-->
×

Warning

JUser: :_load: Unable to load user with ID: 29


Johnnie Walker အကြောင်း နှင့် သူ့ရဲ့ စိတ်ဝင်စားဖွယ်ကြော်ငြာများ

Johnnie Walker အကြောင်း နှင့် သူ့ရဲ့ စိတ်ဝင်စားဖွယ်ကြော်ငြာများ google

Johnnie Walker ဆိုရင် မသိတဲ့ သူ အင်မတန်မှ ရှားပါးပါလိမ့်မယ်။Jonnie Walker ဟာ Red Label ၊ Black Label ၊ Double Black ၊ Swing ၊ Green Label ၊ Gold Label ၊ Platinum Label ၊ Blue Label စတဲ့ နာမည်ကျော် ယမကာ များကို ပရိသတ်များ အနေနှင့် ရင်းနှီးကျွမ်းဝင်နေပါလိမ့်မည်။

Johnnie Walker ဟာ အရောင်တွေခွဲပြီး ထုတ်လုပ်ခဲ့ တာကလည်း ဈေးကွက်မှာ လူတန်းစား အမျိုးမျိုး ကို ဆွဲ ဆောင်နိုင်ဖို့ဆိုရင်လဲ ပို မှန်ပါလိမ့်မယ်။သာမန် လူတန်းစားတွေက ဈေးကြီးအရက် ယမကာ ကိုဝယ်ဖို့ လက်တွန့် ကြပါတယ် အခြား အလယ်အလတ်နဲ့ သာမန် ယမကာတွေ နဲ့ ဈေးကွက်မှာထိုးဖောက် ဖို့ အတွက် Red Label နဲ့ Black Label ဆိုရင်တော့ သာမန် လူတန်းစားအတွက် ဈေးကွက် ထိုးဖောက်ဖို့ က လွယ်ကူတာကိုး။ ( Red Label မှာ ၁၇၅၀၀ ကျပ် ဖြစ်ပြီး Black Label မှာ ၃၃၀၀၀ ကျပ် လို့သိရှိရပါတယ် )

Johnnie Walker ရဲ့ Brand ဟာဆိုရင်တော့ ဖြင့် ကမ္ဘာ့ နာမည် အကြီးဆုံး စကော့တလန် ယမကာ Brand ကြီးဖြစ်ပါတယ် အဆိုပါ Johnnie Walker ဟာ ဈေးကွက်မှာ ရပ်တည်နေတာ နှစ် ၂၀၀ ကျော်တိတိ ရှိခဲ့ပါပြီ။

 

Johnnie Walker စကော့တလန်ဝီစကီ ရဲ့ ထူးခြားချက်က အခြားယမကာတွေလို မုယော စပါး အခြောက်ကို နေလှမ်းပြီး ချက်လုပ်ထားတာ မဟုတ်ပါဘူး အကောင်းမွန်ဆုံးဖြစ်တဲ့ ချက်လုပ်ပြီးသား မုယော ယမကာ အချို့ကို သာ စနစ်တကျ အတိုင်းအတာ ဖြင့် ချက်ထားတယ်လို့ သိရပါတယ်။ ကမ္ဘာ့ ဈေးကွက်တွင် နှစ်တစ်နှစ်လျင် ပုလင်းပေါင်း သန်း ၁၅၀ နီးပါး သောက်သုံး သည်ဟုသိရှိရပါသည်။  Johnnie Walker ရဲ့ Label များမှာ ကွဲပြားခြားနားမှု့ရှိသည် …… ထို့ အတူကြော်ငြာများမှာလဲ ကွဲ ပြားခြားနားသည်။

Red Label ( The Pioneer Blend / စတင်ရောနှောခြင်း )

Red Label ဆိုတာကတော့ Johnnie Walker မိသားစုရဲ့ ပထမ ဦးဆုံး အရက်ချက်လုပ်မှုတစ်ခုပါ။ ၁၈၂၀ ခုနှစ်ထဲက နေ ယမကာဈေးကွက်ကို ထိုးဖောက်လာခဲ့တာ ဖြစ်ပြီး ကမ္ဘာ့နာမည် အကြီးဆုံး Brand ဖြစ်နေပြီ ဖြစ်သည်။ပုံပန်းသဏ္ဍာန်မှာဆို ပျားရည်နှင့် ပယင်းရောင်ရှိသည်။မုယောစေ့ အခြေတည် ချက်လုပ်ထားသော အရက် ၃၅ မျိုးကို ဗနီလာဖြင့်အနည်းငယ်ရောထည့် ချက်လုပ်ထားသည်။ ရနံ့ အားဖြင့် သစ်သီးရနံ့ပြင်းရှရှ နှင့် လက်ဆက်တဲ့ အရသာကိုပေးစွမ်းနိုင်သည့်ကောင်းမွန်လှတဲ့ စကော့တလန်ရိုးရာ ယမကာ တစ်မျိုးဖြစ်သည်။Red Label မှာ ဈေး အသက်သာဆုံးဖြစ်ပြီး ယနေ့ မြန်မာပြည်ဈေးကွက်တွင် ၁၇၅၀၀ ကျပ်ခန့်ရှိသည်။

 

