-->
×

Warning

JUser: :_load: Unable to load user with ID: 29


Marketing နှင့် Sales အတွက် မဖြစ်မနေသိသင့်သောအသုံးအနှုန်းများ

Marketing နှင့် Sales သမားတိုင်း မဖြစ်မနေသိသင့်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် အခု (၅၀)ကို လက်ရှိ အဲ့ဒီ နယ်ပယ်မှာ ကျင်လည် နေသူတွေ နဲ့ လက်ရှိ မရောက်သေးပေမယ့် တစ်ချိန် ဝင်မယ် စိတ်ကူးနေတဲ့ သူတွေအတွက် နားလည်လွယ်အောင် ရှင်းပြထားပါတယ်။

 

1. Marketing
ဖောက်သည်၏ လိုအပ်ချက်များကို ဖော်ထုတ်ခြင်း၊ ကြိုတင်မှန်းဆခြင်း၊ စိတ်ကျေနပ်မှု ရရှိနိုင်ရန် ဖြည့်ဆည်းပေးခြင်း စသည်တို့ကို အမြတ်ရရှိနိုင်မည့် နည်းလမ်းဖြင့် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်ကို ဆိုလိုသည်။

 

2. Lead
မိမိ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများအား စိတ်ဝင်စားသူ တစ်စုံတစ်ယောက် သို့မဟုတ် ကုမ္ပဏီ တစ်ခု ဆိုလိုသည်။

 

3. Top of the Funnel (TOFU)
Sales ကတော့ချွန်၏ ထိပ်ပိုင်းတွင် နေရာယူထားသူများကို ဆိုလိုသည်။ ဝယ်ယူမှု ခရီးစဉ်၏ ဦးပိုင်း အဆင့်တွင် အစပျိုးနေသူများလည်း ဖြစ်သည်။ ထိုသူတို့သည် လောလောလတ်လတ် တွေ့ရှိထားသော သူတို့၏ ပြသနာအတွက် အဖြေရှာနေသူများဖြစ်သည်။ ထို့ကြောင့် Marketer များသည် ထိုသူတို့ ကြုံတွေ့နေရသော အခက်အခဲများကို ဖော်ထုတ်ပေးခြင်း နှင့် အဖြေရှာရာတွင် အထောက်အပံ့ဖြစ်မည့် TOFU content များကို ဖန်တီးကြသည်။

 

4. Middle of the Funnel (MOFU)
ဖောက်သည်ဖြစ်နိုင်ချေရှိသူမှ မိမိတွင် ပြသနာသို့မဟုတ် အခက်အခဲရှိကြောင်း သိရှိလက်ခံပြီးသောအခါ Sales ကတော့ချွန်၏ အလယ်ပိုင်းသို့ ရောက်ရှိသည်။ မိမိ၏ ကုန်ပစ္စည်းသို့မဟုတ် ဝန်ဆောင်မှုက ထိုပြသနာကို ဖြေရှင်းပေးနိုင်ကြောင်း ပြသရမမည့်အဆင့်လည်း ဖြစ်သည်။

 

5. Bottom of the Funnel (BOFU)
ဝယ်ယူမှု ခရီးစဉ်၏ နောက်ပိုင်းအဆင့်တစ်ခု ဖြစ်သည်။ leads များသည် Sales ကတော့ချွန်၏ ထိပ်ပိုင်း (ပြသနာကို တွေ့ရှိခြင်း) မှ တဆင့် အလယ်ပိုင်း (ပြသနာဖြေရှင်းနိုင်မည့် ကုန်သို့မဟုတ် ဝန်ဆောင်မှုကို ရှာဖွေခြင်း) ကို ဖြတ်သန်းပြီး အောက်ဆုံးအဆင့်တွင် ဝယ်ယူရန် အသင့်အနေအထားသို့ ရောက်ရှိသည်။ ဤအဆင့်တွင် leads များသည် product ကို demo ပြခြင်း၊ ဖုန်းခေါ်ချိန်းဆိုခြင်း၊ အခမဲ့ တိုင်ပင်ဆွေးနွေးပေးခြင်းတို့ကို ရယူရန် စိတ်ဝင်စားသည်။

