-->
×

Warning

JUser: :_load: Unable to load user with ID: 29



Marlboro ဈေးကွက်ထဲအသွင်ပြောင်းလဲကာနေရာယူရန်ကြိုးစား Google









 

Johnnie Walker အကြောင်း နှင့် သူ့ရဲ့ စိတ်ဝင်စားဖွယ်ကြော်ငြာများ

 







 

Unicode >>>>

Marlboro ဈေးကွက်ထဲအသွင်ပြောင်းလဲကာနေရာယူရန်ကြိုးစား

 

Marlboro ဟာ အခုဆိုရင်တော့ ဆေးခြောက် အရွက်ဖြင့်ပြုလုပ်တဲ့ဆေးလိပ်ကို ထဲထဲ ဝင်ဝင် ထုတ်လုပ်ချင်ပုံပါပဲ။

BBC ရဲ့ ပြောပုံအရတော့ Marlboro ရဲ့ ပဲ့ကိုင်ရှင် ဖြစ်သူ Altria က ကနေဒါနိုင်ငံကဆေးခြောက်ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းစု အကြီးစား ဖြစ်တဲ့ Canada’s Cronos Group နဲ့ စကားပြောဆိုနေပြီလို့သိရပါတယ်။

အခုထိတော့ အလုပ်တွဲလုပ်ဖြစ်လား မလုပ်ဖြစ်လားဆိုတာသေချာမသိရသေးပေမဲ့ Marlboro နဲ့ Canada’s Cronos Group သဘောတူညီချက်တွေ ပြောဆိုနေပြီဆိုတာ သေချာပါတယ်။

Marlboro ဟာ ဆေးလိပ်အမျိုးအမည် ခွဲထုတ်ရာတွင်ပိုမိုအားစိုက်ချင်နေတယ်သိရပါတယ်။

Marlboro ဟာအဆိုပါ ဆေးခြောက်နှင့် ပြုလုပ်သော ဆေးလိပ်ရဲ့ ကြော်ငြာကို အစိမ်းရောင်လှိုင်လှိုင် အသုံးပြုမယ်သိရပါတယ်။

Marlboro တင်မကပါဘူး အခြားလုပ်ငန်းစုတွေဖြစ်တဲ့ နာမည်ကြီး လုပ်ငန်းများကလည်း ဆေးခြောက်ကို အစက တော်လှန်တိုက်ထုတ်ခဲ့ကြပေမဲ့ အခုတော့ တစ်ဖန်ပြန် မျက်စိကျလာတယ်သိရပါတယ်။

 

ဈေးကွက်အတွင်းမှ အတုအပ အရက်များသတိထားကြပါ

 

Corona ဘီယာ ပိုင်ရှင်ဖြစ်သူကလည်း ယခု ဆိုရင် ဆေးခြောက်ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းစု နဲ့ ချိတ်ဆက် နေပြီသိရပါတယ်။

ဒါ့ထက် အမေရိက မှာ ယခင် ဆေးရွက်ကြီး စိုက်ပျိုးသူတွေဟာဆေးခြောက်စိုက်ပျိုးဖို့ မျက်စိကျလာပါတယ်တဲ့။

ထို့ပြင် ဆေးရွက်ကြီး ဖြန့်ဖြူးတဲ့ အသင်းအဖွဲ့ ကလည်း ယူကေ အခြေပြု ဆေးခြောက်စိုက်ပျိုးခြင်းဆိုင်ရာလေ့လာ ရေးလုပ်ငန်းစုမှာ ရင်းနှီးမြှပ်နှံထားပါသတဲ့။

ဒါ့ထက် ကိုကာကိုလာဟာ ယခုဆိုရင် ကနေဒါမှ ဆေးခြောက်ထုတ်လုပ်တဲ့လုပ်ငန်းစု Aurora နဲ့ စကားပြောနေပြီသိရပြီး ကိုကာကိုလာရဲ့ နောင်ထုတ်မဲ့ Product တွေမှာ လည်း ဆေးခြောက်ကို အသုံးပြုဖို့ရှိတယ်လို့သိရပါတယ်။

အဆိုပါ ဆေးခြောက်နှင့်ပတ်သတ်တဲ့ ထုတ်ကုန်တွေကို ကလေးများ ၊ ဆယ်ကျော်သက်များ ၊ ဆေးခြောက်လက်မခံသော သူများကို လုံးဝ ပြစ်မှတ်ထားမှာ မဟုတ်ပါဘူးတဲ့။

ဆေးခြောက်ဆိုတာ အသုံးပြုသင့်တဲ့ အရာ မဟုတ်မှန်းလူတိုင်းက သိရှိထားကြပါတယ်။

ဆေးခြောက်သုံးစွဲခြင်းက ကိုယ်ခံအားကို ကျဆင်းစေပြီး ကူးစက်ရောဂါပိုမို ကူးစက်ခံရနိုင်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်အသုံးပြုမိပါက မိခင်ရော ကလေးပါ ကြီးမားစွာထိခိုက်နိုင်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ စီးပွားရေးသမားကတော့ စီးပွားရေးသမားပါပဲ။

 

Ref ; Forb

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)