Johnnie Walker Red Label ရဲ့ ကြော်ငြာ များထဲ တွင် အထင်အရှားဆုံးကြော်ငြာက Hollywood မှ မင်းသမီးကြီး Christina Hendricks နှင့်ရိုက်ကူး ထားသောကြော်ငြာပင်ဖြစ်သည်။ Red Label ဆိုသည့် အလျှောက် Creative Director က Red Head ( ဆံပင် အနီရောင် ) မင်းသမီးတွေထဲက ရွေးချယ်ကာရိုက်ကူးထား သည် ထို့ ပြင် လက်သည်း နီ အနီရောင်ကို ဆိုးထားကာပယင်းရောင် Red Label အရက်ခွက်လေးကို မာန်ပါပါ ကိုင်ပြထားသေးသည်။

Black Label ( ထူးခြားပြောင်မြောက်တဲ့ ရောစပ်မှု)

Johnnie Walker ရဲ့ Black Label ဟာဆိုရင်တော့ ယမကာများကြားထဲတွင် ထင်ပေါ် လွန်းပါတယ်။
ပုလင်းပုံ ပန်းသဏ္ဍန် လှပ ရုံတင်မက ပဲ အရသာမှာလဲထူးခြားကောင်းမွန်ပါတယ်။
အရသာ ထူးခြားဆို သိုလှောင်သက်တမ်း ၁၂ နှစ်ခန့်ရှိတဲ့ မုယောအရက်ပေါင်း ၄၀ ကျော်ကို ပေါင်းဆက်ချက်လုပ်ထားသည်သိရသည်။Black Label တစ်လုံးသည် သိုလှောင်ထား ချိန် ၁၂ နှစ်အထက်ရှိသည်။Black Label သည်အနည်းငယ်ချိုမြိန်တဲ့အရသာ ခံစားနိုင်ပြီး လုံးဝ smooth ဖြစ်လွန်းတယ်လို့ သိရပါတယ်။Black Label သည် ဈေး သင့်ပြီး ယနေ့ မြန်မာပြည်ဈေးကွက်တွင် ၃၃၀၀၀ ကျပ်ခန့်ရှိသည်။

Black Label ရဲ့ကြော်ငြာ သည် ၁၂ ကြာကြာ သိုလှောင်ထား သော ၎င်း တို့ ရဲ့ ကြော်ငြာ ကို
Creative ဒါရိုက်တာက ဖော်ညွှန်းချင်သောအားဖြင့် လူတစ်ယောက်ရဲ့ ၁၂ နှစ်တာ ကာလ အတွင်း ဖြစ်ပျက်ခဲ့ တာတွေအား ၁၂ နှစ် သက်တမ်းရှိ Black Label လေးသောက်ပြီး ပြန်တွေး မိပုံကို ကြော်ငြာ ရိုက်ကူး ထားသည်။အဆိုပါကြော်ငြာသည် Black Label ကြော်ငြာများထဲ တွင် လူကြိုက်အများဆုံးပင်ဖြစ်သည်။

Double Black Label ( အပြင်းစားရောစပ်မှု )

Black Label ကိုမှ စပြစ်သီးခြောက် ၊ ပန်းသီး ၊ သစ်တော်သီး ၊ ဗနီလာတို့ရဲ့ အရသာ ကို ပိုမိုထိမိစေသည်။ထို့အပြင် မုယော ခြောက်များကို မီးရှို့ကာ ထို သာမန် Black Label အား ယမကာ အား မှိုင်းတိုက်ထားသည်။ Smoky ဖြစ်သည် ရနံမှာ ရီဝေဝေ ဖြစ်သည်။
ဈေးမှာ အတင့်အသင့် ရှိသည် ယနေ့ မြန်မာပြည်ဈေးကွက်တွင် ၄၂၀၀၀ ကျပ်ခန့်ရှိသည်။

Double Black ရဲ့ ကြော်ငြာမှာ Black Label ရဲ့ အငွေ့ အသက်ပါသည် Vintage ဆန်ဆန် ရိုက်ကူး ထားသည်။Creative Director မှ အနက်ရောင်အစီးများဖြင့်ကြော်ငြာတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

Johnnie Walker Swing ( ရနံံ့ မပြင်းသော ရောစက်မှု့ )

Johnnie Walker Swing စတင်ဖြစ်ပေါ်လာတာကတော့ ၁၉၃၂ နှစ်ကတည်း ဆိုပါတော့ ပြော ရရင်ေတော့ Johnnie Walker ရဲ့ မြေး ဖြစ်သူ Sir Alexander Walker မှ ကမ္ဘာ့လှည့် ခရီးသွား တွေအတွ် ရည်ရွယ်ပြီးထုတ်လုပ်ထားတာပါတဲ့။ပြောရရင် ရနံံ့ က အင်မတန်မှ ပျော့ပြောင်းပြီး ရေမွှေး နရံ့ ကဲ့သို့
မွှေး ပါတယ်။ထို့ အပြင် Swing ရဲ့ ပုလင်း လေးက လွဲှလို့ရပါတယ်။ယနေ့ မြန်မာပြည်ဈေးကွက်တွင် ၄၈၀၀၀ ကျပ်ခန့်ရှိသည်။

Swing အတွက်သီးသန့်ကြော်ငြာတော့မရှိပါဘူး … သို့ပေမဲ့ Poster များစွာတော့ရှိပါတယ်။

Green Label ( ရှုပ်ထွေးသောရောစက်မှု )

၁၅ နှစ်ခန့်ရှိတဲ့ မုယောအရက်ပေါင်း ၄၀ ကျော်ကို ပေါင်းဆက်ချက်လုပ်ထားသည်သိရသည်။
အဆိုပါ မုယောများသည် စကော့တလန်၏ဌာနေ ၄ခု ဖြစ်သော Speyside ၊ High Lands ၊ Lowland နှင့် Islay အရပ်ဒေသမှ ရရှိသည်။

