-->
×

Warning

JUser: :_load: Unable to load user with ID: 29


Samsung သည် Interbrand ၏ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး နိုင်ငံတကာ ကုန်ပစ္စည်းအမှတ် တံဆိပ်စာရင်းတွင် အဆင့် (၅) နေရာ၌ ရပ်တည်နိုင်ခဲ့

စာရင်း စတင်ထုတ်ပြန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်နှင့် နှိုင်းယှဥ်ပါက Samsung ၏ ကုန်ပစ္စည်း အမှတ်တံဆိပ် တန်ဖိုးသည် ၁၂ ဆခန့် မြင့်တက်လာကာ


 

စုစုပေါင်း ကုန်အမှတ်တံဆိပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၂.၃ ဘီလီယံ အထိ ရှိလာခဲ့သည်။

 

ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးတစ်ခု ဖြစ်သော Samsung Electronics သည် ဂုဏ်သိက္ခာ ကြီးမားလှသော နိုင်ငံတကာ ကုန်အမှတ်တံဆိပ် အတိုင်ပင်ခံ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Interbrand မှ ထုတ်ပြန်သည့် Best Global Brands 2020 (၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး နိုင်ငံတကာ ကုန်ပစ္စည်း အမှတ်တံဆိပ်များ) စာရင်းတွင် အဆင့် (၅) နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ Samsung Electronics သည် ယခုနှစ်တွင် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက စုစုပေါင်း ကုန်အမှတ်တံဆိပ်တန်ဖိုး ၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၎င်း၏ ကုမ္ပဏီသက်တမ်း တစ်လျှောက် စံချိန်တင် ကုန်အမှတ်တံဆိပ်တန်ဖိုးအဖြစ် အမေရိကန်ဒေါ်လာ ၆၂.၃ ဘီလီယံအထိ ပိုင်ဆိုင်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ်တွင် Interbrand မှ Best Global Brands (တစ်နှစ်တာ အကောင်းဆုံး နိုင်ငံတကာ ကုန်ပစ္စည်း အမှတ်တံဆိပ်များ) စာရင်းအား ပထမဦးဆုံး စတင်ထုတ်ပြန်ခဲ့သည့် အချိန်စ၍ Samsung ၏ အမှတ်တံဆိပ် တန်ဖိုးသည် နှစ်စဉ်နှစ်တိုင်း တသမတ်တည်း သိသိသာသာ တိုးတက်လာနေခဲ့သည်။ စာရင်းစတင်ထုတ်ပြန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်တွင် Samsung သည် အဆင့် ၄၃ နေရာ၌သာ ရပ်တည်နိုင်ခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် အဆင့် ၁၉၊ ထိုမှတဆင့် ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၅ နေရာ၌ (၂၀၀၀ ပြည့်နှစ်မှ အမှတ်တံဆိပ်တန်ဖိုးထက် ၁၂ ဆ ခန့် မြင့်တက်လာခဲ့) ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ Samsung သည် ဆန်းသစ်မှုအရှိဆုံးသော နောက်ဆုံးပေါ် ထုတ်ကုန်များအား ဈေးကွက်အတွင်း၌ ဆက်တိုက် မိတ်ဆက်ပေး နိုင်ခဲ့ရုံသာမက နိုင်ငံတကာတွင်လည်း အောင်မြင်သည့် ဈေးကွက်မြှင့်တင်ရေး အစီအစဉ်များ၊ စီမံကိန်းများအား ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ခဲ့သည့် အတွက် ယခုကဲ့သို့ Interbrand မှ ထုတ်ပြန်သည့် တန်ဖိုး အမြင့်မားဆုံးသော အမှတ်တံဆိပ် ၁၀၀ စာရင်းတွင် ထိပ်တန်းအဆင့်၌ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

“နာမည်ကျော် နိုင်ငံတကာ အမှတ်တံဆိပ် အတိုင်ပင်ခံ ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Interbrand ကနေ အခုလို ဂုဏ်သိက္ခာရှိလှတဲ့ အသိအမှတ်ပြုမှုမျိုးကို ရရှိခဲ့တဲ့အတွက် တစ်ကယ့်ကို ဝမ်းမြောက်ဂုဏ်ယူမိပြီး တစ်ချိန်တည်းမှာပဲ Samsung Myanmar ရဲ့ကိုယ်စား ကျွန်တော်တို့ရဲ့ အဖွဲ့သားတွေနဲ့ သုံးစွဲသူတွေကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ Samsung အနေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ တောက်လျှောက် တိုးတက် အားကောင်းလာနေပြီး ဒီထက်ပိုပြီးတော့လည်း ခိုင်မာအားကောင်းလာဦးမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီ ၂၀၂၀ ခုနှစ် အတွင်းမှာလည်း ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေရဲ့ ပြောင်းလဲလာတဲ့ လူနေမှုစနစ်တွေနဲ့ ကိုက်ညီမှု အပြည့်ရှိတဲ့ နောက်ဆုံးပေါ် အဆင့်မြင့် ထုတ်ကုန်များစွာကိုလည်း မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ Samsung အနေနဲ့ အနာဂတ်မှာလည်း လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ နေထိုင်မှုဘဝပုံစံတွေ ပိုပြီးလွယ်ကူလာစေမယ့်၊ ပိုပြီး အဓိပ္ပာယ် ရှိလာစေမယ့် ဆန်းသစ်တဲ့ နည်းပညာဖန်တီးမှုတွေကို ပေးအပ်သွားနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်ဆိုတာကိုလည်း ကတိပေး ပြောကြားလိုပါတယ်” ဟု Samsung Myanmar ၏ Managing Director ဖြစ်သူ Mr. Harrison Song က ပြောကြားခဲ့သည်။

