-->
×

Warning

JUser: :_load: Unable to load user with ID: 29


လူတွေရဲ့ အာရုံကို ထပ်ပြီး ဖမ်းစားလိုက်တဲ့ Old Spice ရဲ့ ကြော်ငြာဓာတ်ပုံများ

အမျိုးသားသုံး ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်နဲ့ ချိုင်းလိမ်းဆီ စတာတွေကို Old Spice နာမည်နဲ့ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချနေတဲ့ Procter & Gamble ကုမ္ပဏီဟာ ခပ်ဆန်းဆန်း ကြော်ငြာဓာတ်ပုံတွေနဲ့ လူတွေရဲ့ အာရုံကို ဖမ်းစားလိုက်ပြန်ပါပြီ။

old spice 2

 ဂင်းနစ်စံချိန်သစ် တင်လိုက်တဲ့ ၁၄ နာရီကြာ ချွေးနံ့ပျောက်ဆေးကြော်ငြာ

ဓာတ်ပုံတွေမှာ ဆွဲဆောင်အားကောင်းကောင်းနဲ့ ပါဝင် အားဖြည့်ထားတဲ့ သရုပ်ဆောင်ကတော့ အသက် ၄၅ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ Isaiah Mustafa ဆိုသူဖြစ်ပြီး အရင်က ဘောလုံးအားကစားသမားဟောင်း တစ်ဦး ဖြစ်ပါတယ်။

သူ့ကို Old Spice ရဲ့ Television Commercials တွေနဲ့ The Man Your Man Could Smell Like ဆိုတဲ့ ကြော်ငြာစီးရီးတွဲတွေမှာ အဓိက သရုပ်ဆောင်အဖြစ် လူသိများကြပါတယ်။

old spice body wash komodo

ဒီပုံတွေကို Wieden+Kennedy ဆိုတဲ့ အမေရိကန် ကြော်ငြာအေဂျင်စီတစ်ခုက လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပြီး ဓာတ်ပုံရိုက်ကူးပေးတဲ့ သူကတော့ Hugh Kretschmer ဆိုသူ ဖြစ်ပါတယ်။

ကြော်ငြာဖန်တီးရာမှာ ရေပန်းစားလာတဲ့ 3D Hologram Fan

ဓာတ်ပုံတွေကို Old Spice Fiji Campaign, Old Spice Komodo Campaign နဲ့ Old Spice Matterhorn Campaign ဆိုပြီး နာမည်တစ်ခုချင်းစီလည်း ပေးထားပါတယ်။

1212

Procter & Gamble ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ Old Spice ရဲ့ ၁၄ နာရီကြာ ဗွီဒီယိုတစ်ခု လွှင့်တင်ခဲ့ပြီးတဲ့နောက်မှာ ဂင်းနစ်စံချိန်သစ်လည်း တင်ခဲ့ပါသေးတယ်။

ဒီကုမ္ပဏီကို ၁၉၃၇ ခုနှစ်မှာ James Gamble နဲ့ William Procter တို့က စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် ၈၂ နှစ်ကျော် သက်တမ်းရှိနေပါပြီ။

Su Mon Oo

Myanmar Advertising Directory

Read times
Rate this item
(2 votes)