-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးကရက် သမ

စီးကရက် သမ Google



 


 


 


 


 


 


 


 


 


 


 


 

ခန္ဓာကိုယ် ချို့ယွင်းချက်ကို အားသာချက်အဖြစ်ပြောင်းလဲခဲ့တဲ့ Model လေး

 

ယနေ့ တိုင်အထိတော့ လောင်းကစားရုံတွေ ၊ နိုက်ကလပ်တွေ မှာ စီးကရက်သမလေးတွေရှိနေစဲပါပဲအထူးသဖြင့် Las Vegas ရဲ့ ဟော်တယ်တွေ ၊ လောင်းကစာရုံ တွေ ပေါတဲ့ လမ်းမှာ ရှိနေစဲပါ။







 


 


 

Outdoor Advertising Specialist (ပြင်ပရိုက်ကူးရေးကြော်ငြာလုပ်ငန်းများ(၄၀)ကိုရှာရန်နှိပ်ပါ။)

 

>>> Unicode <<<

 

စီးကရကျ သမ

---------

 

ဥရောပ နဲ့ အမေရိက စတဲ့ နိုင်ငံ တွေမှာ ဆေးလိပ်ကို လည်ပင်းသိုင်းကြိုးပါတဲ့ ဗန်းလေးတွေ နဲ့ ထည့်ပြီး အစမ်းကြော်ငြာ လိုက်တိုက်ကာရောင်းတဲ့ ဆေးလိပ် သမ လေးတွေ ကို ဘိလပ် အခေါ်အဝေါ် Cigarette Girl လို့ ခေါ်ဆိုပါတယ်
အချို့ ဥရောပ နိုင်ငံတွေမှာဆို အဆိုပါ လည်ပင်းဆွဲ ဗန်းတွင် သကြားလုံးများ , အစာပြေ မုန့်များ နဲ့ ပီကေ များပါဝင်ပါတယ်။

 

ယနေ့ ခေတ်မှာ တော့ ထို အဆိုပါ Cigarette Girl Marketing ကို မိန်းမလှ လေးတွေနဲ့ သီးသန့် ပြု လုပ်လျှက်ရှိပြီး အာရှနိုင်ငံ များ နှင့် မြန်မာ နိုင်ငံပါ ပါဝင်လာပါခဲ့ပါတယ်။မြန်မာ ပြည်ရဲ့ ယာမကာဆိုင်ထူထပ်သော ၁၉ လမ်း တွင် ထိုအမျိုးသမီး လေးများ အားတွေ့နိုင်ပါသည်။

 

Cigarette Girl တွေက များ သော အားဖြင့် သူတို့ Marketing ဆင်းတဲ့ Brand ရဲ့ အရောင် ပေါ်မှာ လိုက်ပြီး ဝတ်စုံကို ဝတ်ဆင်ကြရပါတယ်။ဥပမာ Marlboro ဆိုပါတော့ သူ့ ကိုယ်စားအရောင်တွေဖြစ်တဲ့ အနီရောင်ကို ခန္ဓာကိုယ်ကောက်ကြောင်း ပေါ်တဲ့ ဝတ်စုံ နဲ့ ဝတ်ဆင်ကြတယ်။

 

စီးကရက် လုပ်ငန်းစုတွေက ထို အမျိုး သမီးလေးများ ကို အမျိုးသား customer ကို ဆွဲ ဆောင် နိုင်ဖို့ သင်တန်းအရင်ပေးတယ်သိရပြီး အရောင်းသမားတွေသိသင့် သိထိုက်သော စိတ်ဖတ်စွမ်းရည်ကိုပါ သင်ကြားထားတယ်သိရပါတယ်။

 

တစ်ချို့ Cigarette Girl လေးတွေဟာ ဆိုရင်တော့ အရမ်းချမ်းသာတဲ့ စီးပွားရေး လုပ်ငန်း ရှင်တွေနဲ့ အီစီကလီ လုပ်ကာ အပိုငွေ ရဖို့ ကြိုးစားကြတယ်သိရပါတယ်။

 

အခု သင်တို့ တွေ့နေ ရတဲ့ စီးကရက် အရောင်းသမ လေးတွေ စတင်ပေါ် ပေါက်လာခဲ့ တာကတော့ အမေရိက ရဲ့ စီးပွားရေး အကောင်အထည်ဖော်စဉ်ကာလဖြစ်တဲ့ ၁၉၂၀ မှာပါ။

 