Green Label တစ်လုံးသည် သိုလှောင်ထား ချိန် ၁၅ နှစ်အထက်ရှိသည်။Linkwood ၊ Cragganmore နှင့် Talisker စသော အနောက်တိုင်းနာမည်ရှိ အရက်ချက် စက်ရုံကြီး များမှ အရက်များကို ရယူကာချက်လုပ်ထားသည်သိရသည်။ဈေးမှာ အတင့်အသင့် ရှိသည် ယနေ့ မြန်မာပြည်ဈေးကွက်တွင် ၄၉၀၀၀ ကျပ်ခန့်ရှိသည်။

Green Label ကြော်ငြာများမှာလည်း ထို ဌာနေ ၄ ခုကို အမြဲ ဖော်ကြူးလေ့ရှိသည်။

 

ယခု ျမန္မာနိုင္ငံရဲ႕ ေခတ္အစားဆုံး ေစ်းေရာင္းနည္း

 

Gold Label ( ဂုဏ်ပြု ချီးမြှင့် ခြင်း )

Gold Label ကတော့ ယမကာကို ရောစပ်တဲ့ သူကို ဂုဏ်ပြုပြီး ထွက်ရှိလာခဲ့တဲ့ ယမကာ တစ်မျိုးပါ။Master Distiller Jim Beveridge ရဲ့ ကောင်းမွန်သော ရောချက်မှုဖြစ်ပြီး
ဌာနေ ၄ ခုမှ မုယော ဝီစကီ ၁၅ မျိုးကို ရောစပ်ချက်လုပ်ထားသည်။အလွန် Smooth ဖြစ်ပြီး အရသာမှ Classic ဆန်ပြီး အင်မတန်မှ အဝင်ကောင်းသည်ဟုသိရပါတယ်။ဈေးမှာ အတင့်အသင့် ရှိသည် ယနေ့ မြန်မာပြည်ဈေးကွက်တွင် ၅၄၀၀၀ ကျပ်ခန့်ရှိသည်။

Platinum Label ( သီးသန့် ရော စပ်မှု )

Platinum Label ကတော့ လုံးဝ ဇိမ်ခံ အဆင့်မြင့် ယမကာ ၁၈ မျိုးကို ရောစပ်ချက်လုပ်ထားတာပါ။ထိုယမကာများမှာ သက်တန်းအားဖြင့် ၁၈ နှစ်ရှိပြီ ဖြစ်သောကြောင့် Platinum Label တစ်လုံးသည် သိုလှောင်ချိန် သက်တမ်း ၁၈ နှစ်ကျော်ပြီဟု သိရသည် ထို့ပြင် Johnnie Walker Label များထဲ တွင်ဆုများစွာရရှိထားသော ယမကာပင်ဖြစ်သည်။
ဈေးနှုန်းများသည် အရာခံ လူတန်း စားအတွက် ရည်ရွယ်သည် ယနေ့ မြန်မာပြည်ဈေးကွက်တွင် ၁၁၀၀၀၀ ကျပ်ခန့်ရှိသည်။

Blue Label ( ရှားပါး ရောစပ်မှု )

Blue Label က Johnnie Walker ယမကာ တွေထဲမှာ အရှားပါးဆုံးပါပဲ။Blue Label ဟာ ၁၈၆၇ ခုနှစ် Alexander Walker ရဲ့ ‘Old Highland Whisky အရသာကို မှ မှီငြမ်း ထုတ်လုပ် ထားတာပါ။သစ်ဥသစ်ဖု အရသာနှင့် နှင်းဆီ ပွင့်ဖတ်တို့ကို ဆေးရွက်ကြီး ၊ ချောကလက် အခါး စသည်တို့ နှင့်ပေါင်းစပ် ချက်လုပ်ထားသည်။Blue Label သည် သက်တမ်းအားဖြင့် ၂၅ နှစ်ရှိနေပြီ ဟု သိရသည်။သူ့ရဲ့ အရသာ က ဂန္ဓဝန်ဆန်သည်။ ဈေးနှုန်းများသည် အရာခံ လူတန်း စားအတွက် ရည်ရွယ်သည် ယနေ့ မြန်မာပြည်ဈေးကွက်တွင် ၂၂၀၀၀၀ ကျပ်ခန့်ရှိသည်။

Blue Label ရဲ့ ကြော်ငြာတွင် ဗြိတိန်မင်းသား Jude Law မှ သရုပ်ဆောင်ထားသည်။
Johnnie Walker ကြော်ငြာများ တွင် ဈေးအကြီးဆုံး Blue Label ရဲ့ ကြော်ငြာမို့ အကောင်းဆုံ ေွငကြေးကုန်ကျခံရိုက်ကူးထားသည်။The Gentleman's Wager ကိုမှ ၁ နှင့် ၂ ရှိသည်။

ထို့ အပြင် Creative Director သည် Blue Label ကြော်ငြာမို့ ကြော်ငြာထဲအသုံး ပြု သော ပြိုင်ကားလေးကို အပြာရောင်ကားလေးထည့်ထားသည်။ထို့ပြင် Blue Label ကြော်ငြာလေးမှာပဲ ကားမမောင်းခင် အရက် မသောက်သင့်ကြောင်းကိုလည်းရိုက်ကူးပြသသွားသေးသည်။

