-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပြားေရး လုပ္ငန္းစတင္တဲ့အခါမွာ ေရွာင္ရွားသင့္တဲ့ လူ ခုႏွစ္ဦး

စီးပြားေရး လုပ္ငန္းစတင္တဲ့အခါမွာ ေရွာင္ရွားသင့္တဲ့ လူ ခုႏွစ္ဦး google

စီးပြားေရးလုပ္ငန္းတစ္ခု စတင္တယ္ဆိုတာဟာ လူတစ္ေယာက္လုပ္ႏိုင္တဲ့ စိန္ေခၚမႈ အႀကီးဆံုး ကိစၥေတြထဲက တစ္ခုပါ။

ဒီထက္ ပိုၿပီး စီးပြားေရးတစ္ခုစတင္ျခင္းရဲ႕ အခက္ခဲဆံုးကိစၥကေတာ့ လူအမ်ားစု က ခင္ဗ်ား ဘာလို႔ အဲေလာက္ ႀကိဳစားေနရတယ္ဆိုတာကို နားမလည္တဲ့ကိစၥပါ။ အထူးသျဖင့္ ခင္ဗ်ား ပိုက္ဆံ သိပ္ၿပီးမရွာႏိုင္တဲ့အခ်ိန္မွာေပါ့။

ၿပီးေတာ့ သူတို႔က ခင္ဗ်ားဘာလို႔ သူတို႔နဲ႔ မေတြ႕ဘဲ အၾကာႀကီးလုပ္ေနရလဲဆိုတာကိုလဲ နားလည္မွာမဟုတ္ပါဘူး။ တခ်ိဳ႕ ေသာ သူေတြဆိုရင္ ခင္ဗ်ား စီးပြားေရးလုပ္ငန္း စလုပ္တဲ့အတြက္ မိတ္ေတာင္ ပ်က္ႏိုင္ပါေသးတယ္။ သူတို႔က ခင္ဗ်ားကို စိတ္ဓါတ္အားျဖင့္ ျပဳတ္က်ေအာင္ လုပ္ပါလိမ့္မယ္။ ၿပီးေတာ့ ခင္ဗ်ားကို ခင္ဗ်ားရဲ႕ စိတ္ကူးေတြက ႐ူးေၾကာင္ေၾကာင္ ကိစၥေတြ ပါ ျဖစ္ကို မျဖစ္ႏိုင္ပါဘူး လို႔ ေျပာပါလိမ့္မယ္၊ ခင္ဗ်ားရဲ႕ ႀကိဳးစားအားထုတ္မႈေတြ ပ်က္သြားေအာင္လို႔ပါ လုပ္ေကာင္း လုပ္ပါလိမ့္မယ္။ ခင္ဗ်ားစိတ္ထဲမွာေတာ့ ကိုယ့္အေၾကာင္း သူတို႔ကို ေသေသခ်ာခ်ာ ရွင္းျပလိုက္ရင္ ကိစၥေတြ ပိုေကာင္းလာမယ္လို႔ ထင္ပါလိမ့္မယ္။ ဒါေပမယ့္ တကယ္ေတာ့ ရွင္းျပေနတာဟာ သိပ္ေတာ့ မလုပ္မျဖစ္လွပါဘူး။

စီးပြားေရး လုပ္ငန္းစတင္ခ်ိန္မွာ အႏႈတ္လကၡဏာ ေဆာင္တဲ့၊ မေကာင္းျမင္တတ္တဲ့ သူေတြရဲ႕ႀကံဳရတဲ့ ျပႆနာကို အေကာင္းဆံုး ေျဖရွင္းနည္းကေတာ့ အဲဒီလူေတြကို လံုးလံုး အဆက္အဆံမလုပ္ဘဲ ေနတဲ့နည္းပါပဲ။

