိုက်တဲ့ ဆေး ဒီနာမည်နဲ့ဆေးမှ သက်သာမယ်ဆိုတဲ့ အစွဲတွေ လူတွေဆီမှာ ရှိကြပါတယ်....ဒါဟာ Promotion ကြောင့်ပါ....

 

Idol ဆိုတဲ့ ကိုယ်ကြိုက်တဲ့ မင်းသား မင်းသမီး ကိုယ်လေးစားအားကိုးတဲ့ ယုံကြည်တဲ့ ဆရာဝန် ဆိုတဲ့ စိတ်ကြောင့်ပါ....ဒါကြောင့် အခုခေတ်မှာ ကြော်ငြာတွေကို အရမ်း အလေးပေးလာကြတာကို တွေ့ရပါတယ် ဒါဟာ promotion ရဲ့ Marketing အပေါ်သက်မှုကြောင့် ဖြစ်ပါတယ်.....ကျွန်မရဲ့ စာလေးကို ဒီနေရာမှာပဲ အဆုံးသတ်ပါရစေ...

 

Steemit

Read times
Rate this item
(2 votes)