-->
×

Warning

JUser: :_load: Unable to load user with ID: 29


Play Station ရဲ့ ကြော်ငြာ Campaign

Sony ဟာဆိုရင်တော့ လောလောလတ်လတ် ၎င်းတို့ Announce လုပ်ထားတဲ့ Play Station မထွက်ခင် ဈေးကွက်မြှင့်တင်တဲ့ ကိစ္စရပ်များကို ဆောင်ရွက်နေတာ တွေ့ရပါသည်။

 

Play Has No Limits ဆိုတာကတော့ Play Station 5 ရဲ့ ပင်တိုင်ဆောင်ပုဒ်ဖြစ်ပြီး ultra-high-speed SSD ပါတာမို့ လျင်မြန်တဲ့ အစွမ်းသတိရှိပြီး 3 D အသံပိုင်းဆိုင်ရာ ပါဝင်တာမို့ အသံထွက် အားကောင်းပြီး ၎င်းတို့ PS 5 ကို Gamer များ အနေနဲ့ အကန့်အသတ် မထားဘဲ ကစားနိုင်သည် ဆိုလိုချင်တဲ့ ဆောင်ပုဒ်ဖြစ်ပါသည်။

 

ထို Tagline လေးကို မှတ်မိနေစေဖို့ Sony က ကြော်ငြာ လေးတစ်ခု ပြလိုက်တယ်။ ကြော်ငြာ ထဲမှာ အေးစက်နေတဲ့ ရေခဲပြင်ကြီးမှာ လူမဲ အမျိုးသမီး ( Hero ) တစ်ယောက်ကို ထည့်သွင်းရိုက်ကူးထားတာတွေ့ရတယ်။ ထို Hero လျှောက်နေတဲ့ ရေခဲပြင်ကြီးက ကွဲသွားတယ်။ ရေဘဝဲကြီး တိုက်ခိုက်ဖို့ပေါ်လာတယ်။လျင်မြန်မှုကြောင့် အသက်ဘေးကလွတ်သွားတယ်။

 

နောက်တစ်ခန်းက Hero က မုတ်သုန် တောထဲရောက်သွားတယ် စူးစမ်းရှာဖွေနေစဉ် သေနတ် ကြည်လာလို့ ရှောင်လိုက်တာကို ရိုက်ကူးပြသထားတယ်။ သေနတ်သံကို ကြားလိုက်တာမို့ ရှောင်တိမ်းနိုင်လို့ မသေခဲ့ပြန်ဘူး။နောက်ဆုံးတစ်ခုကတော့ လှိုဏ်ဂူထဲဝင် မီးမြား နဲ့ ရန်သူကို ပစ်လိုက်တယ်။ တုန်ခါမှုကို သိရှိနေတာကြောင့် ရှောင်တိမ်းနိုင်သွားတယ်။

 

ဒီကြော်ငြာ မှာ Play Station 5 တွင် ပါဝင်တဲ့ Adaptive triggers ၊ Haptic Feedback ၊ 3 D Audio ကို တိကျစွာဖော်ညွှန်းထားတာတွေ့ရတယ်။ ရုပ်ထွက်ကို 3 D ဆန်ဆန်တွေ့မြင်ရမှာဖြစ်ပြီး ဆိုနီမှ Adam&Eve DDB လုပ်ငန်းစု နဲ့ ပူးပေါင်းဆောင်ရွက်ထားတယ်သိရပါတယ်။လူဖြူ/လူမဲ ၊ ကျား/မ ခွဲခြားမှုတွေကို သိရှိတဲ့ ဆိုနီရဲ့ ဈေးကွက်မြင့်တင်ရေးသမားများဟာ Hero အဖြစ်လူမဲ အမျိုးသမီးကို အသုံးပြုထားတာတွေ့ရပါသည်။

 

Sony ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်မြင့်တင်ရေး ဥက္ကဋ္ဌဖြစ်တဲ့ Mary Yee ပြော ကြားချက်ကတော့ - '' ပြီးခဲ့တဲ့ ဇွန်လ တုန်းက ကျွန်မ တို့ အနေနဲ့ Play Station 5 ကို'Play Has No Limits' ဆိုတဲ့ Tagline တစ်ခုနဲ့ လူတွေကိုချပြခဲ့တယ်။ တကယ်တန်းမှာ ထို စာတန်းလေးက ကြည့်တော့ သာ ခေါ်ဆိုရ လွယ်သယောင် အမှန် က ကျွန်မတို့တွေရဲ့ ရင်ထဲက စကားပဲ ။ ဘာလို့ဆို ကျွန်မတို့အနေနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ Gamer တွေကို ထိထိ မိမိ ပြောချင်တဲ့ စကားလေးဖြစ်နေလို့ပဲ။

 

 

 

Ref : The Drum 

Read times
Rate this item
(1 Vote)