-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကုမ္ပဏီလုပ်ငန်းကို လမ်းညွှန်ဆိုင်းဘုတ်တပ်ဆင်ဖို့ လိုအပ်တဲ့အချက်များ

သင့်ကုမ္ပဏီလုပ်ငန်းကို လမ်းညွှန်ဆိုင်းဘုတ်တပ်ဆင်ဖို့ လိုအပ်တဲ့အချက်များ Googie


ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းနေရာကို ဖော်ပြချင်ရင်ပဲဖြစ်ဖြစ်၊ လမ်းကြားထဲရောက်နေလို့ပဲဖြစ်ဖြစ် Audience တွေ အလွယ်တကူ ရှာတွေ့နိင်ရန်နဲ့ ကြည့်လိုက်မိတိုင်း ကိုယ့်ရဲကလုပ်ငန်းကို မှတ်မိနေစေဖို့ လမ်းညွှန်ဆိုင်းဘုတ်ကို ချိတ်ဆွဲကြပါတယ်။ ဒီလိုချိတ်ဆွဲတဲ့နေရာမှာ လိုအပ်တဲ့အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဦးဆုံးဌာနမှုးနဲ့ စီမံရေးရာဌာနကို လျှောက်ထားရပါမယ်။ လျှောက်ထားတဲ့ နေရာမှာ အမည်၊ နိုင်ငံသားအမှတ်၊ ရာထူး၊ လုပ်ငန်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို အပြည့်အစုံထည့်ပြီး လျှောက်ထားရပါမယ်။ ပြီးရင် ဒီလျှောက်လွှာနဲ့အတူ MIC ခွင့်ပြုမိန့်၊ ကုမ္ပဏီလိုင်စင်၊ စည်ပင်သာယာလိုင်စင်၊ ဝန်ကြီးဌာနတစ်ခုခုရဲ့ လုပ်ငန်းလုပ်ကိုင်ကြောင်း စတာတွေထဲကမှ တစ်ခုခုနဲ့ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။

လျှောက်ထားမယ့်သူဟာ အပေါ်မှာဖော်ပြခဲ့တဲ့ အထောက်အထားတွေ စာရင်းမှာမပါဝင်ဘူးဆိုရင် သက်ဆိုင်ရာခွင့်ပြုသူရဲ့ ကိုယ်စားလှယ်လွှဲစာနဲ့ ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ နောက်ထပ်လိုအပ်တာကတော့ လမ်းညွှန်ဆိုင်းဘုတ်ကို တပ်ဆင်မယ့်နေရာကို ဓာတ်ပုံရိုက်ပြီးပြသရမှာဖြစ်ပါတယ်။

မတပ်ဆင်ခင်မှာ တွေ့မြင်ရမယ့်ပုံနဲ့ တပ်ဆင်ပြီးတဲံအခါတွေ့မြင်ရမယ့်ပုံကို ကွန်ပြူတာနဲ့ပြင်ဆင်ပြီး တင်ပြမှာဖြစ်ပါတယ်။ မိမိတပ်ဆင်မယ့် လမ်းညွှန်ဆိုင်းဘုတ်ရဲ့ ဒီဇိုင်းကို ကာလာနဲ့ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်းဘုတ်ရဲ့ဖရိန်ပုံစံများကိုလည်း ပူးတွဲတင်ပြရမှာပါ။

အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေပြည့်စုံပြီဆိုရင် သက်ဆိုင်ရာမြို့နယ်စ ည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ခံအင်ဂျင်နီယာ(လမ်းနှင့်တံတား)၊ တာဝန်ခံအင်ဂျင်နီယာ(ရေနှင့်သန့်ရှင်းမှု) တို့ ပါဝင်တဲ့ အဖွဲ့ဝင်တွေနဲ့ ကွင်းဆင်းစစ်ဆေးပြီး ဌာနကိုပြန်လည်တင်ပြပေးတာဖြစ်ပါတယ်။

Echo နဲ့ RevoTech တို့ ပူးပေါင်းပြီး ERA Myanmar ကို တည်ထောင်

မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရဲ့ စစ်ဆေးတင်ပြချက်အပေါ် ခွင့်ပြုမပြုကို ဒုတိယဌာနမှူး၊ ဌာနမှူးဆီကို တင်ပြပါတယ်။ ခွင့်ပြုပါက တစ်နှစ်လုံးစာ ၁ စတုရန်းပေကို ၁၀၀၀ဝ နှုန်းနဲ့ တွက်ချက်ကောက်ခံပါတယ်။ ဆိုင်းဘုတ်ခွန်တွေကိုတော့ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)ရဲ့ ငွေစာရင်းခေါင်းစဉ် DY 7 ၂-၁၂-၀၃-၀၅ နဲ့ လုပ်ငန်း/ ကုမ္ပဏီများကိုယ်တိုင် မြို့တော်ဘဏ်သို့ ပေးသွင်းရမှာဖြစ်ပါတယ်။

မိမိရဲ့ လုပ်ငန်း ဒါမှမဟုတ် ကုမ္ပဏီ ရဲ့ လမ်းညွှန်ဆိုင်းဘုတ် တပ်ဆင်ဖို့အတွက် အပေါ်ကအချက်လေးတွေကို သိထားမယ်ဆိုရင်တော့ ကြိုတင်ပြင်လို့ရမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို သိချင်တယ်ဆိုရင်တော့ https://bit.ly/2XLFzZM ဒီ Link မှာ ဝင်ရောက်ကြည့်ရူနိုင်ပါတယ်။


Source; YCDC
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)