ထိုThe Gentleman's Wager IIကြော်ငြာမှာ လူသား ခြင်းစာနာစိတ်ကို ပြသထားသော Commercial အဖြစ်အသစ်အမှတ်ပြု ခံ ရသည်။

ကြော်ငြာလေး ပြသသွားတာကတော့Blue Label သောက်တဲ့ သူတွေ က Gentleman ဆန်တယ်ပေါ့။

Johnnie Walker ရဲ့ Keep Walking ကြော်ငြာ Campaign

ထို့ အပြင် The Man Who Walk Around The World ကြော်ငြာမှာဆိုရင်
Johnnie Walker ဖြစ်ပေါ် လာပုံ နှင့် စတင်ပုံ ကို ကြော်ငြာတစ်ခုအနေနှင့် Robert Carlyle မှ စကော့တလန်ရဲ့ တောင်ကုန်းတွေပေါ် မှာ လမ်းလျှောက်ရင်း စကားလေး ပြောကာ ရိုက်ကူး ပြသသွားသည်။

ထိုကြော်ငြာလေးရဲ့ အစတွင် စကော့တလန် အမျိုး သာ းတစ်ယောက် ရိုးရာဝတ်စုံ ဖြင့် လေမှုတ်တူရိယာကို တီးမှုတ်နေကာ စကော့တလန် ၏ သံစဉ်လေးထည့် ထားသည်။

ကြော်ငြာလေးတွင် လမ်းလျှောက်နေရင်း Johnnie Walker ရဲ့ Founder ဖြစ်သူ John ရဲ့ ငယ်ဘဝ John ရဲ့ အသက် ၁၄ နှစ်မှာ အဖေ ဆုံး သွား ပုံ ၊ လယ်သမားလေး ဘဝမှ စတင်ကာ John Walker နာမည်ဖြင့် စတင် ကုန်စုံဆိုင်ဖွင့်ခဲ့ ပုံ နဲ့ ဓာတ်ခွဲ ခန်းငယ်ပိုင်ရှင်လေး အဖြစ် ဘဝ ဖြတ်ကျော်ခဲ့ ပုံ ပြီး အကောင်းဆုံး မုယောတွေကို ရောကာ Johnnie Walker အဖြစ် ယမကာ ထုတ်ခဲ့ ပုံကို ပြောပြထားသည် ၊ ထို့ အပြင်သူ့ သား နှစ်ဦးဖြစ်တဲ့ Robert နဲ့ Alexander တို့ လက်ထက်အထိပါ လမ်းလျှောက်ရင်း ပြောသွားခဲ့ သည်။၁၈၆၀ မှာ Johnnie Walker ပုလင်း လေးထောင့် ပုံ ပြောင်းသည်အထိ Detail ကျကျ ပြောထားသည်။သားတွေတင်မက မြေးတွေအထိပါ Johnnie Walker ထုတ်လုပ်တဲ့ ပုံကို ပြောပြထားသည်။၁၉၀၉ တွင် Red Label နှင့် Black Label ကို ထုတ်ခဲ့သည်။

Johnnie Walker Logo ကိုဆွဲ ထား သူသည် ၁၉ ရာစုရဲ့ ကာတွန်းဆရာ Tom Browne ဖြစ်သည်။
George Paterson နဲ့Alexander Walker တို့ နှစ်ဦးမှာ ပန်းချီဆရာတွေကို ခေါ်ပြိုင်ပွဲဝင်ခိုင်းခဲ့သည်သို့သော် Red Label ၊ Black Label တို့ နှင့်ကိုက်ညီသော Logo ပုံ ကို မည်သည့် ပန်းချီဆရာမှ မဆွဲနိုင်ကျပဲ ကာတွန်းဆရာလေး Tom Browne ကသာ လမ်းလျှောက်နေတဲ့ လူပုံ လေးကို ဆွဲနိုင်ခဲ့ သည်။ထိုက စ Johnnie Walker ဖြစ်လာခြင်းဖြစ်သည်။

 

Image may contain: one or more people, shoes and text

Johnnie Walker ရဲ့ Keep Walking ကြော်ငြာ Campaign မှာ လူတိုင်းသဘော ကျ စွဲမက်ဖွယ်ပင်ဖြစ်သည်။ ထို့ ကြောင့် Johnnie Walker သည်လဲ ကြော်ငြာ Campaign လောက တွင် အတော်လေး နေရာရနေပြီးသား ဖြစ်သည်။

(Zawgyi)

=======

Johnnie Walker အေၾကာင္း ႏွင့္ သူ႔ရဲ႕ စိတ္ဝင္စားဖြယ္ေၾကာ္ျငာမ်ား

Johnnie Walker ဆိုရင္ မသိတဲ့ သူ အင္မတန္မွ ရွားပါးပါလိမ့္မယ္။Jonnie Walker ဟာ Red Label ၊ Black Label ၊ Double Black ၊ Swing ၊ Green Label ၊ Gold Label ၊ Platinum Label ၊ Blue Label စတဲ့ နာမည္ေက်ာ္ ယမကာ မ်ားကို ပရိသတ္မ်ား အေနႏွင့္ ရင္းႏွီးကြၽမ္းဝင္ေနပါလိမ့္မည္။ Johnnie Walker ဟာ အေရာင္ေတြခြဲၿပီး ထုတ္လုပ္ခဲ့ တာကလည္း ေဈးကြက္မွာ လူတန္းစား အမ်ိဳးမ်ိဳး ကို ဆြဲ ေဆာင္ႏိုင္ဖို႔ဆိုရင္လဲ ပို မွန္ပါလိမ့္မယ္။