ပြောရရင်တော့ အဲ့ ကာလ အချိန်တွေတုန်း က အရက်ဆိုင်ကြီး များ နဲ့ ညနက်စားသောက်ဆိုင်များ မှာ အဆိုပါ ဆေးလိပ်သမ လေးတွေ သိပ်ထွန်းကားစွာမတွေ့ရသေးပါဘူး။

 

ယခင် ရှေးခေတ် ဟောလိဝုဒ် ရဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲ ဇာတ်ကောင်တွေ အဖြစ် စီးကရက် သမ လေးများ က ပါဝင်ခဲ့ရကနေ စပြီး နောက်ပိုင်းမှာ စီးကရက် သမ လေးများအပြင်လောကတွင်ပါ တွင်ကျယ်စွာပေါ်ပေါက်လာတာပါ။

 

ထို ရုပ်ရှင်တွေတော်တော်များများ မှာတော့ စီးကရက် သမလေးတွေဟာ နိုက်ကလပ် တွေရဲ့ အမှတ်အသားအဖြစ်ပါဝင်ခဲ့ကြပါတယ်။

 

၁၉၉၃ လောက်မှာတော့ စီးကရက် သမလေးတွေက အရမ်းကို တိုးပွား လာခဲ့ပါပြီ တစ်ချို့ဆို ပညာတတ် အသိုင်းအဝိုင်းမှ မိန်းမပျိုလေးများကတောင် ငွေရ အလှပြ အရောင်း မြှင့်တင်ရသော ထို အလုပ်ကို မျက်စိကျခဲ့ပါသတဲ့။

 

၁၉၃၀ မှ ၁၉၄၀ ခုနှစ်တွေမှာတော့ စီးကရက် သမလေးတွေဟာ အမေရိကန် နိုင်ငံရဲ့ စားသောက်ဆိုင် ၊ ကလပ် ၊ ဘား ၊ လေဆိပ် နှင့် လောင်းကစား ရုံကြီးများ ၎င်းတို့ကို တွေ့ နေရပါပြီ။

 

ဒုတိယ ကမ္ဘာ စစ် အပြီး ၁၉၅၀ လောက်မှာ ထို စီးကရက် သမ လေးများဟာ အားကစားခန်းမ ၊ ရုပ်ရှင်ရုံများ ၊ ဂီတ ခန်းမများ တွင်တွေ့ နေရပါပြီ။

 

၁၉၅၀ နှစ်တွေ အလယ်ပိုင်းရောက်ချိန်မှာတော့ စီးကရက် က ကြော်ငြာ များ နှင့် Product ကအတော်လေး ဈေးကွက်ရ သွားပြီဖြစ်တာမို့ ဆေးလိပ်စက်ရုံ ပိုင်ရှင်တွေက နေ့စားကြေးငွေ ပေးရတဲ့စီးကရက် သမလေးတွေကို သိပ်များများစားစား မသုံးတော့ပါတော့ပါဘူး တဲ့ ။

 

ယနေ့ တိုင်အထိတော့ လောင်းကစားရုံတွေ ၊ နိုက်ကလပ်တွေ မှာ စီးကရက်သမလေးတွေရှိနေစဲပါပဲအထူးသဖြင့် Las Vegas ရဲ့ ဟော်တယ်တေ ွ ၊ လောင်းကစာရုံ တွေ ပေါတဲ့ လမ်းမှာ ရှိနေစဲပါ။



စီးကရက်သမလေးတွေဟာ စီးကရက် ကြော်ငြာ ရုံ နဲ့ ရောင်းရုံသာဖြစ်ပြီး ဈေးကွက် တစ်ခုကို ဖောက်ပေးတဲ့ Sale & Marketing သမားတွေထဲက လူတစ်စုပါပဲ ၊ သူမတို့ မှာ သိက္ခာ ရှိပါတယ် အလုပ်ကို သာ အားထားကြတဲ့ သူများပါ။



ယနေ့ ခေတ်မှာတော့ နေ့စား နဲ့ သူမတို့ကို ငွေ ရှင်းပေးတယ်သိရပြီး ရောင်းရရင် ရောင်းရ သလို ကော်မရှင် နဲ့ ပြန်ရှင်း ပေးတယ်သိရပါတယ်။

 

သူမ တို့ လုပ်ငန်းမစခင် ညနေထဲက စီးကရက် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေက နေရာကို List လုပ်ထားတယ်သိရပြီး ထို ထဲ ကအတိုင်နေရာ အတိအကျ သွားရပါတယ်တဲ့။

 

Image result for Cigarettes girl

 

Source From Vogue

Myanmar Advertising Directory 

 

 

Read times
Rate this item
(0 votes)