-->
×

Warning

JUser: :_load: Unable to load user with ID: 29


နာမည်ကြီး မားကက်တင်း စာအုပ်များ

Marketing နဲ့ ပတ်သက်ပြီး ဘယ်စာအုပ်တွေကို ဖတ်ရှုလေ့လာရမလဲလို့ မေးနေသူတွေအတွက် မားကက်တင်းမှာ မဖြစ်မနေ ဖတ်ရှုထားရမယ့် ကမ္ဘာကျော် အရောင်းရဆုံး စာရင်းဝင် စာအုပ် ၄ အုပ် အကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။

?1. Purple Cow

ကမ္ဘာကျော်မားကတ်တင်း အတွေးအမြင်စာအုပ်တွေကို ရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ စာရေးဆရာ Seth Godin ဟာ သူ့ရဲ့ Purple Cow စာအုပ်မှာ ဟိုးအရင်တုန်းက မားကတ်တင်းလုပ်ဆောင်ပုံတွေနဲ့ အခုခေတ်အချိန်မှာ ပြောင်းလဲနေတဲ့ ပုံစံတွေကို ဥပမာများနဲ့ ဖော်ပြထားပါတယ်။

သမားရိုးကျနည်းလမ်းတွေနဲ့ မားကတ်တင်းလုပ်ဆောင်ပုံတွေဟာ အခုခေတ်မှာဆိုရင် စိတ်ဝင်စားစရာမကောင်းတော့တဲ့ အကြောင်းကို Seth Godin က နွားတစ်ကောင်ရဲ့ အရောင်နဲ့ တင်စားဖော်ပြထားပါတယ်။ အဖြူ၊ အမည်း၊ အညိုရောင်နွားတွေကြားမှာ ခရမ်းရောင်နွားတစ်ကောင်ကို တွေ့လိုက်ရမယ်ဆိုရင်တော့ လူတိုင်းရဲ့ စိတ်အာရုံကို ဆွဲဆောင်နိုင်မှာသေချာပါတယ်။ အဲဒီလိုပဲ ဒီနေ့ခေတ်ရဲ့များပြားလှတဲ့ကုန်ပစ္စည်းတွေနဲ့ ကြော်ငြာတွေကို ကျော်ဖြတ်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက Purple Cow ဆိုတဲ့ ခရမ်းရောင်နွားတစ်ကောင်လိုမျိုး ပြိုင်ဘက်တွေကြားမှာ ထူးခြားတဲ့ တီထွင်ဆန်းသစ်မှုအသစ်တွေနဲ့ သိသာထင်ရှားတဲ့ Brand အမှတ်တံဆိပ်ကို တည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်လို့ Seth Godin က ဆိုပါတယ်။

ယနေ့ခေတ် ဈေးကွက်ထဲမှာ စားသုံးသူများက ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို သိသာထင်ရှားပြီး အမှတ်ရနေစေဖို့အတွက် လိုအပ်တဲ့ တီထွင်ဆန်းသစ်မှုများကို ဆောင်ရွက်နိုင်စေရန် အဓိက ရှင်းလင်းတင်ပြထားခြင်း ဖြစ်တဲ့အတွက် ယနေ့ခေတ် မားကတ်တင်း နယ်ပယ်မှာ အောင်မြင်ချင်သူတွေအတွက် လက်မလွတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။

 

? 2. Enchantment

Apple ကုမ္ပဏီရဲ့ အစောပိုင်းကာလတွေမှာ Macintosh ကွန်ပျူတာရဲ့ အောင်မြင်မှုတွေ အတွက် အဓိကကျသူ တစ်ယောက် ဖြစ်ခဲ့တဲ့ Guy Kawasaki ဟာ နည်းပညာပိုင်းဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးသမား ဖြစ်ယုံသာမက နာမည်ကျော်စာရေးဆရာ တစ်ဦးလည်းဖြစ်ပါတယ်။ သူရဲ့ ဆယ်အုပ်မြောက်ဖြစ်တဲ့ “Enchantment” ဆိုတဲ့ စာအုပ်မှာ လုပ်ငန်းတစ်ခုအနေနဲ့ ဝယ်ယူစားသုံးသူတွေကို ဆွဲဆောင်ညှို့ငင်နိုင်ဖို့အတွက်- ဆွဲဆောင်ညှို့ငင်မှု အဓိပ္ပါယ်၊ ဆွဲဆောင်ညှို့ငင်နည်းများ၊ လုပ်ငန်းအတွက် တည်ဆောက်ယူနိုင်ပုံ နှင့် လုပ်ငန်းများရဲ့ လုပ်ဆောင်ချက်များမှာပါ ပေါင်းစပ် အသုံးပြုနိုင်ပုံများ စတဲ့ လက်တွေ့ကျကျ လိုက်နာလုပ်ဆောင် သင့်တဲ့အချက်တွေ အကြောင်းကို အသေးစိတ် ရေးသား တင်ပြပေးထားတာ ဖြစ်ပါတယ်။

