-->
×

Warning

JUser: :_load: Unable to load user with ID: 29


မားကတ်တင်း ရဲ့ အဓိပ္ပါယ်

မားကတ်တင်းဆိုတာ ( သွယ်ဝိုက်ရောင်းချရေး ) ဈေးကွက်မြှင့် တင်ရေး လို့ ပြောလို့ရပေမဲ့ တကယ်တန်း တွေးကြည့်မယ်ဆို Marketing မှာ Process တွေအများကြီး ရှိတယ်လို့ ပြောလို့ ရမယ်။

 

Marketing မှာ ကျယ်ပြန့် စွာ ကြည့်မယ်ဆို -

 

Online Marketing ( အွန်လိုင်း မားကတ်တင်း )
Public Relations ( အများသူငှာ ဆက်ဆံရေးဆိုင်ရာ )
Advertising ( ကြော်ငြာ ကိစ္စ ရပ်များ )
Social Media ( ဆိုရှယ်မီဒီယာများ )
Research ( စစ်တမ်းလေ့လာခြင်း )
Direct Marketing (တိုက်ရိုက်ဈေးကွက် မြှင့်တင်ခြင်း )
Branding ( နာမည် တည်ဆောက်ခြင်း ) စတာတွေပါဝင်ပါတယ်။

 

Online Marketing မှာ ဘာတွေပါမလဲ အွန်လိုင်း မားကတ်တင်းမှာဆိုရင် Google marketing ကအစ အင်တာနက်နဲ့ ပတ်သက် ဈေးကွက် မြှင့်တင်ရေး နည်းလမ်းများ အားလုံးကို Online Marketing လို့ ပြောလို့ ရပါလိမ့်မယ်။ဒါက ယနေ့ ခေတ်မှာ ခေတ်စားနေတဲ့ ဈေးကွက်မြှင့်တင်ရေးနည်းလမ်းတစ်ခုပဲ။Public Relations ကတော့ အကယ်၍ သင်က ဈေးကွက်မြှင့်တင်ရေးသမားဆိုပါတော့ သင် Product တစ်ခုကို လူအများ က လက်ခံ လာအောင် ကြိုးစား ချင်တယ်ဆိုပါတော့ သင့် ဝယ်သူရဲ့ ယုံကြည်မှု့ ရရှိဖို့ လုပ်ဆောင်ခြင်းကို အများသူငှာ ဆက်ဆံရေး လို့ ပြောနိုင်ပါတယ်။

 

Advertising ဆိုတဲ့ ကြော်ငြာရေးရာ နယ်ပယ်မှာ ပုံနှိပ်ကြော်ငြာ ခြင်း , သတင်းစာကြော်ငြာခြင်း , မဂ္ဂဇင်း ကြော်ငြာခြင်း , အသံလွင့်ငြာနမှ ကြော်ငြာ ခြင်း , တီဗီနဲ့ ရေဒီယို မှ ကြော်ငြာခြင်း , နေအိမ်ပြင်ပ ကြော်ငြာ ခြင်းဒီဂျစ်တယ်ပိုင်းဆိုင်ရာကြော်ငြာ ခြင်း စတဲ့ နယ်ပယ်ပေါင်းစုံ ရှိပါတယ်။ကြော်ငြာ တွေက စီးပွားရေး လုပ်ငန်းတစ်ခု အောင်မြင်ဖို့ အတွက် ရင်းနှီးမြှပ်နှံ မှု့ တွေပါပဲ။Social Media မှာ ဆိုရင်တော့ Facebook , Instagram , Twitter စတာတွေ မှာ ဈေးကွက် မြှင့်တင်တဲ့ ကိစ္စတွေ ပါဝင်လာပါပြီ ထိုပေါ်မှာ လုပ်တဲ့ KOL marketing ( Key Opinion Leaders / အောင်မြင်ကျော်ကြား ) သူတွေရဲ့ ဈေးကွက် ဖော်ညွှန်းရေးကိစ္စတွေပါဝင်ပါတယ်။

 

Research ဆိုတာကတော့ ဈေးကွက် ကို စစ်တမ်းလေ့လာခြင်းကို ဆိုလိုပါတယ်။ဈေးကွက် ထဲ ကို သင့်အနေနဲ့ Brand တစ်ခု ဖြန့်မယ်ဆိုပါတော့ သင့် Product က ဥပမာ အားဖြင့် ဆေးလိပ်ဆိုရင် ဆေးလိပ်ကို လူတစ်ယောက် အနေနဲ့ တစ်နေ့ ဘယ်နှစ်လိပ်သောက်နိုင်လဲ ဆိုတဲ့ စိစစ်လေ့လာချက်လိုအပ်ပါလိမ့်မယ်။အဲ့တာမှ သာလျှင် သင့် Brand အရောင်း မြှင့်တင်တဲ့ နေရာ မှာ သင့် Brand စားသုံးသူရဲ့ အကြောင်းအရာ များကို အချက်အလက် ကျကျ သိနေမှ ဈေးကွက် ဖြန့်ချီတဲ့ နေရာ မှာ အဆင်ချောစေမှာပါ။

 

Direct Marketing ဆိုတာက တော့ကြားခံ ဘာမှ မသုံးပဲ လူတွေဆီကို တိုက်ရိုက် ရောင်းချပြီၤး အရောင်းမြှင့်တင်တာကိုဆိုလိုတာပါ။Direct Marketing မှာတော့ လောဘကြီး တဲ့ ကိစ္စ ရပ်လေးတွေပါလာပြီ အရောင်းကို ကစားကွက် နဲ့ ကစားမယ် အရှော့ အတိုး လုပ်မယ် ဒါတွေလဲ ပါဝင်ပါတယ်။Branding ဆိုတာကတော့ Brand တည်ဆောက်ဖို့ ကိစ္စ ရပ်တွေပေါ့ ဈေးကွက် တစ်ခု ဆောက်တည်ဖို့ ဆိုရင် နာမည်တစ်ခု လိုမယ်ဒီနာမည်က ရနေမယ်ဆိုရင် သင့် Brand က အခြား သူနဲ့ ယှဉ်လာရင်တောင် သင့် Brand ကိုပဲ လူအများက မျက်စိမှိတ်ရွေးချယ်နေပါလိမ့်မယ်။

Read times
Rate this item
(2 votes)