-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်လုပ်ငန်းရဲ့ Negative Information တွေ ပျံ့နှံ့လာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းများ

သင့်လုပ်ငန်းရဲ့ Negative Information တွေ ပျံ့နှံ့လာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းများ Google

ယခု အချိန်မှာ လူတိုင်းဟာ social media ကို အသုံးပြု လာတာနဲ့အမျှ အကြောင်းအရာ တစ်ခု ခု ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ ဖြန့် လိုက် တာ နဲ့ အချိန်တို အတွင်းမှာ လျင်မြန်စွာ ပြန့် နှံ့သွားစေ ပြီဖြစ်ပါတယ်။

company များအတွက်ဆိုလည်း social media တွေပေါ်က နှောက်ပြောင်မှုတွေ သတင်းမှား တွေ နဲ့ customer တွေရဲ့ မကျေနပ်မှုတွေ ပြန့်နှံ့မှုဟာ ခေတ်သစ်စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပါတယ်။


company အတော်များများ မှာ PR public relation အဖွဲ့ဖွဲ့ပြီး ဒါတွေကိုရင်ဆိုင်ဖို့ ကြိုစားလာကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနက် social media ပေါ်မှာ ဖြစ်ပေါ်လာမယ့် မိမိ company ရဲ့ negative information တွေ ပြန့်နှံ့ကာ နာမည်ပျက်ရခြင်းမှ ကာကွယ်ရန် ဒါမှမဟုတ် သက်သာစေတဲ့ အချက် (၄)ချက်ကိုဖော်ပြပေးလိုက်ပါတယ်။


၁။ Nagative Information တွေကို အရင်ဆုံးသိအောင်လုပ်ပါ

ပထမတစ်ချက် ဟာ negative information တွေ ဖြစ်ပေါ်လာပြီ company ကို ထိခိုက်စေခြင်းကနေ ကာကွယ်ဖို့ team တစ်ခုဖွဲ့ကာဖြစ်စေ၊ သက်ဆိုင်ရာ stakeholder အားလုံး နဲ့ တိုင်ပင်ကာဖြစ်စေ လုပ်ဆောင်ရမည့်အချက်တစ်ခု ဖြစ်ကာ အလွန်အရေးပါပါတယ်။ company တစ်ခု ရဲ့ negative information တစ်ခု ဖြစ်ပေါ်သွားပြီ ဆိုစို့ ဒီအဖြစ်အပျက်ကို အရင်ဆုံး သိရှိမယ့်သူက company ကိုယ်တိုင်ဖြစ်ပါတယ်။ အရင်ဆုံးကိုယ်က သိအောင်လဲ လုပ်ထားဖို့တော့ လိုပါတယ်။

ဒုတိယက customer ဖြစ်ပါတယ်။ ဒီတော့ negative information ကို customer က မကျေမနပ်ဖြစ်ကာ social media ပေါ်မတင်ခင် company က ဦးအောင်တင်ကာ တောင်းပန်ခြင်း အဖြေတစ်ခု ထုတ်ပေးခြင်းဖြင့် ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် စိတ်ဆိုးမာန်ဆိုးနဲ့ social media ပေါ်တင်တော့မယ့် customer ရဲ့ တန်ပိုဟာ လျော့သွားစေပါတယ်။ ဒါ့အပြင် social media ပေါ်က အခြား potential customer တွေဟာလည်း ဒီ company ဟာ customer care ရှိတယ် ဖြေရှင်းပေးတယ်ဆိုပြီး နာမည်ကောင်းတောင် ရနိုင်ပါသေးတယ်။

နောက်တစ်ခု ကတော့ company က မိမိ product or service အပေါ် customer တွေပေးချင်တဲ့ feedback တွေကို အလွယ်တကူပေးနိုင်မယ့် web site chat box, blog စတဲ့ နေရာတစ်ခု သတ်မှတ်ပြီး customer တွေကို ဒီနေရာ မှာ complain တက်နိုင်ကြောင်းကျယ့်ကျယ့်ပြန့်ပြန့် အသိပေးထားခြင်းပဲဖြစ်ပါတယ်။ ဒီလို နှစ်ဦးသာသိ နိုင်မယ့် channel တစ်ခုပြု လုပ်ထားပေးခြင်းက customer တွေရဲ့ negative feedback တွေ social media ပေါ် ရောက်သွားစေခြင်းကို လျော့ကျစေပါတယ်။ အဲဒီ channel ဟာ social media ပေါ်မှာ ဖြစ်မနေဖို့ တော့ လိုပါလိမ့်မယ်။ ဒီလိုမဟုတ်ပဲ မိမိကလက်ဦးမှု မရှိ နိုင်ပဲ negative information က ပြန့်နှံ့သွားပြီ ဆိုပါစို့ နောက်အချက်တွေ နဲ့ ဆက်သွားရပါမယ်။


