-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖုန်းCharging ခေါင်း မပါတဲ့ Apple ကို Samsung မှ တိုက်ရိုက်ဖဲ့

ဒီတစ်ပွဲမှာတော့ Apple က အကြီးကြီးခံလိုက်ရပါပြီ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က မိတ်ဆက်ခဲ့တဲ့ iPhone အသစ်ထွက် မိတ်ဆက်တဲ့ ပွဲမှာ I Phone 12 series အနေနဲ့ Battery အားသွင်းတဲ့ ခေါင်းမပါသလို နားကြပ်လဲ ထည့်သွင်းပေးမှာမဟုတ်ပါဘူး ဒါဟာ သဘာ၀ပတ်ဝန်းကျင်ကောင်းဖို့ဆိုကာ ပြောပြီး နောက်ထွက်မည့် iPhone 12 series မှာ ဝယ်ယူသူတွေ လိုအပ်သည်များကို ဖုန်းနဲ့ တစ်ပါတည်း ထည့်မသွင်းပေးတော့ပါဘူးတဲ့။

ထိုအချင်းအရာကိုတွေ့တဲ့ iPhone ရဲ့ အကြီးမားဆုံးပြိုင်ဘက် ဖြစ်တဲ့ Samsung က သူ့ရဲ့ ( Facebook အပါအဝင် ) သိပ်မကြာခင် Social Media ပေါ်မှာ '' Galaxy အနေနဲ့ စမတ်ဖုန်းတစ်လုံးကို သင်ဝယ်ယူပြီဆိုပါက သင့်လိုအပ်နေတဲ့ အရာအားလုံးကို ပေးမှာပါ '' ဥပမာ အခြေခံက စပြောရရင် အားသွင်းတဲ့ ဖုန်းချာဂျင် ခေါင်း , ကောင်းမွန်တဲ့ကင်မရာ၊ ကောင်းမွန်တဲ့ ဘက်ထရီ၊ လုပ်ဆောင်ချက်ကောင်း ၊, မှတ်ဉာဏ်ကောင်းများ အပြင် 120 Hz စကရင်ကိုပါ ပေးစွမ်းပါတယ်ဆိုကာ ( မျက်မှန်တပ်တဲ့ အီမိုဂျီနဲ့ ) Apple ကို ဆိုရှယ်မီဒီယာပေါ်မှာ ကလိခဲ့ပါတယ်။

အဆိုပါ Post တွင် Samsung အားသွင်းတဲ့ ဖုန်းချာဂျင် ခေါင်းပုံနဲ့ # Galaxy ဆိုကာရေးသားထားပြီး ပုံထဲတွင် အားသွင်းတဲ့ ဖုန်းချာဂျင် ခေါင်းကို သင့်ရဲ့ Galaxy ထဲတွင်ပါဝင်ပါတယ်ဆိုကာ ရေးထားပြီး Samsung Logo ကိုပါထည့်သွင်းထားပါတယ်။ဒါတွေဟာ လတ်တလော နာမည်ကျော်စမတ်ဖုန်း Brand တွေကြား ဖြစ်နေတဲ့ Product တိုက်ပွဲဖြစ်ပြီး Samsung ဟာ Galaxy F41 ကို အောက်တိုဘာလ ၈ ရက်နေ့က နောက်ဆုံးမိတ်ဆက်ထားပြီး Galaxy Note 20 နဲ့ Note 20 ultra ကိုတော့ ဩဂုဏ်လ ၅ ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။

၎င်း ကြော်ငြာ တိုက်ပွဲကို Samsung ကစခဲ့တာဖြစ်ပေမယ့် Apple ကတော့ ဘာမှတုန့်ပြန်ခြင်းမရှိပါဘူး တကယ်တန်းမှာ iPhone က Packaging ကို ဗူးသေးပြီး ထုတ်မှာဖြစ်ပြီး အားသွင်းကြိုးတော့ထည့်သွင်းပေးထားတယ်သိရပါတယ် iPhone က နားကြပ်ကြိုးတွေကြောင့် တိရစ္ဆာန်လေးတွေ ထိခိုက်ကြောင်း ဆောင်းပါးများတက်လာပြီးထဲက ကြိုးမဲ့နားကပ်တွေကို သဘာ၀ပတ်ဝန်းကျင်အကျိုးပြုဖို့ သုံးစေချင်ပုံရပါတယ်။

Samsung.PNG

 

Samsung Official 


Read times
Rate this item
(0 votes)