သာမန္ လူတန္းစားေတြက ေဈးႀကီးအရက္ ယမကာ ကိုဝယ္ဖို႔ လက္တြန႔္ ၾကပါတယ္ အျခား အလယ္အလတ္နဲ႔ သာမန္ ယမကာေတြ နဲ႔ ေဈးကြက္မွာထိုးေဖာက္ ဖို႔ အတြက္ Red Label နဲ႔ Black Label ဆိုရင္ေတာ့ သာမန္ လူတန္းစားအတြက္ ေဈးကြက္ ထိုးေဖာက္ဖို႔ က လြယ္ကူတာကိုး။ ( Red Label မွာ ၁၇၅၀၀ က်ပ္ ျဖစ္ၿပီး Black Label မွာ ၃၃၀၀၀ က်ပ္ လို႔သိရွိရပါတယ္ )

 

Johnnie Walker ရဲ႕ Brand ဟာဆိုရင္ေတာ့ ျဖင့္ ကမာၻ႔ နာမည္ အႀကီးဆုံး စေကာ့တလန္ ယမကာ Brand ႀကီးျဖစ္ပါတယ္ အဆိုပါ Johnnie Walker ဟာ ေဈးကြက္မွာ ရပ္တည္ေနတာ ႏွစ္ ၂၀၀ ေက်ာ္တိတိ ရွိခဲ့ပါၿပီ။ Johnnie Walker စေကာ့တလန္ဝီစကီ ရဲ႕ ထူးျခားခ်က္က အျခားယမကာေတြလို မုေယာ စပါး အေျခာက္ကို ေနလွမ္းၿပီး ခ်က္လုပ္ထားတာ မဟုတ္ပါဘူး အေကာင္းမြန္ဆုံးျဖစ္တဲ့ ခ်က္လုပ္ၿပီးသား မုေယာ ယမကာ အခ်ိဳ႕ကို သာ စနစ္တက် အတိုင္းအတာ ျဖင့္ ခ်က္ထားတယ္လို႔ သိရပါတယ္။

 

ကမာၻ႔ ေဈးကြက္တြင္ ႏွစ္တစ္ႏွစ္လ်င္ ပုလင္းေပါင္း သန္း ၁၅၀ နီးပါး ေသာက္သုံး သည္ဟုသိရွိရပါသည္။ Johnnie Walker ရဲ႕ Label မ်ားမွာ ကြဲျပားျခားနားမႈ႕ရွိသည္ …… ထို႔ အတူေၾကာ္ျငာမ်ားမွာလဲ ကြဲ ျပားျခားနားသည္။

 

Red Label ( The Pioneer Blend / စတင္ေရာေႏွာျခင္း )

Red Label ဆိုတာကေတာ့ Johnnie Walker မိသားစုရဲ႕ ပထမ ဦးဆုံး အရက္ခ်က္လုပ္မႈတစ္ခုပါ။ ၁၈၂၀ ခုႏွစ္ထဲက ေန ယမကာေဈးကြက္ကို ထိုးေဖာက္လာခဲ့တာ ျဖစ္ၿပီး ကမာၻ႔နာမည္ အႀကီးဆုံး Brand ျဖစ္ေနၿပီ ျဖစ္သည္။ပုံပန္းသ႑ာန္မွာဆို ပ်ားရည္ႏွင့္ ပယင္းေရာင္ရွိသည္။မုေယာေစ့ အေျခတည္ ခ်က္လုပ္ထားေသာ အရက္ ၃၅ မ်ိဳးကို ဗနီလာျဖင့္အနည္းငယ္ေရာထည့္ ခ်က္လုပ္ထားသည္။ ရနံ႔ အားျဖင့္ သစ္သီးရနံ႔ျပင္းရွရွ ႏွင့္ လက္ဆက္တဲ့ အရသာကိုေပးစြမ္းႏိုင္သည့္ေကာင္းမြန္လွတဲ့ စေကာ့တလန္႐ိုးရာ ယမကာ တစ္မ်ိဳးျဖစ္သည္။

Red Label မွာ ေဈး အသက္သာဆုံးျဖစ္ၿပီး ယေန႔ ျမန္မာျပည္ေဈးကြက္တြင္ ၁၇၅၀၀ က်ပ္ခန႔္ရွိသည္။ Johnnie Walker Red Label ရဲ႕ ေၾကာ္ျငာ မ်ားထဲ တြင္ အထင္အရွားဆုံးေၾကာ္ျငာက Hollywood မွ မင္းသမီးႀကီး Christina Hendricks ႏွင့္႐ိုက္ကူး ထားေသာေၾကာ္ျငာပင္ျဖစ္သည္။

Red Label ဆိုသည့္ အေလွ်ာက္ Creative Director က Red Head ( ဆံပင္ အနီေရာင္ ) မင္းသမီးေတြထဲက ေ႐ြးခ်ယ္ကာ႐ိုက္ကူးထား သည္ ထို႔ ျပင္ လက္သည္း နီ အနီေရာင္ကို ဆိုးထားကာ ပယင္းေရာင္ Red Label အရက္ခြက္ေလးကို မာန္ပါပါ ကိုင္ျပထားေသးသည္။ 

Black Label ( ထူးျခားေျပာင္ေျမာက္တဲ့ ေရာစပ္မႈ)