 

6. Conversion Path
မိမိ၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအား စိတ်ဝင်စားသူ အဆင့်မှ ဖောက်သည်ဖြစ်ရန်အလားအလာရှိသူ အဆင့်သို့ ပြောင်းလဲပေးသော လမ်းကြောင်း သို့မဟုတ် လုပ်ရပ်အဆင့်များကို ဆိုလိုသည်။ Conversion Path တွင် Call to action ၊ Lead Form ၊ Thank You Page ၊ ဒေါင်းလုပ်ခ်ရယူရန် content (white paper, e-book) အစရှိသည်တို့ ပါဝင်သည်။

 

7. Marketing Qualified Lead (MQL)
Sales Team သို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေသော lead ကို ဆိုလိုသည်။ လုပ်ငန်း နှင့် ပတ်သက်၍ အပြုသဘောဆောင်သော ဆက်ဆံရေး ဥပမာ - ထုတ်ကုန်နှင့် ပတ်သက်၍ စိတ်ဝင်တစား မေးမြန်းဆွေးနွေးခြင်း ၊ ကုန်ပစ္စည်း (သို့တည်းမဟုတ်) ဝန်ဆောင်မှု အကြောင်းရှင်းပြထားသည် များကို ဒေါင်းလုပ်ခ် ရယူသွားခြင်း တို့ကို ပြုလုပ်ထားသဖြင့် Marketing Qualified Lead ဖြစ်သည်ဟု သတ်မှတ်ပြီး Sales Team သို့ လွှဲပြောင်းပေးရန် အသင့်အနေအထားရှိနေသူ ဖြစ်သည်။


=============
8. Demographics
လူများကို အသက်အရွယ်အပိုင်းအခြား ၊ ကျားနှင့်မအချိုးစား ၊ ဝင်ငွေ ၊ မိသားစုပုံစံ ၊ လူမှုပတ်ဝန်းကျင်ဓလေ့စရိုက် အစရှိသည်တို့ဖြင့် ခွဲခြားသတ်မှတ်ခြင်းကို ဆိုလိုသည်။ Marketing နှင့် Advertising ဗျူဟာများ ဖော်ဆောင်ရာတွင် အသုံးပြုသည်။

 

9. Geographic Segmentation
Target Audience များ နေထိုင်သောနေရာ ၊ ရှိနေသောနေရာ ကိုအခြေခံပြီး အုပ်စုဖွဲ့ ခွဲခြားခြင်းကို ဆိုလိုသည်။

 

10. Niche Market/Business
ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုသော ဈေးကွက်တစ်ခု၏ တိကျသော တစိတ်တဒေသ (ဥပမာ - လူအများ အသုံးအဆောင် ဈေးကွက်နှင့် ထိုဈေးကွက်၏ အစိတ်အပိုင်းဖြစ်သော ဘောလုံးသမား အသုံးအဆောင် ဈေးကွက်)
=============


11. Margin
ကုန်ပစ္စည်း (သို့တည်းမဟုတ်) ဝန်ဆောင်မှု ရောင်းချခြင်းအတွက် ကုန်ကျစရိတ်ကို နှုတ်ပြီး (ထိုရောင်းချခြင်းမှ)ကျန်ရှိသော အမြတ်ငွေ

 

12. Monthly Recurring Revenue
မိမိ၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုသော ဖောက်သည်များမှ ရရှိသော လစဉ်ဝင်ငွေကို ဆိုလိုသည်။

 

13. Cost-Based Pricing
လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကို အခြေခံ၍ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု တစ်ခု၏ ဈေးနှုန်းကို သတ်မှတ်သော စနစ်ကို ဆိုလိုသည်။

 

14. Market-Based Pricing
ဈေးကွက်တူညီသော အခြား ကုန်ပစ္စည်းသို့မဟုတ် ဝန်ဆောင်မှုများ၏ ပေါက်ဈေးကို အခြေခံသည့် ဈေးနှုန်းသတ်မှတ်ခြင်းစနစ်ကို ဆိုလိုသည်။
=============


