-->
×

Warning

JUser: :_load: Unable to load user with ID: 29


iPhone ကို တိုက်ခိုက်တဲ့ ကြော်ငြာဗီဒီယိုတွေကို ဖယ်ရှားလိုက်တဲ့ Samsung

iPhone ကို တိုက်ခိုက်တဲ့ ကြော်ငြာဗီဒီယိုတွေကို ဖယ်ရှားလိုက်တဲ့ Samsung Google

Samsung က Headphone Jack ကို ဖယ်ရှားလိုက်တဲ့ iPhone တွေကို တိုက်ခိုက်တဲ့ ကြော်ငြာဗီဒီယိုစီးရီးတွေကို ထုတ်လွှင့်နေတာ လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လကလည်း Fast Charger, Dongle, Camera အမည်ရ Ingenius Series Video တွေကို Samsung US ရဲ့ YouTube Channel မှာ မျှဝေခဲ့ပါတယ်။

ကြော်ညာဗီဒီယို (၃) ခုစလုံးမှာ S9 များမှာ ပါပြီး iPhone X မှာ မပါတဲ့ Headphone Jack ကို အသားပေး နှိပ်ကွပ်ထားပါတယ်။ DxOMark ရဲ့ စမ်းသပ်မှုရလဒ်အရ ကင်မရာအပိုင်းမှာ Galaxy များက iPhone X သာနေတာကို ဖော်ပြထားပါတယ်။ ဒါ့အပြင် iPhone X မှာ Fast Charging ကို ရနိုင်ဖို့ Adapter ကို သီးခြားဝယ်ရတာကိုလည်း နှိပ်ကွပ်ထားပါတယ်။

မကြာခင်ကတော့ Samsung ဟာ Galaxy Note 10 Series တွေကို ကြေညာခဲ့ပါတယ်။ အဲဒီဖုန်းတွေမှာ Headphone Jack ကို ဖယ်ရှားထားပါတယ်။ အဲဒီအတွက် Samsung က Headphone Jack မပါတဲ့ Apple iPhone တွေကို နှိပ်ကွပ်ထားတဲ့ ကြော်ငြာဗီဒီယိုတွေကို YouTube Channel ကနေ ဖယ်ရှားလိုက်ပါတယ်။ သတင်းဝက်ဘ်ဆိုက်တွေက Embed လုပ်ထားတဲ့ အဲဒီဗီဒီယိုတွေကိုလည်း ကြည့်လို့မရတော့ပါဘူး။ လက်ရှိမှာ Samsung Malaysia ရဲ့ YouTube Channel မှာ အဲဒီကြော်ငြာ (၁)ခု ကျန်ရှိနေပါသေးတယ်။

Read More>>> Instagram မှ အသစ်ထည့်ထားတဲ့ Branded Content Ads များအကြောင်း

Credit; Digital Times

 

Read times
Rate this item
(1 Vote)