-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာ တစ်ခု စီစဉ်ပြီဆိုပါက သိထားသင့်သည့်အချက်များ

ကြော်ငြာ တစ်ခု စီစဉ်ပြီဆိုပါက အဓိကအားဖြင့် သိထားသင့်တဲ့ အချက် ၅ ချက်ရှိပါတယ်။၎င်းအချက်များမှာ 

 

(၁) ဘယ်လိုကြော်ငြာချင်တာလဲ
ကြော်ငြာနည်း များစွာရှိတယ် ရေဒီယိုနဲ့ ကြော်ငြာ , တီဗီကြော်ငြာ , Billboard , sms ကြော်ငြာ , ကြော်ငြာစာရွက်ဝေခြင်း , Digital Marketing အရ ကြော်ငြာမှာလား သိရှိထားရပါမယ်။

 

(၂) ဘယ်သူ့တွေဆီကိုသင့် ကြော်ငြာကိုရောက်စေချင်တာလဲ
လူငယ်တွေ အတွက်ဆို လူငယ်များစိတ်ဝင်စားလောက်မဲ့ ဒီဇိုင်း အရောင်ဆိုလဲ တောက်တောက်လေးများဖြင့်ကြော်ငြာ သင့်သလို , လူကြီးတွေဆိုလဲ လူကြီးကြိုက်သီးသန့် ပြင်ဆင်ရပါတယ်။

 

(၃) သင်ကြော်ငြာမဲ့ Brand ရဲ့ အားသာချက်ကိုသိရှိနားလည်နေပါစေ
ဥပမာ သင်ကြော်ငြာတဲ့ Brand က Mc' Donald ဆိုပါတော့ Mc' Donald ရဲ့ အားသာချက်သည် နေရာတိုင်းမှာသူ့ရဲ့ ဆိုင်ခွဲတွေရှိနေတာ ထိုအခြင်းအရာကိုဆိုလိုပါသည်။

 

(၄) အကြိုက်လိုက်ပါ
သင့် Brand ရဲ့ပရီသတ်က လူငယ်ဆိုပါတော့ လူငယ်အသားပေး အရာရာကို စဉ်းစားပေးပါ

 

(၅)မုသားမပါလင်္ကာမချော
အနည်းငယ်တော့ လိမ်ညာ ပရိယာယ် သုံးဖို့ လိုပါတယ် ကြော်ငြာဆိုတဲ့ ထုံးစံက ထိုကဲ့ သို့လိမ်မှသာလျင် ကိုယ့် Brand ကိုလူတွေ အာရုံစိုက်မှာမို့ပါ။

 

၁၉၅၀ ခုနှစ် မတိုင်ခင်တုန်းကဆိုဆေးလိပ် ကြော်ငြာတိုင်း ဆေးလိပ်ဟာ ကျန်းမာရေးအတွက်ကောင်းစေတယ်ဆိုကာ ကြော်ငြာဖူးပါတယ်။

 

Myanmar Advertising Directory

Read times
Rate this item
(1 Vote)