15. Business-to-Business (B2B)
စီးပွါးရေးလုပ်ငန်းများအတွက် ရည်ရွယ်၍ ထုတ်လုပ်သော ကုန်ပစ္စည်း (သို့တည်းမဟုတ်) ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းအမျိုးအစားကို ခေါ်ဝေါ်သည်။

 

16. Business-to-Consumer (B2C)
နောက်ဆုံးစားသုံးသူ (End user)များအတွက် ရည်ရွယ်၍ ထုတ်လုပ်သော ကုန်ပစ္စည်း (သို့တည်းမဟုတ်) ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းအမျိုးအစားကို ခေါ်ဝေါ်သည်။ ဥပမာ - Apple ကုမ္ပဏီ
=============


17. Cost Per lead (CPL)
ဖောက်သည်အလားအလာရှိသူ တစ်ယောက်ရရှိရန်အတွက် (မာကတ်တင်း)ကုန်ကျစရိတ်ကို ဆိုလိုသည်။ အရေးတကြီး စောင့်ကြည့်သင့်သော အတိုင်းအတာ တစ်ခုဖြစ်ပြီး ထိုစရိတ်သည် ဖောက်သည်ရရှိရေးကုန်ကျစရိတ် (Customer Acquisition cost) ပေါ်တွင် လွှမ်းမိုးမှု ရှိသည်။

 

18. Customer Acquisition Cost
ဖောက်သည်ဖြစ်နိုင်ခြေ ရှိသော လူကို လုပ်ငန်း၏ ဖောက်သည်ဖြစ်အောင် ပြောင်းလဲရာတွင် ကုန်ကျသည့် စရိတ်ကို ဆိုလိုသည်။ သတ်မှတ်ကာလ တစ်ခုအတွင်း ဖောက်သည်ရရှိရန် အသုံးပြုသည့် ငွေပမာဏကို ထိုကာလအတွင်း ရရှိသည့် ဖောက်သည်အသစ် အရေအတွက်ဖြင့် စားခြင်းဖြင့် တွက်ချက်သည်။
လုပ်ငန်းတိုးချဲ့ရေး ဖြစ်နိုင်ခြေ တွက်ချက်ရာတွင် အရေးပါသော အတိုင်းအတာ ဖြစ်သည်။
=============


19. Analytics ခွဲခြမ်းစိတ်ဖြာခြင်း
အနာဂတ်တွင် ပိုမိုထိရောက်သော Marketing လုပ်ဆောင်ချက်များပြုလုပ်နိုင်ရန် Website သို့ ဝင်ကြည့်သော လူဦးရေ ၊ Social Media နှင့် တခြား မှ ရရှိလာသော စာရင်းဇယား အချက်အလက်များအား ခွဲခြမ်းစိပ်ဖြာလေ့လာခြင်းကို ဆိုလိုသည်။

 

20. Cold Calling
လုပ်ငန်း၏ Customer ဖြစ်လာနိုင်ခြေ ရှိသော သူစိမ်းကို ဖုန်းဖြင့် ဖြစ်စေ ၊ မျက်နှာချင်းဆိုင် တွေ့ဆုံ၍ ဖြစ်စေ လုပ်ငန်းအကြောင်း ရှင်းပြခြင်းကို ဆိုလိုသည်။

 

21. Forecasting
အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် Marketing နှင့် Sales ခေတ်ရေစီးကြောင်း ကြိုတင်ခန့်မှန်းခြင်းကို ဆိုလိုသည်။ များသောအားဖြင့် အတိတ်ကာလ၊ အရေအတွက်၊ အရည်အသွေး ဆိုင်ရာ အချက်အလက်များပေါ်တွင် အခြေခံ၍ ခန့်မှန်းသည်။

 

22. Lead Nurturing
Marketing နည်းလမ်းများ အသုံးပြု၍ ဖောက်သည် ဖြစ်လာနိုင်ခြေရှိသူများ နှင့် ကောင်းမွန်ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ခြင်းကို ဆိုလိုသည်။

 

