-->
×

Warning

JUser: :_load: Unable to load user with ID: 29


အထင်မှားစေသော ကြော်ငြာများကြောင့် Uniqlo အရောင်းကိုယ်စားလှယ် FRL Korea ဒေါ်လာ ၁ သိန်းကျော် ဒဏ်ရိုက်ခံရ

အထင်မှားစေသော ကြော်ငြာများကြောင့် Uniqlo အရောင်းကိုယ်စားလှယ်  FRL Korea ဒေါ်လာ ၁ သိန်းကျော် ဒဏ်ရိုက်ခံရ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Uniqlo ၏ အရောင်းကိုယ်စားလှယ် FRL Korea သည် ကိုရီးယားတွင် အထင်မှားစေသော ကြော်ငြာများကြောင့် ဒဏ်ရိုက်ခံရသည်။

.

နာမည်ကျော် ဂျပန်ဖက်ရှင်အမှတ်တံဆိပ် Uniqlo ၏ လက်လီရောင်းချသူအား အထင်မှားစေသော ကြော်ငြာများကြောင့် ဒဏ်ငွေ ဝမ် ၁၅၃ သန်း (ကန်ဒေါ်လာ ၁၀၈၀၀၀) ချမှတ်ရန် ကိုရီးယား၏ တရားမျှတသောကုန်သွယ်မှုကော်မရှင် Fair Trade Commission (FTC) က ကြာသပတေးနေ့ (အောက်တိုဘာ ၂၇)တွင် ပြောကြားခဲ့သည်။

.

FRL Korea ကုမ္ပဏီကို တောင်ကိုရီးယားမှ ဆိုးလ်မြို့အခြေစိုက် Lotte Shopping နှင့် Uniqlo အရောင်းကိုယ်စားလှယ် ရထားသော ဂျပန်မှ Fast Retailing Co တို့က ဖက်စပ်လုပ်ငန်းအဖြစ် ထူထောင်ထားသည်။ Lotte Shopping က ရှယ်ယာ ၄၉% ပိုင်ဆိုင်သည်။

.

ကိုရီးယားတွင် Uniqlo ထုတ်ကုန်များရောင်းချသည့် FRL Korea ကုမ္ပဏီအား ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အတွင်းခံ အဝတ်အစားများ၏ စွမ်းဆောင်ရည်များကို ကြော်ငြာများတွင် ပုံကြီးချဲ့ကာ တင်ပြခဲ့သဖြင့်  ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု FTC က ပြောကြားသည်။

.

ဆိုရှယ်မီဒီယာအကောင့်အမျိုးမျိုး၊ ပရိုမိုးရှင်းပစ္စည်းများ၊ လက်ကမ်းကြော်ငြာများနှင့် ဝဘ်ဆိုဒ်များမှတစ်ဆင့် FRL Korea သည် ၎င်းရောင်းချသည့် အတွင်းခံများဖြစ်သည့် AIRism နှင့် DRY-EX တွင် ဘက်တီးရီးယားပိုးမွှားများနှင့် အနံ့ဆိုး ဖျောက်ပေးခြင်းဆိုင်ရာ အင်္ဂါရပ်များ ပါရှိကြောင်း ကြော်ငြာခဲ့သည်။

"အနံ့အသက် ပျောက်စေသော အင်္ဂါရပ်နှင့်အတူ ၀တ်ဆင်ဖို့ အဆင်ပြေသည်"

 "ဘက်တီးရီးယားပိုးမွှားများနှင့် အနံ့ဆိုးပျောက်စေသော စွမ်းဆောင်ရည်မြင့် ပစ္စည်း"

 အစရှိသော ဖော်ပြချက်များဖြင့် ကုမ္ပဏီက ကြော်ငြာခဲ့သည်။

ထုတ်ကုန်များသည် ဘက်တီးရီးယား ဆန့်ကျင် တိုက်ဖျက်ပေးကြောင့် စစ်ဆေးမှုခံယူပြီး မှန်ကန်ကြောင်း အထောက်အထား ခိုင်လုံဖို့ လိုအပ်သည်ဟု FTC က ပြောကြားသည်။ FRL Korea သည် စစ်ဆေးမှု ခံယူခဲ့ဖူးခြင်း မရှိချေ။

Source  Yonhap

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)