Johnnie Walker ရဲ႕ Black Label ဟာဆိုရင္ေတာ့ ယမကာမ်ားၾကားထဲတြင္ ထင္ေပၚ လြန္းပါတယ္။ ပုလင္းပုံ ပန္းသ႑န္ လွပ ႐ုံတင္မက ပဲ အရသာမွာလဲထူးျခားေကာင္းမြန္ပါတယ္။ အရသာ ထူးျခားဆို သိုေလွာင္သက္တမ္း ၁၂ ႏွစ္ခန႔္ရွိတဲ့ မုေယာအရက္ေပါင္း ၄၀ ေက်ာ္ကို ေပါင္းဆက္ခ်က္လုပ္ထားသည္သိရသည္။Black Label တစ္လုံးသည္ သိုေလွာင္ထား ခ်ိန္ ၁၂ ႏွစ္အထက္ရွိသည္။Black Label သည္အနည္းငယ္ခ်ိဳၿမိန္တဲ့အရသာ ခံစားႏိုင္ၿပီး လုံးဝ smooth ျဖစ္လြန္းတယ္လို႔ သိရပါတယ္။Black Label သည္ ေဈး သင့္ၿပီး ယေန႔ ျမန္မာျပည္ေဈးကြက္တြင္ ၃၃၀၀၀ က်ပ္ခန႔္ရွိသည္။

 

Black Label ရဲ႕ေၾကာ္ျငာ သည္ ၁၂ ၾကာၾကာ သိုေလွာင္ထား ေသာ ၎ တို႔ ရဲ႕ ေၾကာ္ျငာ ကို Creative ဒါ႐ိုက္တာက ေဖာ္ၫႊန္းခ်င္ေသာအားျဖင့္ လူတစ္ေယာက္ရဲ႕ ၁၂ ႏွစ္တာ ကာလ အတြင္း ျဖစ္ပ်က္ခဲ့ တာေတြအား ၁၂ ႏွစ္ သက္တမ္းရွိ Black Label ေလးေသာက္ၿပီး ျပန္ေတြး မိပုံကို ေၾကာ္ျငာ ႐ိုက္ကူး ထားသည္။အဆိုပါေၾကာ္ျငာသည္ Black Label ေၾကာ္ျငာမ်ားထဲ တြင္ လူႀကိဳက္အမ်ားဆုံးပင္ျဖစ္သည္။

Double Black Label ( အျပင္းစားေရာစပ္မႈ )

Black Label ကိုမွ စျပစ္သီးေျခာက္ ၊ ပန္းသီး ၊ သစ္ေတာ္သီး ၊ ဗနီလာတို႔ရဲ႕ အရသာ ကို ပိုမိုထိမိေစသည္။ထို႔အျပင္ မုေယာ ေျခာက္မ်ားကို မီးရႈိ႕ကာ ထို သာမန္ Black Label အား ယမကာ အား မႈိင္းတိုက္ထားသည္။ Smoky ျဖစ္သည္ ရနံမွာ ရီေဝေဝ ျဖစ္သည္။ ေဈးမွာ အတင့္အသင့္ ရွိသည္ ယေန႔ ျမန္မာျပည္ေဈးကြက္တြင္ ၄၂၀၀၀ က်ပ္ခန႔္ရွိသည္။ Double Black ရဲ႕ ေၾကာ္ျငာမွာ Black Label ရဲ႕ အေငြ႕ အသက္ပါသည္ Vintage ဆန္ဆန္ ႐ိုက္ကူး ထားသည္။Creative Director မွ အနက္ေရာင္အစီးမ်ားျဖင့္ေၾကာ္ျငာတစ္ခုလုံးကို ဖုံးလႊမ္းထားသည္။


Johnnie Walker Swing ( ရနံံ့ မျပင္းေသာ ေရာစက္မႈ႕ )

Johnnie Walker Swing စတင္ျဖစ္ေပၚလာတာကေတာ့ ၁၉၃၂ ႏွစ္ကတည္း ဆိုပါေတာ့ ေျပာ ရရင္ေေတာ့ Johnnie Walker ရဲ႕ ေျမး ျဖစ္သူ Sir Alexander Walker မွ ကမာၻ႔လွည့္ ခရီးသြား ေတြအတြ္ ရည္႐ြယ္ၿပီးထုတ္လုပ္ထားတာပါတဲ့။ေျပာရရင္ ရနံံ့ က အင္မတန္မွ ေပ်ာ့ေျပာင္းၿပီး ေရေမႊး နရံ႕ ကဲ့သို႔ ေမႊး ပါတယ္။ထို႔ အျပင္ Swing ရဲ႕ ပုလင္း ေလးက လြဲွလို႔ရပါတယ္။ယေန႔ ျမန္မာျပည္ေဈးကြက္တြင္ ၄၈၀၀၀ က်ပ္ခန႔္ရွိသည္။ Swing အတြက္သီးသန႔္ေၾကာ္ျငာေတာ့မရွိပါဘူး … သို႔ေပမဲ့ Poster မ်ားစြာေတာ့ရွိပါတယ္။

 

Green Label ( ရႈပ္ေထြးေသာေရာစက္မႈ )