23. Market Development
ရှိပြီးသား ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို ဈေးကွက်အသစ်သို့ ထိုးဖောက်ခြင်းကို ဆိုလိုသည်။

 

24. Market Penetration
လက်ရှိဈေးကွက်တွင် ရောင်းနေရသည့် ကုန်ပစ္စည်းကို ဝယ်လိုအားပိုတက်စေရန် အသုံးပြုသည့် နည်းဗျူဟာကို ဆိုလိုသည်။

 

25. Market Research
သက်ဆိုင်ရာ စီးပွားရေးနယ်ပယ်တွင် ကောင်းမွန်မှန်ကန်သော ဆုံးဖြတ်ချက်များပြုလုပ်နိုင်ရန် စနစ်တကျ သုတေသန ပြုလုပ်ခြင်းကို ဆိုလိုသည်။

 

26. New Product Development
သုတေသန ပြုလုပ်ခြင်း ၊ ထုတ်လုပ်ခြင်း၊ စမ်းသပ်ခြင်း ၊ မိတ်ဆက်ဖြန့်ဖြူးခြင်း အဆင့်များ ပါဝင်သော ကုန်ပစ္စည်းအသစ် တစ်ခု ဖန်တီးခြင်း ကိုဆိုလိုသည်။

 

27. Buyer Persona (ဖောက်သည်၏ ဝိသေသ)
ဈေးကွက်သုတေသနပြုလုပ်ခြင်း နှင့် သတင်းအချက်အလက် များစုဆောင်ခြင်းကို အခြေခံ၍ မိမိ(လုပ်ငန်း)အတွက် လိုချင်ဖွယ် အကောင်းဆုံး ဖောက်သည်၏ ဝိသေသများကို ဖော်ထုတ်ထားခြင်းဖြစ်သည်။ marketer များက ထိုဝိသေသများကို အသုံးပြု၍ ကိုက်ညီသည့် ပရိသတ်ကို ရွေးထုတ်ခြင်း နှင့် Sales သမားများက ဖောက်သည်အလားအလာကို ဆုံးဖြတ်သည်။
=============


28. Advertising
ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှု (သို့မဟုတ်) လုပ်ငန်း စသည် တို့ကို လူအများ အာရုံစိုက်မိအောင် အခကြေးငွေဖြင့် သတင်းစာ ၊ ဂျာနယ် ၊ တီဗီတို့ မှ တစ်ဆင့်ကြော်ငြာသည်။

 

29. Comparative Advertising
လုပ်ငန်း တစ်ခုမှ တခြား လုပ်ငန်းတစ်ခု၏ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှု နှင့် နှိုင်းယှဉ်ကြော်ငြာခြင်းကို ဆိုလိုသည်။ ဥပမာ - Apple ၊ Samsung အစရှိသော ကုမ္ပဏီများသည် ၎င်းတို့၏ ဖုန်းကြော်ငြာများကို အခြားဖုန်းများ နှင့် နှိုင်းယှဉ်ကြော်ငြာလေ့ရှိသည်။
=============


30. Direct Marketing
ကြားခံ ကိုယ်စားလှယ်ကို မသုံးဘဲ မိမိ ထုတ်ကုန်/ဝန်ဆောင်မှုကို အမှန်တကယ် စားသုံးသူသို့ တိုက်ရိုက် ဈေးကွက်ဖော်ဆောင်ခြင်းကို ဆိုလိုသည်။

31. Digital Marketing (Online Marketing)
အင်တာနက်မှ တဆင့် ပစ်မှတ်ပရိသတ် (Target audience) များအား Marketing ပြုလုပ်ခြင်းကို ဆိုလိုသည်။ Digital Marketing တွင် Email Marketing ၊ Content Marketing အစရှိသည်တို့ ပါဝင်သည်။

32. Inbound Marketing
အခကြေးငွေပေးရသော ကြော်ငြာနည်းစနစ်ထက် content marketing, podcasts, video, eBooks, email broadcast, SEO, Social Marketing အစရှိသည်တို့ကို အသုံးပြု၍ ကြော်ငြာနည်းကို ဆိုလိုသည်။

