-->
×

Warning

JUser: :_load: Unable to load user with ID: 29


အိုင်းစတိုင်း ရဲ့ တစ်ပိုင်းတစ်စနဲ့ Advertising

အိုင်းစတိုင်း ရဲ့ တစ်ပိုင်းတစ်စနဲ့ Advertising google

"ကျနော်တို့တွေဟာ ဒီနေ့ခေတ်အခါမှာ သိပ္ပံပညာနဲ့အသက်ရှင်နေထိုင်ရတယ်။ Jesus က သူဖန်ဆင်းခဲ့တဲ့ ကမ္ဘာမြေကြီးနဲ့စကြာဝဋ္ဌာကြီးအကြောင်းကို နှစ်ပေါင်းဘီလီယံနဲ့ချီပြီးကြာမှ ကျနော်တို့ကို သိအောင်လုပ်နိုင်တယ်။

သိပ္ပံပညာကတော့ နှစ်ပေါင်းထောင်ဂဏန်းလောက်နဲ့ အဲဒိအကြောင်းတွေကိုသိအောင်လုပ်ပေးခဲ့တယ်။ဒီတော့သိပ္ပံပညာဆိုတာဘာလည်း? ကျနော် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးပြောရရင် လူသားတွေအသက်ရှင်နေထိုင်ရေးမှာလွယ်ကူအောင်လုပ်ပေးတာ သိပ္ပံပညာပဲ။ကျနော်တို့အရင်က ည ဘက်မှာမီးမရှိဘူး။ညဘက်နေရထိုင်ရအခက်အခဲတွေရှိတယ်။အက်ဒီဆင် နဲ့ သိပ္ပံပညာရဲ့ကျေးဇူးနဲ့ ညဘက်မှာအဆင်ပြေလာတယ်။ဒါကြောင့်မို့ ကျနော်ကလူပိန်းဆိုတော့ လူပိန်းအတွေးနဲ့ပဲပြောရမယ်။ကျေနာ့်အတွက်တော့ သိပ္ပံပညာဆိုတာ လူသားတွေအသက်ရှင်နေထိုင်ရေးမှာလွယ်ကူအောင်လုပ်ပေးတဲ့အရာ။နောက်တစ်နည်းပြောရရင် အဆင့်မြှင့်တင်ပေးတဲ့အရာ။သိပ္ပံပညာကို အဆင့်မြှင့်တာမဟုတ်ဘူးနော်။လူသားတွေရဲ့အသက်ရှင်နေထိုင်ရေးကိုအဆင့်မြှင့်တာ။သိပ္ပံပညာကအဆင့်မြင့်လာတာမဟုတ်ဘူး။လူသားတွေ အသက်ရှင်နေထိုင်ရေးကအဆင့်မြင့်လာတာ။နောက်ပြီး လူသားတွေရဲ့စိတ်ဝိဥာဏ်ကို သိပ္ပံပညာနဲ့ မထိန်းချုပ်နိုင်ဘူးလို့ပြောကြတယ်။မှန်ပါတယ်.....မထိန်းချုပ်နိုင်ပါဘူး။ဒါပေမယ့် ကျနော် အိုင်းစတိုင်းရဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကြားဖူးတယ်။ဇာတ်လမ်းကဒီလို။ကောင်လေးတစ်ယောက်က ဂန္တ၀င်သီချင်းကြီးတွေကို နားထောင်ဖို့ကြိုးစားကြည့်တယ်။သူက ခေတ်ပေါ်သီချင်းတွေနားထောင်တဲ့သူဆိုတော့ အဲ့သီချင်းကြီးတွေကို ဘယ်လိုမှနားထောင်လို့အဆင်မပြေဘူးဖြစ်နေတယ်။အဲဒါနဲ့ သိပ္ပံပညာရှင်ကြီးအိုင်းစတိုင်းဆီကိုသွားတယ်။ကျနော့်ကိုဗျာ သိပ္ပံပညာနဲ့ ဒီဂန္တ၀င်သီချင်းတွေကို နားထောင်လို့အဆင်ပြေအောင်လုပ်ပေးပါလို့သွားပြောတယ်။အိုင်းစတိုင်းကဘာပြန်ပြောလည်းဆိုတော့…..
