-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ငန်းခွင်အတွင်း မဖြစ်မနေရှိသင့်ရှိအပ်တဲ့ ကျင့်ဝတ်တရားများ

လုပ်ငန်းခွင်အတွင်း မဖြစ်မနေရှိသင့်ရှိအပ်တဲ့ ကျင့်ဝတ်တရားများ Google

လုပ်ငန်းခွင်အတွင်း ရိုးသားသူ၊ ယုံကြည်ရနိုင်တဲ့သူတွေဟာ သူဌေးအပါအ၀င် လုပ်ဖော်ကိုင်ဖက်များရဲ့ အလေးပေးဆက်ဆံခြင်းကို အစဉ်အလာအရ ခံရလေ့ရှိပါတယ်။

အဲဒီ အရည်အချင်းတွေအပြင် အကောင်းမြင်စိတ်ရှိခြင်း၊ ဦးဆောင်နိုင်စွမ်းရှိခြင်း၊ အထက်လူကြီးမှ အလုပ်လုပ်ရန် တိုက်တွန်းစရာမလိုဘဲ မိမိကိုယ်ပိုင်အသိဖြင့်ဆောင်ရွက်ခြင်း၊ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း၊ နေရာမယူခြင်း အစရှိတဲ့ အရည်အသွေးများဟာ ယနေ့ခေတ် လုပ်ငန်းခွင်အတွင်းရှိသင့်တဲ့ ကျင့်ဝတ်တရားတွေဖြစ်ပါတယ်။

ကိုယ်ရည်ကိုယ်သွေးနဲ့ ကျင့်ဝတ်တရားများဆိုတာဟာ မွေးရာပါအရည်အချင်းများ ဖြစ်ကြပြီး ပြုစုပျိုးထောင်လေ့ကျင့်လို့မရနိုင်တဲ့အရာဆိုပြီး လူအများစုက အထင်မှားတတ်ကြပါတယ်။ ဒီအရာများဟာ လေ့ကျင့်ပျိုးထောင်နိုင်တဲ့ အရာများဖြစ်ပြီး ဘယ်လိုလေ့ကျင့်ပျိုးထောင်လို့ရသလဲဆိုတာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်တန်ဖိုးကိုယ် သတ်မှတ်ပါ

တန်ဖိုးလို့ဆိုတဲ့နေရာမှာ ငွေကြေးပိုင်းဆိုင်တာ တစ်မျိုးတည်းကို ဆိုလိုခြင်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရေတို၊ ရေရှည်စီမံကိန်းတွေက ဘာတွေလဲ။ ကိုယ်ကပတ်ဝန်းကျင်မှာ၊ လုပ်ငန်းခွင်မှာ ဘယ်လိုလူမျိုးဖြစ်ချင်တာလဲ။ ဒီလိုမျိုး ကိုယ့်ရဲ့ရည်ရွယ်ချက်အပေါ်မူတည်ပြီး ကိုယ့်ရဲ့တန်ဖိုးကို သတ်မှတ်ပါ။ ကိုယ်သတ်မှတ်ထားတဲ့ ကိုယ်ပိုင်တန်ဖိုးအပေါ်မူတည်ပြီး ကိုယ့်ရဲ့ ပြုမူပြောဆို ဆောင်ရွက်မှုတွေကို အကောင်းဆုံးလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အဲဒီအနောက်ကနေ လုပ်ဖော်ကိုင်ဖက်များရဲ့အသိအမှတ်ပြုခံရခြင်း၊ ချီးကျူးခံရခြင်းဆိုတဲ့ အကျိုးရလဒ်တွေက လိုက်လာပါလိမ့်မယ်။

၂။ လုပ်ဖော်ကိုင်ဖက်များထံမှအကြံပြုချက်များ တောင်းခံပါ

တစ်ခါတစ်ရံမှာ ကိုယ်တိုင်သတိမမူလိုက်ဘဲ လုပ်ဖြစ်၊ ပြောဖြစ်သွားတဲ့ကိစ္စရပ်များ ရှိနိုင်ပါတယ်။ ဥပမာ - ကိုယ်က သတိလက်လွတ်နဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို အသံမာမာနဲ့ ပြောလိုက်မိတာမျိုးကို အပြောခံလိုက်ရတဲ့ လုပ်ဖော်ကိုင်ဖက်က "ဒီလူက စကားအပြောအဆို တင်စီးတယ်၊ အသံမာတယ်ဆိုပြီး ကောက်ချက်ချသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ သတိမမူဘဲပြုမူမိလိုက်တဲ့ အပြုအမူများအတွက်ရော၊ မိမိရဲ့လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည်
များအတွက်ပါ လုပ်ဖော်ကိုင်ဖက်များထံမှ အကြံပြုချက်များတောင်းခံဖို့လိုအပ်ပါတယ်။ အကြံပြုချက်များ တောင်းခံတဲ့နေရာမှာ မိမိကိုအပြုသဘောဆောင်သောအကြံပြုချက်များ ပေးနိုင်သူ၊ ဘက်မလိုက်ဘဲအကဲဖြတ်ပေးနိုင်သူများ ကို ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါတယ်။

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ မြန်မာစီးပွားရေးဘဏ်မှာ နှစ်ဆင့်ထုတ်ချေးငွေလျှောက်ထားနိုင်