33. Internal Marketing
မိမိ၏ Marketing Plan ကို အထက်လူကြီးများ ၊ လုပ်ဖော်ကိုင်ဖက်များ သဘောတူညီစေရန် နှင့် အကူအညီပေးစေရန် ကြိုးစားခြင်းကို ဆိုလိုသည်။
=============
34. Blogging
တစ်သီးပုဂ္ဂလများ၊ အသေးစားစီးပွားရေးလုပ်ငန်းများ သာမက ကော်ပိုရေးရှင်းကြီးများသည်လည်း ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်း နယ်ပယ်အတွက် ဆောင်းပါးများ ၊ သုံးသပ်ချက်များအား ကိုယ်ပိုင် Website တွင် ရေးသားဖော်ပြခြင်း ကိုဆိုလိုပါသည်။ Blogging သည် Inbound Marketing ၏ အဓိကကျသော အစိတ်အပိုင်းဖြစ်ပြီး လုပ်ငန်းများ၏ ကိုယ်ပိုင် Website ကို ဝင်ကြည့်သော လူအရေအတွက်တိုးစေရန် ၊ လုပ်ငန်းအပေါ် ဖောက်သည်များ ယုံကြည်စိတ်ချစေရန် နှင့် ဖောက်သည် ဖြစ်လာရန် အလားအလာရှိသူများ တိုးပွါးလာစေရန် ရည်ရွယ်သည်။

 

35. Evergreen Content
စာဖတ်သူအတွက် နောင်နှစ်ပေါင်းများစွာတိုင် အကျိုးပြုနေမည့် အကြောင်းအရာ ရေးသားချက်၊

 

36. Hashtag
# ကို ရှေ့တွင်ထားပြီး space မခြားဘဲ ရေးသားထားသော သော့ချက်ကျသည့် စကားစု
ထိုသို့ရေးသားခြင်းဖြင့် Social Media ပေါ်တွင် ခေါင်းစဉ်အလိုက် မိမိ၏ ပရိသတ်နှင့် ပြောဆိုဆက်ဆံနိုင်သည်။

 

37. Infographic
ရှုပ်ထွေးသော သတင်းအချက်အလက်များကို နားလည်ရလွယ်ကူစေရန် ပုံနှင့်စာဖြင့် ပြုလုပ်ထားသော သရုပ်ဖော်ကားချပ်

 

38. Engagement Rate
Content တစ်ခု ရရှိသည့် Likes ၊ Shares ၊ Comments အရေအတွက် အပေါ်မူတည်၍ ပရိသတ်၏ ပါဝင်မှုနှုန်း ကို တိုင်းတာခြင်း သို့မဟုတ် အတိုင်းအတာကို ဆိုလိုသည်။

 

39. Keyword
Webpage တွင်ဖော်ပြသော အကြောင်းအရာ တစ်ခုကို ရည်ညွှန်းသော စကားစုတစ်စု (သို့တည်းမဟုတ်) စကားလုံးတစ်လုံးကို ဆိုလိုသည်။ ထိုစကားစုများသည် မိမိမှန်းထားသော ပရိသတ်အုပ်စုနှင့် ကိုက်ညီနေသင့်သည်။
=============


40. Conversion Rate
Website သို့မဟုတ် page ကို ဝင်ကြည့်ရုံသာမက ထို page များမှ ချမှတ်ထားသော လုပ်ဆောင်ချက်များ ဉပမာ - ဖောင်ဖြည့်ခြင်း ၊ မှတ်ပုံတင်စာရင်းသွင်းခြင်း ၊ Newsletter (စာဆောင်များ) ဖတ်ရန် စာရင်းပေးခြင်း) ပြုလုပ်သော လူများ၏ ရာခိုင်နှုန်း

 