၁၅ ႏွစ္ခန႔္ရွိတဲ့ မုေယာအရက္ေပါင္း ၄၀ ေက်ာ္ကို ေပါင္းဆက္ခ်က္လုပ္ထားသည္သိရသည္။ အဆိုပါ မုေယာမ်ားသည္ စေကာ့တလန္၏ဌာေန ၄ခု ျဖစ္ေသာ Speyside ၊ High Lands ၊ Lowland ႏွင့္ Islay အရပ္ေဒသမွ ရရွိသည္။ Green Label တစ္လုံးသည္ သိုေလွာင္ထား ခ်ိန္ ၁၅ ႏွစ္အထက္ရွိသည္။Linkwood ၊ Cragganmore ႏွင့္ Talisker စေသာ အေနာက္တိုင္းနာမည္ရွိ အရက္ခ်က္ စက္႐ုံႀကီး မ်ားမွ အရက္မ်ားကို ရယူကာခ်က္လုပ္ထားသည္သိရသည္။ေဈးမွာ အတင့္အသင့္ ရွိသည္ ယေန႔ ျမန္မာျပည္ေဈးကြက္တြင္ ၄၉၀၀၀ က်ပ္ခန႔္ရွိသည္။ Green Label ေၾကာ္ျငာမ်ားမွာလည္း ထို ဌာေန ၄ ခုကို အၿမဲ ေဖာ္ၾကဴးေလ့ရွိသည္။

 

မြန်မာပြည်မှ ပြည်သူတွေကို ခရစ်စမတ်လက်ဆောင်ပေးတဲ့ ကိုကာကိုလာကား

 

Gold Label ( ဂုဏ္ျပဳ ခ်ီးျမႇင့္ ျခင္း )

Gold Label ကေတာ့ ယမကာကို ေရာစပ္တဲ့ သူကို ဂုဏ္ျပဳၿပီး ထြက္ရွိလာခဲ့တဲ့ ယမကာ တစ္မ်ိဳးပါ။Master Distiller Jim Beveridge ရဲ႕ ေကာင္းမြန္ေသာ ေရာခ်က္မႈျဖစ္ၿပီး ဌာေန ၄ ခုမွ မုေယာ ဝီစကီ ၁၅ မ်ိဳးကို ေရာစပ္ခ်က္လုပ္ထားသည္။အလြန္ Smooth ျဖစ္ၿပီး အရသာမွ Classic ဆန္ၿပီး အင္မတန္မွ အဝင္ေကာင္းသည္ဟုသိရပါတယ္။ေဈးမွာ အတင့္အသင့္ ရွိသည္ ယေန႔ ျမန္မာျပည္ေဈးကြက္တြင္ ၅၄၀၀၀ က်ပ္ခန႔္ရွိသည္။

 

Platinum Label ( သီးသန႔္ ေရာ စပ္မႈ )

Platinum Label ကေတာ့ လုံးဝ ဇိမ္ခံ အဆင့္ျမင့္ ယမကာ ၁၈ မ်ိဳးကို ေရာစပ္ခ်က္လုပ္ထားတာပါ။ထိုယမကာမ်ားမွာ သက္တန္းအားျဖင့္ ၁၈ ႏွစ္ရွိၿပီ ျဖစ္ေသာေၾကာင့္ Platinum Label တစ္လုံးသည္ သိုေလွာင္ခ်ိန္ သက္တမ္း ၁၈ ႏွစ္ေက်ာ္ၿပီဟု သိရသည္ ထို႔ျပင္ Johnnie Walker Label မ်ားထဲ တြင္ဆုမ်ားစြာရရွိထားေသာ ယမကာပင္ျဖစ္သည္။ ေဈးႏႈန္းမ်ားသည္ အရာခံ လူတန္း စားအတြက္ ရည္႐ြယ္သည္ ယေန႔ ျမန္မာျပည္ေဈးကြက္တြင္ ၁၁၀၀၀၀ က်ပ္ခန႔္ရွိသည္။

 

Blue Label ( ရွားပါး ေရာစပ္မႈ )

Blue Label က Johnnie Walker ယမကာ ေတြထဲမွာ အရွားပါးဆုံးပါပဲ။Blue Label ဟာ ၁၈၆၇ ခုႏွစ္ Alexander Walker ရဲ႕ ‘Old Highland Whisky အရသာကို မွ မွီျငမ္း ထုတ္လုပ္ ထားတာပါ။သစ္ဥသစ္ဖု အရသာႏွင့္ ႏွင္းဆီ ပြင့္ဖတ္တို႔ကို ေဆး႐ြက္ႀကီး ၊ ေခ်ာကလက္ အခါး စသည္တို႔ ႏွင့္ေပါင္းစပ္ ခ်က္လုပ္ထားသည္။Blue Label သည္ သက္တမ္းအားျဖင့္ ၂၅ ႏွစ္ရွိေနၿပီ ဟု သိရသည္။သူ႔ရဲ႕ အရသာ က ဂႏၶဝန္ဆန္သည္။ ေဈးႏႈန္းမ်ားသည္ အရာခံ လူတန္း စားအတြက္ ရည္႐ြယ္သည္ ယေန႔ ျမန္မာျပည္ေဈးကြက္တြင္ ၂၂၀၀၀၀ က်ပ္ခန႔္ရွိသည္။

 

Blue Label ရဲ႕ ေၾကာ္ျငာတြင္ ၿဗိတိန္မင္းသား Jude Law မွ သ႐ုပ္ေဆာင္ထားသည္။ Johnnie Walker ေၾကာ္ျငာမ်ား တြင္ ေဈးအႀကီးဆုံး Blue Label ရဲ႕ ေၾကာ္ျငာမို႔ အေကာင္းဆုံ ေြငေၾကးကုန္က်ခံ႐ိုက္ကူးထားသည္။The Gentleman's Wager ကိုမွ ၁ ႏွင့္ ၂ ရွိသည္။ ထို႔ အျပင္ Creative Director သည္ Blue Label ေၾကာ္ျငာမို႔ ေၾကာ္ျငာထဲအသုံး ျပဳ ေသာ ၿပိဳင္ကားေလးကို အျပာေရာင္ကားေလးထည့္ထားသည္။ထို႔ျပင္ Blue Label ေၾကာ္ျငာေလးမွာပဲ ကားမေမာင္းခင္ အရက္ မေသာက္သင့္ေၾကာင္းကိုလည္း႐ိုက္ကူးျပသသြားေသးသည္။