သိပၸံနည္းက် သုေတသနေတြကေတာ့ ဒီအျမင္ကို ေထာက္ခံၾကပါတယ္။ လူမႈႏွင့္ တစ္ဦးခ်င္း ေပါင္းသင္းဆက္ဆံမႈ ဆိုတဲ့ ဂ်ာနယ္ရဲ႕ ေလ့လာ စမ္းစစ္မႈမွာ ေတြ႕ရတာကေတာ့ မေကာင္းျမင္တဲ့သူေတြကို လ်စ္လ်ဴရႈထားလိုက္ျခင္းဟာ၊ လ်စ္လ်ဴရႈႏိုင္သူရဲ႕ အသိဥာဏ္ပညာနဲ႔ ထုတ္လုပ္ႏိုင္စြမ္းကို တိုးတက္လာေစပါတယ္။ သုေတသန ျပဳလုပ္သူေတြဟာ လူေပါင္း ၁၂၀ ထဲက တစ္ခ်ို႕ကို သူတို႔ကို ႀကိဳတင္သတ္မွတ္ထားတဲ့၊ မေကာင္းေျပာသူေတြ မေကာင္းျမင္တတ္သူေတြနဲ႔ စကားေျပာဖို႔၊ တခ်ိဳ႕ကိုေတာ့ ခင္ခင္မင္မင္ ေပါင္းသင္းဆက္ဆံတတ္သူေတြနဲ႔ စကားေျပာဖို႔ လုပ္ေဆာင္ခိုင္းပါတယ္။

အခ်ိန္ေလးမိနစ္ေလာက္ အဲဒီလို လုပ္ၿပီးတဲ့အခါ၊ ပါတဲ့သူ ၁၂၀ ကို စိတ္စူးစိုက္မႈ လိုအပ္တဲ့ အလုပ္ေတြလုပ္ခိုင္းပါတယ္။ မကာင္းျမင္တတ္သူေတြကို လ်စ္လ်ဴရွႈထားခဲ့တဲ့ လူေတြဟာ၊ မေကာင္းျမင္သူေတြနဲ႔ ေပါင္းသင္းဆက္ဆံသူေတြထက္ ပိုၿပီး စြမ္းေဆာင္ရည္ေကာင္းတာကို ေတြ႕ခဲ့ရပါတယ္။

ဒါေၾကာင့္မို႔လဲ သုေတသန သမားေတြဟာ မေကာင္းျမင္သူေတြကို ေပါင္းသင္းဆက္ဆံဖို႔ ေရွာင္ဖယ္ျခင္းဟာ ကိုယ့္ရဲ႕ စိတ္ဓါတ္အင္အားကို ထိန္းသိမ္းရာ ေရာက္တယ္လို႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္။

ဒါဆို မေကာင္းျမင္သမားေတြကို ေရွာင္ဖယ္ျခင္း ဆိုတာဟာ လုပ္ငန္းတစ္ခု စတင္တဲ့အခ်ိန္မွာ သြက္လက္ဖို႔ ဥာဏ္ရည္ထက္ျမက္ဖို႔ အလုပ္ၿပီးေျမာက္ေစဖို႔ အတြက္ အင္မတန္ဘဲ အေရးႀကီးပါတယ္။ တကယ္လို႔ ခင္ဗ်ားအေနနဲ႔ ေအာင္ျမင္ခ်င္တယ္ဆိုရင္ ေအာက္မွာ ေဖၚျပထားတဲ့ မေကာင္းျမင္တတ္တဲ့၊ အက်ိဳးမဲ့ေစတဲ့ လူ ခုႏွစ္မ်ိဳးကို ေရွာင္ဖို႔ လိုပါတယ္။

၁။ နံပါတ္တစ္ကေတာ့ ခင္ဗ်ားဆီမွာ ေရြးခ်ယ္စရာ တစ္မ်ိဳးပဲ ရွိတယ္လို႔ ေျပာတတ္တဲ့သူမ်ိဳးပါ