41. Key Performance Indicator (KPI)
စွမ်းဆောင်ရည် တိုင်းတာခြင်းစနစ် ကိုဆိုလိုသည်။ ဝန်ထမ်း၏ ဆောင်ရွက်ချက် အရည်အသွေး မှ ဈေးကွက်ဖော်ဆောင်ရေးနည်းလမ်းများ၏ ထိရောက်မှု အထိ ကျယ်ပြန့်စွာ တိုင်းတာနိုင်သည်။ KPI များကို ထိရောက်စွာ စောင့်ကြည့် တုံ့ပြန်ခြင်းဖြင့် လုပ်ငန်းလျာထားချက်များကို အကောင်အထည်ဖော်နိုင်သည်။
=============


42. Brand
ကုန်ပစ္စည်း (သို့တည်းမဟုတ်) ဝန်ဆောင်မှု (သို့တည်းမဟုတ်) လုပ်ငန်း တစ်ခုကို လူအများ သတိပြုမိစေသော အရာများ ကိုဆိုလိုသည်။

 

43. Direct Competition
မိမိလုပ်ငန်း နှင့် ကွက်တိ တူသော ကုန်ပစ္စည်း (သို့တည်းမဟုတ်) ဝန်ဆောင်မှု ပေးနေသော ပြိုင်ဘက် လုပ်ငန်းကို ဆိုလိုသည်။

 

44. Customer Loyalty
ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို ဖောက်သည်မှ ထပ်မံတလဲလဲ ဝယ်ယူအသုံးပြုခြင်းကို ဆိုလိုသည်။

45. Point Of Contact (POC)
ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း တစ်ခုတွင် Marketing နှင့် Sales ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်သူ သို့မဟုတ် ဆွေးနွေးအကြံပြုသူကို ဆိုလိုသည်။

 

46. Portfolio
Customer ဖြစ်နိုင်ချေရှိသူများကို လုပ်ငန်းအကြောင်း အသေးစိပ်ရှင်းပြရာတွင် အသုံးပြုသည့် အကြောင်းအရာ အချက်အလက်များကို ဆိုလိုသည်။

 

47. Direct Mail
ဖောက်သည်ဖြစ်ရန် အလားလာရှိသူများကို လုပ်ငန်း၏ ဖောက်သည်ဖြစ်လာစေရန် စာပို့ခြင်း (Mail) မှ တစ်ဆင့် ကြော်ငြာခြင်းကို ဆိုလိုသည်။

48. Corporate Identity
လုပ်ငန်း တစ်ခု၏ ကိုယ်စားပြု သင်္ကေတ ၊ အရောင် ၊ အမှတ်တံဆိပ်ဒီဇိုင်း အာလုံးကို ဆိုလိုသည်။

 

49. E-Commerce
အင်တာနက်ပေါ်တွင် ကုန်ပစ္စည်းများ ရောင်းချခြင်း ကိုဆိုလိုသည်။

 

50. Customer Relationship Management (CRM)
Marketing နှင့် Sales လုပ်ဆောင်ချက်များ အစီအစဉ်တကျ လုပ်ဆောင်နိုင်ရန် အကူအညီပေးသည့် ဆော့ဝဲလ်ကို ဆိုလိုသည်။ Contact အချက်အလက်များ သိမ်းဆည်းခြင်း၊ email များကို ခြေရာခံနိုင်ခြင်း၊ အရောင်းဆိုင်ရာ သဘောတူစာချုပ်များကို သိမ်းဆည်းခြင်း အစရှိသော လုပ်ဆောင်ချက်များ ပါဝင်သည်။

 

ကဲ ဒီလောက်ဆိုရင်တော့ Marketing & Sales ဝေါဟာရတွေတော်တော်များများ သိလောက်ပြီဆိုတော့ စာလုပ်တဲ့အခါပဲ ဖြစ်ဖြစ် လုပ်ငန်းခွင်ထဲမှာ အသုံးပြုတဲ့အခါပဲ ဖြစ်ဖြစ် ကောင်းကောင်းအသုံးချနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီဆောင်းပါးလေးက ကိုယ့်အတွက်လည်း အကျိုးရှိတယ် Marketing & Sales လေ့လာနေတဲ့ ကိုယ့်သူငယ်ချင်းတွေအတွက်လည်း အကျိုးရှိမယ် ထင်ရင် ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။

 

Myanmar Advertising Directory 

Read times
Rate this item
(2 votes)