 

ထိုThe Gentleman's Wager IIေၾကာ္ျငာမွာ လူသား ျခင္းစာနာစိတ္ကို ျပသထားေသာ Commercial အျဖစ္အသစ္အမွတ္ျပဳ ခံ ရသည္။ ေၾကာ္ျငာေလး ျပသသြားတာကေတာ့Blue Label ေသာက္တဲ့ သူေတြ က Gentleman ဆန္တယ္ေပါ့။ 

Johnnie Walker ရဲ႕ Keep Walking ေၾကာ္ျငာ Campaign

ထို႔ အျပင္ The Man Who Walk Around The World ေၾကာ္ျငာမွာဆိုရင္ Johnnie Walker ျဖစ္ေပၚ လာပုံ ႏွင့္ စတင္ပုံ ကို ေၾကာ္ျငာတစ္ခုအေနႏွင့္ Robert Carlyle မွ စေကာ့တလန္ရဲ႕ ေတာင္ကုန္းေတြေပၚ မွာ လမ္းေလွ်ာက္ရင္း စကားေလး ေျပာကာ ႐ိုက္ကူး ျပသသြားသည္။ ထိုေၾကာ္ျငာေလးရဲ႕ အစတြင္ စေကာ့တလန္ အမ်ိဳး သာ းတစ္ေယာက္ ႐ိုးရာဝတ္စုံ ျဖင့္ ေလမႈတ္တူရိယာကို တီးမႈတ္ေနကာ စေကာ့တလန္ ၏ သံစဥ္ေလးထည့္ ထားသည္။

 

ေၾကာ္ျငာေလးတြင္ လမ္းေလွ်ာက္ေနရင္း Johnnie Walker ရဲ႕ Founder ျဖစ္သူ John ရဲ႕ ငယ္ဘဝ John ရဲ႕ အသက္ ၁၄ ႏွစ္မွာ အေဖ ဆုံး သြား ပုံ ၊ လယ္သမားေလး ဘဝမွ စတင္ကာ John Walker နာမည္ျဖင့္ စတင္ ကုန္စုံဆိုင္ဖြင့္ခဲ့ ပုံ နဲ႔ ဓာတ္ခြဲ ခန္းငယ္ပိုင္ရွင္ေလး အျဖစ္ ဘဝ ျဖတ္ေက်ာ္ခဲ့ ပုံ ၿပီး အေကာင္းဆုံး မုေယာေတြကို ေရာကာ Johnnie Walker အျဖစ္ ယမကာ ထုတ္ခဲ့ ပုံကို ေျပာျပထားသည္ ၊ ထို႔ အျပင္သူ႔ သား ႏွစ္ဦးျဖစ္တဲ့ Robert နဲ႔ Alexander တို႔ လက္ထက္အထိပါ လမ္းေလွ်ာက္ရင္း ေျပာသြားခဲ့ သည္။၁၈၆၀ မွာ Johnnie Walker ပုလင္း ေလးေထာင့္ ပုံ ေျပာင္းသည္အထိ Detail က်က် ေျပာထားသည္။သားေတြတင္မက ေျမးေတြအထိပါ Johnnie Walker ထုတ္လုပ္တဲ့ ပုံကို ေျပာျပထားသည္။၁၉၀၉ တြင္ Red Label ႏွင့္ Black Label ကို ထုတ္ခဲ့သည္။

Johnnie Walker Logo ကိုဆြဲ ထား သူသည္ ၁၉ ရာစုရဲ႕ ကာတြန္းဆရာ Tom Browne ျဖစ္သည္။ George Paterson နဲ ႔Alexander Walker တို႔ ႏွစ္ဦးမွာ ပန္းခ်ီဆရာေတြကို ေခၚၿပိဳင္ပြဲဝင္ခိုင္းခဲ့သည္သို႔ေသာ္ Red Label ၊ Black Label တို႔ ႏွင့္ကိုက္ညီေသာ Logo ပုံ ကို မည္သည့္ ပန္းခ်ီဆရာမွ မဆြဲႏိုင္က်ပဲ ကာတြန္းဆရာေလး Tom Browne ကသာ လမ္းေလွ်ာက္ေနတဲ့ လူပုံ ေလးကို ဆြဲႏိုင္ခဲ့ သည္။ထိုက စ Johnnie Walker ျဖစ္လာျခင္းျဖစ္သည္။

Image may contain: one or more people, shoes and text

Johnnie Walker ရဲ႕ Keep Walking ေၾကာ္ျငာ Campaign မွာ လူတိုင္းသေဘာ က် စြဲမက္ဖြယ္ပင္ျဖစ္သည္။ ထို႔ ေၾကာင့္ Johnnie Walker သည္လဲ ေၾကာ္ျငာ Campaign ေလာက တြင္ အေတာ္ေလး ေနရာရေနၿပီးသား ျဖစ္သည္။

 

Myanmar Advertising Directory 

 

Read times
Rate this item
(1 Vote)