၂။ မိမိရဲ့ လုပ်ငန်း Page ကိုစောင့်ကြည့်ပါ

မိမိလုပ်ငန်းအတွက် ဆိုးဝါးတဲ့ feedback တွေကို လူမြင်သူမြင်နေရာတွေ မှာတွေ့နေရမလားဆိုတာကို သိနိုင်ဖို့အတွက် social media တွေ ပေါ်က စကားစုတွေကို စောင့်ကြည့်နေဖို့လိုအပ်ပါတယ်။ နည်းပညာမြင့် company တွေမှာတော့ automated reputation analysis လုပ်နိုင်တဲ့စနစ်တွေကိုသုံးပြီး negative feedback တွေ ကို monitor လုပ်ကြပါတယ်။

Social media ကြီး တစ်ခုလုံးကို စောင့်မကြည့်နေနိုင်ရင်တောင် မိမိ page မှာ ဘယ်လိုအဆိုး feedback တွေ ရရှိနေပြီလဲဆိုတာကို စောင့်ကြည့် နေနိုင်ဖို့လိုအပ်ပါတယ်။ ချက်ချင်းသိနိုင်မှသာ လိုအပ်တဲ့ဆောင်ရွက်မှုတွေကို အမြန်ဆုံးပြန်လည် လုပ်ဆောင်တုံ့ပြန်နိုင်မှာဖြစ်ပါတယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ဖို့ သင့်ကိုဘယ်အရာတွေက နှောင့်နှေးစေတာလဲ...?
၃။ အမျိုးအစားသေချာခွဲပြီးမှ တုန့်ပြန်ပါ

negative message တစ်ခု social media ပေါ်ပြန့်နှံ့တာ တွေ့လိုက်တာနဲ့ အရေးအကြီးဆုံးက ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ချက်ချင်းပြန်မတုန့်ပြန်ဖို့ လိုအပ်ပါတယ်။ ရလာတဲ့ negative message ကို အရင်ဆုံးအမျိုးအစားခွဲခြား ရပါမယ်။ ဥပမာ အားဖြင့် US Air Force Group ဟာ သူ့ဆီကို ရောက်လာတဲ့ negative message တွေ ကို လေးမျိုးခွဲထုတ်ပါတယ်။ Troll, Rager, Misguided, unhappy customer ဆိုပြီး ဖြစ်ပါတယ်။

message ဟာ troll လုပ်တဲ့ conflict သက်သက်ဖြစ်စေချင်တဲ့ message နဲ့ rager သက်သက်နှောက်ပြောင်ခြင်း ဟာသအဖြစ်တင်ခြင်းစတဲ့ အမျိုးအစားနှစ်ခုဆိုရင် company က ပြန်လည်ဖြေရှင်းခြင်း မပြုပါဘူး။ ဒါ့ကြောင့် negative message တိုင်းဟာ တုံပြန်စရာမလိုကြောင်း တွေ့ရမှာဖြစ်ပါတယ်။ misguided အဖြစ် company နဲ့ ပတ်သတ်ပြီး မှာယွင်းတဲ့ information အဖြစ်တင်ထားတာဆိုရင်တော့ သတင်းမှန်ဖြစ်ရန်အတွက် တုံ့ပြန်ပေးရမှာဖြစ်ပါတယ်။ unhappy customer တွေ ဆီက တကယ် ကြုံ တွေခဲ့ရတဲ့ feedback မျိုးဆိုရင်တော့ မဖြစ်မနေ ဖြေရှင်းဖို့လိုအပ်ပါတယ်။


၎။ ကျိုးကြောင်းဆီလျော်စွာဖြေရှင်းပါ

တုံ့ပြန်ရာမှာလည်း သင့်တင့်လျှောက်ပတ်စွာဖြင့် တောင်းပန်ခြင်း အမှားပြင်ဆင်ခြင်းတို့ကို ပြုလုပ်ရမှာဖြစ်ပြီး ပြသနာအတွက် ကျိုးကြောင်းဆီလျော်မယ့် အဖြေတစ်ခု၊ ဖြေရှင်းချက်တို့ကို ပေးရမှာဖြစ်ပါတယ်။ customer အတွက် မိမိcompany တစ်ခုတည်းရဲ့ဖြေရှင်းမှုနဲ့ မလုံလောက်တဲ့အခါမှာလည်း ဥပမာ ကျန်းမာရေးဆိုင်ရာဆိုပါက လိုအပ်တဲ့အစိုးရ အသိအမှတ်ပြုအဖွဲ့အစည်းပြင်ပ အဖွဲ့အစည်းများရဲ့ ထောက်ခံချေပချက်များဖြင့် သင့်တော်စွာတုံ့ပြန်ပေး ရမှာဖြစ်ပါတယ်။

Source; Kaung Hein Soe
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)