-->
×

Warning

JUser: :_load: Unable to load user with ID: 29


KFC အနေနဲ့ သူတို့ရဲ့ Finger Lickin' Good ဆောင်ပုဒ်အား ကိုဗစ်နှင့်မသင့်တော်လို့ဖြုတ်ချ

KFC အနေနဲ့ သူတို့ရဲ့ လက်ချောင်းလျက်ရတဲ့အထိ ကောင်းတယ် ''It’s Finger Lickin' Good '' ဆိုတဲ့ ဆောင်ပုဒ်ဟောင်းကို ယခုလို ကိုရိုနာ ရောဂါဖြစ်ပွားချိန် နှာခေါင်းစီးများ အုပ်နေကြပြီး လက်ကို မကြာခဏ ဆေးခိုင်းနေချိန်မှာ ကြော်ငြာ Campaign အသစ်တစ်ခု ပြုလုပ်ရန် ကိုဗစ်အကြောင်းပြုပြီး အကြံရလာတယ်နဲ့တူပါတယ်။

 

အခုချိန်မှာ အလွယ်တကူ အမြန်ပြင် အစားအစာ လုပ်ငန်းစု KFC မှ ၎င်းတို့နဂိုက ပြုလုပ်ထားတဲ့ ဆောင်ပုဒ်ကို ကိုဗစ်ဖြစ်တဲ့ အချိန်မှာ ပြောင်းလဲချင်နေပုံပါပဲ။ အခုအခါ မှာတော့ ဆယ်စု နှစ် ၆ ခု စာလောက်သုံးခဲ့တဲ့ ဆောင်ပုဒ်လေးကို ''It’s Finger Lickin' Good ''ကိုမှ Finger Licking ကို မမြင်သာအောင် ဝါးထားပြီး တမင်ကြော်ငြာ Campaign တစ်ခုလုပ်ခဲ့ပါတယ်။

 

စျေးကွက် မြှင့်တင်ရေးဆိုင်ရာ သတင်းဌာနတစ်ခုဖြစ်တဲ့ The Drum မှပြောကြားချက်ကတော့ ပြီးခဲ့တဲ့ မတ်လလောက်တုန်းကဆိုရင် ကိုဗစ် တရားလွန် ဆိုးဝါးနေတဲ့ အချိန်ဖြစ်ပြီး KFC ရဲ့ အဆိုပါဆောင်ပုဒ်ကို လူပေါင်း ၁၅၀ ကျော်လောက်က ကြော်ငြာ ရေးရာ စနစ်ထိန်းချုပ်ရေး လုပ်ငန်းစုကို မသင့်တော်ကြောင်း အကြောင်းကြားခဲ့ပါတယ်။

 

KFC အနေနဲ့ ပြီးခဲ့တဲ့ မတ်လတုန်းကတော့ KFC ဆိုင်ပိတ်ခဲ့ပါတယ်။ သို့ပေမယ့် ပြန်လည် ဖွင့်လှစ်တဲ့ အခါမှာ ဆောင်ပုဒ်အသစ်နဲ့ ခါတော်မှီလေး ပြန်လာခဲ့ပါပြီ။ အခုဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးတွေနဲ့ စနစ်တကျ ကျကျနန ဆိုင်ကို ပြန် လည်ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါတယ်။

 

KFC မှ တစ်ကမ္ဘာလုံး ဆိုင်ရာ စျေးကွက်မြှင့်တင်ရေးသမားဖြစ်သူ Catherine Tan-Gillespie ပြောကြားချက်အရ “ ကိုယ်တွေက အချိန်နဲ့ အခါကို သိရှိနားလည်ရတယ် ၊ အခုလိုကိုဗစ်ဖြစ်တဲ့ အချိန်မှာ နာမည် ကြီး ဆောင်ပုဒ်ကြီးဖြစ်နေပေမယ့်လည်း ပတ်ဝန်းကျင်တဲ့ ဆီလျော်တာကို ပြောင်းပေးရမှာပါပဲ ၊ ဒါကြောင့် It’s Finger Lickin’ Good’ ကြော်ငြာ Campaign ကိုရပ်ကာ လူအများ အသိကပ်စေရန် ကိုဗစ်ကို သတိထားရန် It’s Good ဆိုတာကိုပဲထားပြီး Finger Lickn’ ကို ဝါးထားမယ် “ လို့ပြောပါတယ်။

 

KFC ဟာ UK နဲ့ Ireland မှာ ဆိုင်ပေါင်း ၉၀၀ ကျော်ရှိပြီး ဝန်ထမ်းပေါင်း ၂၇၀၀၀ ရှိတယ်လို့ သိရပါတယ်။ဒါဟာ KFC အနေနဲ့ သူတို့ရဲ့ဆောင်ပုဒ်ကို ဖြုတ်ချတာ အခုမှ မဟုတ်ပါဘူး ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်တုန်းကလည်း Hiatus မှာ ဝမ်းရောဂါတွေဖြစ်တော့ Finger Lickin’ Good နေရာမှာ So Good လို့ပြောင်းလဲခဲ့ဖူးပါတယ်။

 



Myanmar Advertising Guide 

 

Ref : The Guardian

Read times
Rate this item
(0 votes)