-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရောင်းသမားကောင်း တစ်ယောက်အဖြစ် ရပ်တည်ချင်တယ်ဆိုရင်

Sale နဲ့ Marketing ဆိုတာ တစ်ကယ်တမ်းတော့ လူတွေရဲ့ စိတ်နေသဘောထားနဲ့ ခံစားတတ်မှု၊ သိမှတ်တတ်မှုကို စေစားမောင်းနှင်ခိုင်းတာ ဖြစ်အောင်လုပ်တဲ့ အတတ်ပညာ တစ်မျိုးပါပဲ။

 

Marketing ဟာ လူတွေရဲ့ အာရုံကျက်စားရာ ကို ပြောင်းလဲတာ ၊ စေ့ဆော်တာ၊ နားလည်မှတ်ခိုင်းတာ၊ အရောင်တွေ စာလုံးတွေ၊ လူတွေရဲ့ မသိစိတ်က လောဘကို မောင်းနှင်တယ်။ Sale ဟာ လူတွေရဲ့ အာရုံမှာ ဒီပစ္စည်းဟာ ငါရဲ့ Needs နဲ့ Wants အတွက် ကိုက်ညီမှုရှိတယ်၊ ဝယ်ရတာ တန်တယ်ထင်ရအောင် မသိစိတ်ကို ဆွဲဆောင် စည်းရုံးရတဲ့ အလုပ်ဖြစ်ပါတယ်။ Sales ဟာ Soft skill ဖြစ်ပါတယ်။ တိကျတဲ့ သိအိုရီမရှိပါဘူး။ ဒါပေမဲ့ sale တစ်ယောက်အနေနဲ့ မသိမဖြစ် သိထားသင့်တာတွေ ရှိပါတယ်။

 

၁။ ပြုံးပါ။ တော်တော်များများ သတိမမူမိတတ်တဲ့အရာဖြစ်ပါတယ်။ ပြုံးခြင်းဟာ အကောင်းဆုံး နှုတ်ဆက်နည်းတစ်ခု ဖြစ်ပါတယ်။

 

၂။ အရေးကြီးဆုံးအချက် ကတော့ Customer က ဘာလိုချင်သည်ကို သေချာသိအောင်လုပ်ပါ။ တော်တော်များများဟာ ဒီနေရာမှာ လွဲကြပါတယ်။ ရောင်းဖို့ကိုပဲ အာရုံစိုက်နေတဲ့အတွက် ဝယ်သူက အဓိက ဘာလိုချင်တာလဲ ဆိုတာ မျက်ခြေပျက်သွားတတ်ပါတယ်။

 

၃။ သေသေချာချာ ရှင်းပြပါ။ အသုံးပြုပုံ၊ ထိန်းသိမ်းပုံ maintenance၊ လဲလှယ်ပုံ၊ စတဲ့ user manual တွေကို သေချာရှင်းပြပါ။

 

၄။ ပစ္စည်းကောင်းကြောင်းထက် ကိုယ့် ကုန်ပစ္စည်းကို အသုံးပြုခြင်းအားဖြင့် ဘယ်လိုအကျိုးအမြတ် Benefit ရနိုင်ကြောင်းကို ရှင်းပြပြီး ရောင်းပါ။

 

၅။ After sale service ရှိလျှင် သေချာရှင်းပြပါ။ မိတ်ဆက်ပေးပါ။

 

၆။ အဆင်ပြေလျှင် အခြား ကုန်ပစ္စည်းများနှင့် နှိုင်းယှဉ်ပေးပါ။ ဒါမှ ကိုယ့်ပစ္စည်းကို ပိုပြီး ထင်သာမြင်သာစေမှာပါ။

 

၇။ ဝယ်သူအတွက် သက်တောင့် သက်သာဖြစ်စေမဲ့ အနေအထား (သို့) ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။

 

၈။ ဝယ်သူရဲ့ ထင်မြင်ယူဆချက်များ၊ ဝေဖန်မှုများနှင့် သုံးသပ်ချက်များကို သေချာနားထောင်ပါ။

 

၉။ အချိန်တိုအတွင်းမှာ ခင်မင်ရင်းနှီးရအောင် လုပ်ပါ။

 

၁၀။ ဝယ်သူရဲ့ contact address & Phone နံပါတ်များ ကိုသေချာရေးမှတ်ထားပါ။

 

၁၁။ ကျေးဇူးတင်ကြောင်းကို သေသေချာချာ လှိုက်လှိုက်လှဲလှဲ ပြောပါ။

 

၁၂။ ဝယ်ယူမှု တစ်ခုလုံးမှာ အထစ်အငေါ့မရှိ အောင် ဂရုစိုက်ပါ။

 

၁၃။ Keep your customers for life

 

၁၄။ ကျရှုံးခဲ့တဲ့ အရောင်းများကို ပြန်လည်လေ့လာပြီး ပိုကောင်းတဲ့ အရောင်း Style ကို ဖန်တီးနိုင်မှာပါ။

 

ဒါတွေဟာ သင့်ကို အရောင်းသမားကောင်းတစ်ယောက် ဖြစ်စေမှာ မလွဲပါဘူး။

 

Myanmar Advertising Directory

Read times
Rate this item
(1 Vote)