အပြိုင်အဆိုင်ပြင်းထန်တဲ့ ဒီနေ့ခေတ်ကာလမှာ သာမန် မားကတ်တင်း လုပ်ဆောင်ချက်တွေနဲ့ မလုံလောက်တော့တာမို့ ဆွဲဆောင်ညှို့ငင်နိုင်စွမ်းအားရှိဖို့က အရေးကြီးလာပါတယ်။ ဒါကို လုပ်ဆောင်နိုင်ဖို့အတွက်လည်း ဒီနေ့ခေတ်ရဲ့ နည်းပညာတိုးတက်မှုတွေကို အသုံးပြုပြီး ကိုယ့်လုပ်ငန်းရဲ့ ဝယ်ယူစားသုံးသူတွေကို ဆွဲဆောင်ညှို့ငင်နိုင်ဖို့အတွက် သိရှိထားသင့်တဲ့အချက်တွေကို Enchantment စာအုပ်မှာ ရှင်းလင်းဖော်ပြထားခြင်း ဖြစ်ပါတယ်။

 

? 3. Buy.ology

စားသုံးသူတွေရဲ့ အမူအကျင့်တွေနဲ့ လုပ်ငန်းကြီးတွေရဲ့ မားကတ်တင်းလုပ်ဆောင်ပုံတွေကို အထူးပြု လေ့လာပြီးတော့ ကမ္ဘာကျော် Times Magazine နဲ့ Harvard Business Review စာစောင်တွေမှာ ဆောင်းပါးတွေ ရေးသားခဲ့တဲ့ စာရေးဆရာ Martin Lindstrom ဟာ သူ့ရဲ့ Buy.ology (ဝယ်ယူအောင်ဆွဲဆောင်ခြင်းပညာ) ဆိုတဲ့ စာအုပ်မှာ neuro-marketing နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်တွေကို ရေးသားဖော်ပြထားပါတယ်။

Buy.ology စာအုပ်ထဲမှ ဖော်ပြချက်တွေဟာ စားသုံးသူများရဲ့ စိတ်အာရုံထဲမှာ Brand အမှတ်တံဆိပ်တွေ အမြဲရောက်နေအောင် လုပ်ငန်းတွေ လုပ်ဆောင်ပုံအကြောင်းကို – ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုကို စီစဉ်တကျ ကြော်ငြာခြင်း၊ သွယ်ဝိုက်ပြီး ကြော်ငြာခြင်းနှင့် လိုဂိုများ၏ အရေးပါမှု၊ စကားလုံးများက လူတို့၏ အမူအကျင့်အပေါ် လွှမ်းမိုးနိုင်စွမ်းအား အစရှိတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် အချက်အလက်များနဲ့ တင်ပြပေးထားတာ ဖြစ်လို့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

 

? 4. Building a Story Brand

Brand အမှတ်တံဆိပ်တွေဖန်တီးမှုအတွက် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်ပြီးတော့၊ နာမည်ကျော် စာရေးဆရာတစ်ယောက်လည်း ဖြစ်သူ Donald Miller ရေးသားထားတဲ့ Building a Story Brand ဆိုတဲ့ စာအုပ်ဟာ ကိုယ့်ရဲ့ Brand အမှတ်တံဆိပ်ကို ပြိုင်ဘက်တွေထက် ထင်ပေါ်စေရုံသာမက ကိုယ့်ဖောက်သည်တွေနဲ့ ဆက်ဆံရေးကို ပိုကောင်းလာအောင် ပုံဖော်ပေးနိုင်ဖို့နဲ့ ကိုယ့်ပစ္စည်းကို မဝယ်ဘဲမနေနိုင်လောက်အောင် ဆွဲဆောင်စေနိုင်ဖို့အတွက် အထောက်အကူပေးမယ့် အချက်အလက်တွေကို ရေးသားဖော်ပြထားပါတယ်။

Story Brand စာအုပ်မှာ Brand Script ဆိုတဲ့ ဇာတ်လမ်းတစ်ခုဖန်တီးခြင်းရဲ့ အခြေခံအချက် (၇) ချက်ကို ဖော်ပြထားပါတယ်။ လူတွေဟာရှေးခေတ်အချိန်ကနေစပြီး ဒီနေ့နည်းပညာခေတ်အထိအောင် ဆွဲဆောင်မှုရှိတဲ့ပုံပြင်တွေ၊ ဇာတ်လမ်းတွေကို နှစ်သက်ကြပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့ Brand အမှတ်တံဆိပ်ကို တည်ဆောက်ရာမှာ ဇာတ်လမ်းလေးတစ်ခုလိုဖန်တီးပြီးတော့ စားသုံးသူတွေကို ဆွဲဆောင်စည်းရုံးနိုင်ဖို့အတွက် Building the Story Brand စာအုပ်မှာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

 

Myanmar Advertising Guide 

Read times
Rate this item
(1 Vote)