-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရက်သောက်ထားရင် ကားမမောင်းပါနှင့်

ပြီးခဲ့တဲ့ရက်က ဆရာဝန်တစ်ယောက်နဲ့ သူ့သားလေး ကားရေထဲကျပြီး ဆုံးပါးသွားတဲ့ သတင်းကို လူတိုင်းကြားမိမှာပါ ထိုအဆိုပါယာဉ်မောင်းသူဟာ ကားမမောင်းခင် အရက်သောက်ထားပါသတဲ့။

ဒီအဖြစ်အပျက်ကို မြင်တော့ သတိရသွားတာက အနောက်တိုင်းက Johnnie Walker ယမကာ ကြော်ငြာ ဆိုင်းဘုတ်တွေဆီကို စိတ်ရောက်သွားမိပါလေရော။

အဆိုပါ Johnnie Walker Billboard ရဲ့ ဖန်တီးသူ က အင်မတန်စိတ်ကူးကောင်းတယ် ဆိုရမယ် * အရက်မသောက်ပဲ ကားမောင်းကြပါ ၊ Johnnie တောင် အရက်သောက်ထားလို့ လမ်းလျှောက်ပါတယ် *ဆိုကာ ဟိုက်ဝေး လမ်းမကြီးတွေ ပေါ်မှာ Johnnie Walker လည်း ကြော်ငြာရင်း အရက်သောက်ပြီး ကားမမောင်းသင့်ကြောင်းပါ Billboard တွေမှာထည့်ရေးထားပါသတဲ့။

ထို Billboard ဖန်တီးသူသည် လမ်းလျှောက်နေတဲ့ Johnnie Walker ရုပ်လေးကို ဖော်ညွှန်းသလို Brand ကိုပါဂုဏ်တတ်စေပါသတဲ့။

 

Johnnie Walker အကြောင်း နှင့် သူ့ရဲ့ စိတ်ဝင်စားဖွယ်ကြော်ငြာများ

 

ကျွန်မ တို့ နေခဲ့တဲ့ အဘူဒါဘီ မှ ဒူဘိုင်း ကို သွားတဲ့ ဟိုင်းဝေးလမ်းမှာဆိုလဲ အဆိုပါ Johnnie Walker ရဲ့ အရက်မသောက်ပဲ ကားမောင်းပါဆိုတဲ့ စေတနာ ရှေးရူ့တဲ့ ကြော်ငြာ Billboard ကိုတွေ့နိုင်သလို ယာဉ်ထိမ်းသိန်းကြီးကြပ်တဲ့ ရဲ များမှ အရက်သောက်ထားရင် ပေါ်တဲ့ ( Breathalyzer )စစ်တဲ့ စက်ဖြင့်ပါ ယာဉ်မောင်းများကို စစ်တာတွေ့ရပါတယ်။

Johnnie Walker ရဲ့ The Gentleman's Wager 2 တီဗီကြော်ငြာတွင် ကားမမောင်းခင် အရက် မသောက်သင့်ကြောင်းကိုလည်းရိုက်ကူးပြသသွားတာတွေ့ရသည်။

Johnnie Walker ရဲ့ Never Drink and Drive ဆိုသော Campaign မှာအတော်လေး လူသိများတဲ့ Campaign တစ်ခုပါ။ဒါ့ထက် အနောက်တိုင်းမှာက အရက် ကြော်ငြာ billboard များတွင် ပုလင်းပုံ ထည့်သွင်းရင် ပြသနာရှိနိုင်သည်ဟု သိရသည်။

မြန်မာ့ နိုင်ငံ ရှိ အရက် ပုလင်းထုတ်လုပ်သူ ကြော်ငြာရှင်များ အနေဖြင့် မိဘပြည်သူများ အား ထို ဆုံးပါးသွားသော ဆရာဝန်သားအဖ လို အဖြစ်မျိုး မကြုံတွေ့စေရန် မိမိ တို့ ၏ ယမကာ ကြော်ငြာများတွင် * အရက်သောက်ထားပါက ကားမမောင်းပါနှင့် * ဆိုတဲ့ စာလေး ထည့်သွင်းပေးသင့်ပါသည်။

ထို့အတူ ယာဉ်ထိန်းရဲများ အနေဖြင့်လဲ Breathalyzer ခေါ် သွေးထဲမှာ ရှိတဲ့ Alcohol ပမာဏတိုင်းတာသော ကိရိယာကို တိုးချဲ့ အသုံးပြုသင့်သည်။

အများပြည်သူများ ကျန်းမာချမ်းသာ ကြပါစေ။

 

<<< Zawgyi >>>

 






 

တီဗီ ကြော်ငြာကြေး ၄၆ မီလီယံ အသုံးပြုထားတဲ့ Nintendo

 






 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)