ထင်ယောင်ထင်မှား ကြော်ငြာကြောင့် ဒေါ်လာ ၉ သန်းကျော် ဒဏ်တပ်ခံရ
ကုမ္ပဏီများတွေက ထုတ်လုပ်တဲ့ ပစ္စည်းတွေကို တကယ်အပြင်မှာထက် ကြော်ငြာထဲမှာ အမြင်ပိုကောင်းအောင် အထင်ကြီးစရာ ပိုဖြစ်အောင် ကြော်ငြာကြတာ ထုံးစံပါပဲ။
အဲဒီ ထုံးစံအတိုင်း Samsung က ဩစတေးလျ ဈေးကွက်ထဲမှာ ကြော်ငြာလိုက်တာ ဒဏ်ကြေး တပ်ခံလိုက်ရပါတယ်။
၂၀၁၉ ခုနှစ်မှာ Samsung Australia ဌာနခွဲက ကြော်ငြာထားတဲ့ ပုံတွေမှာ Samsung စမတ်ဖုန်းတွေက ရေစိုခံ ရေစိမ်ခံ ဖုန်းများသဖွယ် တင်ပြထားပါတယ်။ Galaxy S, A နှင့် Note စမတ်ဖုန်းများကို ရေကူးကန်များနှင့် ပင်လယ်ရေထဲ ယူသွားဖို့ သင့်တော်တဲ့အတိုင်း အကြိမ်ကြိမ် ကြော်ငြာပါတယ်။
အဲဒီအတွက် ဩစတေးလျမှာ တရားတဘောင် ရင်ဆိုင်ခဲ့ရပြီး ဩစတေးလျ ဒေါ်လာ ၁၄ သန်း (ကန်ဒေါ်လာ ၉.၆ သန်း) ဒဏ်တပ်ခံရပါတယ်။ Samsung ရဲ့ စမတ်ဖုန်း တချို့က ( ဥပမာ GALAXY S7 နှင့် S8 SERIES) ရေကူးကန်ထဲ ရေစိမ်ခံ မဟုတ်တဲ့အပြင် ပင်လယ်ရေထဲ ယူသွားလို့လည်း မရတာကို ရနေသည့်သဖွယ် ထင်ယောင်ထင်မှား ဖြစ်အောင် ကြော်ငြာထားလို့ အခုလို ဒဏ်တပ်ခံရတာ ဖြစ်ပါတယ်။
ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ကြော်ငြာများကို ၂၀၁၆ မတ်လမှ ၂၀၁၈ အောက်တိုဘာလအထိ အသုံးပြုခဲ့ပါတယ်။
#MyanmarAdvertisingGuide
Telegram Channel
https://t.me/Guid4U
Source: gizchina.com