၃။ လုပ်နိုင်တာထက် ပိုလုပ်ပါ

ဒီတတိယမြောက်အချက်လေးကို ဖတ်ကြည့်လိုက်တာနဲ့မျက်မှောင်ကျုံ့မသွားကြပါနဲ့။ အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း ယခုခေတ်ကြီးမှာ ရိုးဂုဏ်တစ်ခုတည်းနဲ့ အလုပ်လုပ်လို့မရတော့ပါဘူး။ လုပ်ငန်းခွင်အတွင်း မဖြစ်မနေ ရှိသင့်ရှိအပ်တဲ့ ကျင့်ဝတ်တရားတွေထဲမှာ Initiative (အများသူငှာ ပြောစရာ၊ ထောက်ပြစရာ မလိုဘဲ ဦးစီးဆောင်ရွက်လိုစိတ်ရှိခြင်း) ဆိုတဲ့ အချက်ကအဓိကကျတဲ့ အချက်တစ်ခုဖြစ်သလို ကိုယ့်ဘ၀ရဲ့တိုးတက်ရာတိုးတက်
ကြောင်းအတွက်လည်း များစွာအကျိုးရှိစေမယ့် ကျင့်ဝတ်တစ်ခု ဖြစ်ပါတယ်။

၎။ ကိုယ့်ရဲ့ အဆင့်အတန်းက ဘာလဲ

ဒီလိုမျိုး ရေးလိုက်လို့ "ဘာလဲဟ” လို့မှတ်ချက်ချ မစောပါနဲ့ဦး။ လုပ်ငန်းခွင်အတွင်း အဆင့်အတန်းလို့ဆိုလိုတဲ့နေရာမှာ ရာထူးမြင့်ခြင်း၊ နိမ့်ခြင်း၊ လစာများခြင်း၊ နည်းခြင်းဆိုတဲ့ အချက်အလက်တွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဒါဆိုရင် လုပ်ငန်းခွင်အတွင်း အဆင့်အတန်းကို ဘာနဲ့တိုင်းတာ မလဲဆိုရင် လုပ်ဖော်ကိုင်ဖက်များအကြောင်း အတင်းပြောခြင်း၊ မပြောခြင်း၊ ပြဿနာတစ်ခု ဖြစ်လာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အဖြေကိုမစဉ်းစားဘဲ ဘယ်သူ့ကို အပြစ်တင်ရမလဲ ဆိုတာကိုဦးစွာစဉ်းစားခြင်း၊ မျက်နှာလိုက်တတ်ခြင်း အစရှိတဲ့ အတွေးအခေါ်၊ အပြုအမူ အပြောအဆို အစရှိတဲ့ အချက်တွေနဲ့ပဲ လုပ်ငန်းခွင် အတွင်းအဆင့်အတန်းကို တိုင်းတာနိုင်ပါတယ်။

၅။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်ပါ

ညအိပ်ရာမဝင်ခင်တိုင်းမှာ ဒီနေ့တစ်နေ့တာလုပ်ငန်းခွင်အတွင်း ဆောင်ရွက်ချက်တွေထဲမှာ "ငါအကောင်းဆုံး လုပ်ဆောင်နိုင် ခဲ့တဲ့ အရာ (၃) ခုက ဘာလဲ၊ ဒီနေ့လုပ်ခဲ့တဲ့အရာတွေထက် ပိုကောင်းအောင် လုပ်နိုင်တဲ့ အရာ (၃) ခုက ဘာတွေ ဖြစ်မလဲ။"ဆိုတာကိုပြန်လည်သုံးသပ်သင့်ပါတယ်။ အကောင်းဆုံး လုပ်နိုင်တဲ့အရာ (၃) ခုအတွက်လည်း ကိုယ့်ကိုယ်ကိုယ်ချီးကျူးဖို့ မမေ့သင့်သလို ဘာတွေကို ယနေ့ထက် ပိုကောင်းအောင် လုပ်နိုင်သလဲဆိုတာကို စဉ်းစားခြင်းအားဖြင့်လည်း ကိုယ့်ရဲ့ လုပ်ငန်းခွင်ဆိုင်ရာကျင့်ဝတ်တရားနဲ့ အရည်အသွေးတွေ ပိုမိုတိုးတက်လာနိုင်ပါတယ်။

အလုပ်ကို ပုံမှန်လုပ်နေရုံ၊ ခိုင်းတာ။ လုပ်နေရုံ၊ ရိုးသားနေရုံမျှနဲ့တော့ ကိုယ့်ရဲ့ အရည်အချင်းလည်း မတိုးတက်လာနိုင်သလို အခြားထင်သာမြင်သာရှိတဲ့ ရာထူး၊ လစာတွေဟာလည်း မတိုးတက်လာနိုင်ပါဘူး။ လုပ်ငန်းပိုင်းဆိုင်ရာ ကျင့်ဝတ်တရားတွေ တိုးတက်လာအောင် ကြိုးစားလုပ်ကိုင်နေတဲ့ လူတစ်ယောက်ရဲ့ အနောက်ကို မက်မောချင်စရာကောင်းတဲ့ ရာထူး၊ လစာတွေဟာ တောင်းဆိုစရာမလိုဘဲ အလိုလိုလိုက်လာနိုင်ပါတယ်။

Myanmar advertising Directory

 

Read times
Rate this item
(1 Vote)