 

Samsung ၏ ဈေးကွက်ဦးဆောင်နိုင်စွမ်းနှင့် ဆန်းသစ်တီထွင်မှုပိုင်းဆိုင်ရာ နယ်ပယ်တွင် ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံမှုများသည် ယခုနှစ် Interbrand ၏ အဆင့်သတ်မှတ်မှုများအတွက် အပေါင်းလက္ခဏာဆောင်သော လေ့လာအကဲဖြတ်မှုများ ရရှိစေခဲ့ရုံသာမက Samsung အနေနှင့်လည်း သုံးစွဲသူများ အကျိုးကျေးဇူး ရရှိရေးအတွက် အဓိကထား လုပ်ဆောင်နေသည့် အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည်။ Samsung သည် ယခုနှစ်တွင် သုံးစွဲသူများ၏ လူနေထိုင်မှုအဆင့် ပိုမိုကောင်းမွန်လာစေရန်အတွက် ခေတ်မီ ဆန်းသစ်ဖန်တီးမှုများ ပါဝင်သည့် Galaxy Z Flip အပြင် လက်တွေ့ဘဝအတွက် သင့်လျော်မှု အပြည့်အဝရှိစေမည့် ၎င်း၏ Samsung Ecosystem (Samsung ဂေဟစနစ်) ကိုလည်း မိတ်ဆက်ပေးနိုင်ခဲ့သည်။ ထို့အပြင် Samsung သည် Visual Display နှင့် Digital Appliances နယ်ပယ်ကဏ္ဍ များတွင်လည်း သုံးစွဲသူများ၏ ပြောင်းလဲလာသော လူနေမှု စနစ်များနှင့် ကိုက်ညီမှုရှိစေမည့် နောက်ဆုံးပေါ် အဆင့်မြင့် ထုတ်ကုန်များနှင့်အတူ ဈေးကွက်အား ဦးဆောင်နိုင်ခဲ့သည်။



Photo_1.jpg

 

အဆိုပါ Best 100 Global Brands (အကောင်းဆုံး နိုင်ငံတကာ ကုန်ပစ္စည်း အမှတ်တံဆိပ် ၁၀၀) စာရင်းအား နှစ်ပေါင်း ၄၀ ကျော်ကြာ သက်တမ်းရှိနေပြီ ဖြစ်သည့် နာမည်ကျော် နိုင်ငံတကာ အမှတ်တံဆိပ် အတိုင်ပင်ခံ ကုမ္ပဏီကြီး Interbrand မှ နှစ်စဉ်ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ ထိုသို့ကြေညာရာတွင် နိုင်ငံတကာ ကုန်ပစ္စည်း အမှတ်တံဆိပ်များ၏ ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်ရရှိမှု (Financial Performance)၊ သုံးစွဲသူများအပေါ် လွှမ်းမိုးနိုင်စွမ်းရှိမှု (Brand Influence on Purchase) နှင့် ယှဉ်ပြိုင်နိုင်စွမ်း (Brand Competitiveness) အစရှိသည့် အချက်အလက်များ အပေါ် အသေးစိတ် ဆန်းစစ်လေ့လာမှုများ ပြုလုပ်ကာ အဆင့်သတ်မှတ်ချက်များ တွက်ချက်ပေးခြင်း ဖြစ်သည်။

Interbrand မှ ထုတ်ပြန်ကြေညာခဲ့သည့် ယခုနှစ်အတွက် အကောင်းဆုံး နိုင်ငံတကာ ကုန်ပစ္စည်း အမှတ်တံဆိပ် ၁၀၀ စာရင်းအပြည့်အစုံနှင့်အတူ ဆန်းစစ်လေ့လာတွေ့ရှိလေ့လာချက် အသေးစိတ်အား

www.interbrand.com/best-global-brands

တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်သည်။


Samsung Electronics Co., Ltd. အကြောင်း

=========


Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက် များကို သိရှိနိုင်ရန် အတွက် http://news.samsung.com (သို့မဟုတ်) http://samsung.com/mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်သည်။

 

Samsung သည် Interbrand ၏ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး နိုင်ငံတကာ ကုန်ပစ္စည်းအမှတ် တံဆိပ်စာရင်းတွင် အဆင့် (၅) နေရာ၌ ရပ်တည်နိုင်ခဲ့

Read times
Rate this item
(0 votes)