“သိပ္ပံပညာကတော့ မင်းကိုအဲ့သီချင်းတွေကြိုက်အောင်တော့မလုပ်ပေးနိုင်ဘူး။ဒါပေမယ့် ငါတတ်နိုင်တာတော့လုပ်ပေးမယ်” ဆိုပြီး သူ့ကို အရမ်းကြီးလည်း ဂန္တ၀င်မဖြစ် ၊ အရမ်းကြီးလည်း ခေတ်ပေါ်မဟုတ်တဲ့သီချင်းမျိုးရွေးပြီးအရင်နားထောင်ခိုင်းလိုက်တယ်။ပီးတော့ကောင်လေးကိုအဆင်ပြေလားဆိုပြီးမေးလိုက်တော့ ကောင်လေးက "ဟုတ်.....ဒီလောက်ဆို အဆင်ပြေပါတယ်" လိုပြန်ပြောတယ်။အဲမှာ အိုင်းစတိုင်းကဘာပြောလည်းဆိုတော့ "အေး..........အဲဒါမင်းလိုချင်နေတဲ့ သိပ္ပံပညာပဲကွ။မင်းလိုချင်တာကိုလွယ်ကူအောင်လုပ်ပေးတာ သိပ္ပံပညာပဲ။မင်းဒီလိုသီချင်းမျိုးတွေအရင်နားထောင်။နောက်ပိုင်း ကျင့်သားရသွားတော့မှ ဒိထက်သီချင်းကြီးတွေ ထပ်နားထောင်" ဆိုပြီးပြောလိုက်ပါတယ်။
ဒါကတော့ FM ကနေလာတဲ့ သိပ္ပံပညာအကြောင်းတစ်စွန်းတစ်စလေးပါ။အဲမှာကျနော်ဘာအတွေးသွားပေါက်လဲဆိုတော့.......ကျနော်တို့ လုပ်နေတဲ့ Advertising လည်း သိပ္ပံပညာနဲ့ဆင်နေတယ်။Advertising ဟာလည်း စားသုံးသူတွေကို Product အကြောင်းသိဖို့ ၊ Product ကိုဝယ်ဖို့အတွက် အလွယ်ကူဆုံးဖြစ်အောင်လုပ်ပေးရတာပဲ။ဘယ်နေရာမှာဝယ်ရမလဲမသိရင် သိအောင်လုပ်ပေးတယ်။ဘာတွေကောင်းကျိုးရှိလည်းမသိရင်သိအောင်လုပ်ပေးတယ်။ဒါကြောင့် စားသုံးသူတွေဟာ product တွေကို ၀ယ်ယူသုံးစွဲရတာပိုမိုလွယ်ကူလာခဲ့တယ်။ဒါပေမယ့် ခုနက အိုင်းစတိုင်းဇာတ်လမ်းလေးလိုပဲ ကိုယ့်ရဲ့စားသုံးသူက ဘယ်လိုစားသုံးသူမျိုးလည်း ဘယ်လိုအရာကိုလိုချင်နေတာလည်းဆိုတာကိုတော့သိထားရမယ်။ဒါမှ အိုင်းစတိုင်းက ကောင်လေးကို ဂန္တ၀င်သီချင်းကြီးတွေနားထောင်ဖို့ အရင်ဆုံးအလယ်အလတ်သီချင်းတွေနားထောင်ခိုင်းသလိုမျိုး စားသုံးသူကိုလည်း ကိုယ့်ရဲ့ product