-->
×

Warning

JUser: :_load: Unable to load user with ID: 29


Ticket Count များများရအောင် ဘယ်လိုလုပ်ကြမလဲ

Ticket Count များများရအောင် ဘယ်လိုလုပ်ကြမလဲ google

Ticket Count ဆိုတာကတော့ ဈေးဝယ်သူတွေ ၀ယ်ယူထားတဲ့ Slip (ဘောက်ချာ) အရေအတွက် ကိုဆိုလိုတာပါ။

Supermarket တစ်ခုရဲ့ တစ်နေ့ကို Slip (ဘောက်ချာ) စုစုပေါင်းလို့ ဆိုပါတယ်။ ဒီနေရာမှာ ဆိုင်ထဲကို လူဘယ်နှယောက်ဝင်လဲ ဆိုတာနဲ့မတူပါဘူး။ မိသားစုသုံးယောက် လာဝယ်တယ်ဆိုပါစို့။ Headcount က သုံးယောက်ဆိုပေမယ့် Ticket Count (TC) ကတော့ သူတို့တစ်ကြိမ်ပဲ Checkout Counter မှာ ရှင်းသွားရင် TC က ၁ ပဲဖြစ်မှာပါ။

 

Value Driven Marketing ဆိုတဲ့ခေတ်ကြီးမှာ အမြဲတမ်း ဈေးဝယ်သူတွေ မိမိတို့ဆိုင်ထဲမှာ ပျော်မွေ့နေအောင် ပေးစွမ်းရပါတယ်။ ခဏခဏလာဝယ်ဖို့ (TC များဖို့) ဆိုတာ မိမိ ကုန်အမှတ်တံဆိပ်အပေါ် Loyalty ရှိနေမှရမှာပါ။ Shopping Experience ကောင်းတစ်ခုပေးနိုင်ဖို့ သူနဲ့ထိတွေနေတဲ့ နေရာတွေအကုန်လုံးမှာ အစစအရာရာ သတိထားရပါတယ်။

 


၁။ မိမိရဲ့ ကုန်အမှတ်တံဆိပ်နှင့် ဆိုင်အားသိရှိစေခြင်း

ဝယ်သူတွေဟာ အကြားအမြင်မရလို့ ဘယ်ဆိုင်ဘယ်နားမှာ ဖွင့်တော့မယ်ဆိုတာ ကြိုမသိပါဘူး။ Awareness ကောင်းအောင် မိမိရဲ့ Brand Direction အပေါ်မူတည်ပြီး လိုအပ်တဲ့ နည်းဗျူဟာတွေနဲ့ တွန်းရပါတယ်။

 


၂။ Loyalty တည်ဆောက်ခြင်း

တစ်လအတွင်း Sticker ဘယ်နှခုရရင် Shopping Voucher ဘယ်လောက်ပြန်ပေးမယ် ဆိုတာမျိုး၊ နောက်တစ်ခေါက်လာဝယ်တဲ့အခါ (Next Purchase) Discount လျှော့ပေးတာမျိုး ကအစပေါ့။

 


၃။ Store Ambience တည်ဆောက်ခြင်း

“ဒီဆိုင်လေးက ၀ယ်လို့ကောင်းတယ်နော်” ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ ကြိုးစားအားထုတ်မှုတွေ အများကြီးရှိပါတယ်။ Retail is Details ပါ။ Christmas သစ်ပင်နဲ့ ဓာတ်ပုံလေးတစ်ပုံ ဈေးဝယ်သူတွေရိုက်နိုင်ဖို့ဆိုတာဟာ Christmas ဆိုတဲ့ အချိန်ကာလနဲ့ လိုက်လျောညီထွေဖြစ်နေတဲ့ Ambience ကိုဖန်တီးပေးတာပါပဲ။ သင်္ကြန်မတိုင်မီမှာ ပိတောက်ပန်းနဲ့အလှဆင်တာမျိုး၊ စတုဒီသာကျွေးတာမျိုးတွေက ကောင်းမွန်တဲ့ Store Ambience တွေကို ဦးတည်ပြီး Customer တွေကို Positive Moment တွေဖန်တီးပေးပါတယ်။

 


၎။ ပွဲများပြုလုပ်ခြင်း

Event တွေကတော့ ဆိုင်ကို လူတွေဝင်ဖို့ ဆွဲဆောင်ပါတယ်။ ဈေးဝယ်သူတွေကို ဖျော်ဖြေရေးအစီအစဉ်ကောင်းလေးတွေနဲ့ ဆိုင်ကိုလာဖို့ဆွဲဆောင်ရပါတယ်။ ပျော်ပျော်ရွှင်ရွှင်လေးနဲ့ ဈေးဝယ်သူတွေကိုတိုင် ပါဝင်လို့ရမယ့် အစီအစဉ်တွေနဲ့အတူ အကောင်းဆုံး Moment တွေ ဖန်တီးပေးရပါတယ်။

 


၅။ Promotion ကုန်ပစ္စည်းများ

ဘယ် Supermarket မှာမဆို ကုန်ပစ္စည်း Promotion ဆိုတာ ရှိတတ်ပေမယ့် Discount Store တွေမှာ အများဆုံးတွေ့ရပါတယ်။ တင်သွင်းသူတွေနဲ့ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိစေနိုင်တဲ့ Promotion မျိုးတွေ ဖန်တီးပေးခြင်းကတဆင့် ဈေးဝယ်သူတွေကို စိတ်ကျေနပ်မှုတွေရရှိစေပါတယ်။

 

Credit

Myanmar Advertising Directory

Read times
Rate this item
(1 Vote)