ကိုဝယ်ချင်လာအောင် ဘယ်လိုဆွဲဆောင်ရမလဲဆိုတာသဘောပေါက်နားလည်းပြီး စားသုံးသူကို ကိုယ့် product ကိုဝယ်ဖို့လွယ်ကူအောင်လုပ်နိုင်ပါလိမ့်မယ်။စာတော့နည်းနည်းရှည်နေပြီဗျာ။ဒါပေမယ့် ထပ်ပြောချင်တာလေးတစ်ခုရှိနေသေးတယ်။ကျနော်တို့မြန်မာနိုင်ငံဟာ နိုင်ငံတစ်ကာနဲ့ယှဉ်လိုက်ရင် အစစ အရာရာ နောက်ကျနေခဲ့တယ်။Advertising ကဏ္ဍမှာလည်းနောက်ကျနေခဲ့တယ်။မြန်မာလူမျိုးတွေက ကြော်ငြာဆိုရင် မင်းသား မင်းသမီးတွေနဲ့ ကတယ် ခုန်တယ်ဆိုတာကိုပဲမျက်လုံးထဲစွဲနေခဲ့တယ်။မြန်မာပြည်ရဲ့ Creative သမားအများစုက အဲဒါကိုအားမလိုအားမရဖြစ်နေတယ်။ဘာလို့ဆို သူတို့က အမိုက်စားကြော်ငြာတွေဖန်တီးချင်တာလေ။အဲဒါကို အခုလုပ်နေရတာတွေက မြန်မာနိုင်ငံရဲ့စားသုံးသူနဲ့အဆင်ပြေအောင်လုပ်နေရတာဆိုတော့ ခုနက အိုင်းစတိုင်းနဲ့ကောင်လေးလိုဖြစ်နေတယ်။ကောင်လေး နားထောင်နေကျက ခေတ်ပေါ်သီချင်းတွေ ဒါပေမယ့် နားထောင်ချင်နေတာက ဂန္တ၀င်သီချင်း။ဘယ်လိုမှအဆင်မပြေဘူး။ဒါပေမယ့် ကျနော်တို့ ကြော်ငြာဖန်တီးသူတွေက အိုင်စတိုင်းစိတ်ဓါတ်မျိုးထားပြီး အမိုက်စားကြော်ငြာလည်းဖြစ် ဒီနိုင်ငံရဲ့စားသုံးသူနဲ့လည်းအဆင်ပြေတဲ့ကြော်ငြာလေးတွေအရင်ဆုံးဖန်တီးပြရမယ်။နောက်ပိုင်း ကျင့်သားရသွားပြီး trend ပြောင်းလာတဲ့အခါကျမှ ကောင်လေးနားထောင်ချင်တဲ့ ဂန္တ၀င်သီချင်းလိုမျိုး နိုင်ငံတကာအဆင့်မီ အမိုက်စားကြော်ငြာတွေ ကြိုက်သလောက်ချပြလို့ရမှာလို့ထင်ပါတယ်။ဆိုတော့ အနှစ်ချုပ်လိုက်ရင် Advertising ဆိုတာ သိပ္ပံပညာလိုပဲ လူသားတွေနေထိုင်စားသောက်ရေးမှာ လွယ်ကူအောင်လုပ်ပးတဲ့အရာ။နောက်ပြီး ကြော်ငြာတွေဖန်တီးတဲ့အခါ ခေတ်လည်းမီ မြန်မာနိုင်ငံ မြို့နေလူများသာမက ကျေးလက်တောင်သူတွေပါ အဆင်ပြေမယ့် အလယ်အလတ်ကြော်ငြာများ ဖန်တီးသင့်ပါကြောင်းဆွေးနွေးတင်ပြလိုက်ရပါတယ်။

Recommended for u- ကြော်ငြာကောင်းတစ်ခုဖြစ်ဖို့ ဘယ်လို ပုံဖော်ဖန်တီးမလဲ?

Source:advertising in myanmar

Read times
Rate this item
(1 Vote)