ခင္ဗ်ားမွာ ဘယ္ေတာ့မွ ေရြးခ်ယ္စရာ တစ္ခုပဲ ရွိတာမဟုတ္ပါဘူး။ တကယ္လို႔မ်ား တစ္ေယာက္ေယာက္က ေရြးစရာ မရွိေအာင္လုပ္မယ္ ခင္ဗ်ားကို ေရြးစရာ ႏွစ္မ်ိဳးပဲ ေပးၿပီး သူတို႔ကို ေရြးမလား၊ ခင္ဗ်ားရဲ႕ စီးပြားေရးကိုပဲ ေရြးမလား ဆိုတာမ်ိဳး လုပ္လာရင္၊ ခင္ဗ်ား သူတို႔နဲ႔ ေရွ႕ဆက္ မေပါင္းသင့္ပါဘူး။

တကယ္တမ္း အမွန္တရားအတိုင္း ေရြးစရာ အမ်ားႀကီးရွိတဲ့သူကို ေရြးစရာ တစ္ခုပဲ ေပးတာကို Hobson's Choice (ေဟာ့ဘ္ဆန္ ၏ေရြးခ်ယ္မႈ) လို႔ေခၚပါတယ္။ ေသာမတ္စ္ ေဟာ့ဘ္ဆန္ ဆိုတာဟာ လွည္းေရာင္းတဲ့သူပါ။ သူက သူဆီက ေစ်းဝယ္သူေတြကို တံခါးနဲ႔ နီးတဲ့ လွည္းကို ဝယ္ခ်င္ဝယ္။ ဒါမွမဟုတ္ ဘာမွ ဝယ္မေနနဲ႔ ဆိုတဲ့သူပါ။ ဒါမွမဟုတ္ဆိုတာ လွည့္ကြက္ပါ။ ဒီလို ဒါမွမဟုတ္ ဆိုတာကို အသံုးခ်ၿပီး အႏိုင္ရေအာင္ လုပ္တာပါ။ တကယ္တမ္းမွာေတာ့ ခင္ဗ်ားအတြက္ ေရြးခ်ယ္စရာ တစ္ခုမကရွိပါတယ္။ တကယ္လို႔မ်ား ေနာက္တစ္ေခါက္သူတို႔ ဒါမွမဟုတ္ ခင္ဗ်ားအလုပ္ ဆိုတဲ့အခါမွာ ျငင္းသာ ျငင္းလိုက္ပါ၊ ခင္ဗ်ားအေနနဲ႔ ဒါမွမဟုတ္အစာ ဒါ့အျပင္ နဲ႔ အစားထိုးႏိုင္ပါတယ္။

ဒါမွမဟုတ္ ခပ္ေအးေအးပဲ သူတို႔ကို ျငင္းလိုက္ၿပီး ခင္ဗ်ားအလုပ္မွာသာ ခင္ဗ်ား အာ႐ံုျပန္စိုက္လိုက္ပါ။

၂။ နံပါတ္ ႏွစ္ကေတာ့ သူတို႔ မရွိဘဲ၊ သူတို႔ မပါဘဲ၊ သူတို႔ လိုအပ္ခ်က္ မျပည့္ဘဲ ခင္ဗ်ားအေနနဲ႔ မေအာင္ျမင္ႏိုင္ဘူးဆိုတဲ့သူေတြပါ။

ခင္ဗ်ားအေနနဲ႔ ေအာင္ျမင္ဖို႔ တျခားတစ္ေယာက္ မလိုပါဘူး။ အေကာင္းျမင္တတ္သူေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ျခင္းနဲ႔ အေကာင္းျမင္တတ္သူေတြရဲ႕ ပါတ္ဝန္းက်င္မွာ ေနျခင္းဟာ ဘယ္လုပ္ငန္းမွာ မဆို ေအာင္ျမင္မႈကို တိုးပြားေစပါတယ္။
ဒါေပမယ့္ ေအာင္ျမင္ဖို႔အတြက္ တျခားတစ္ဦးတစ္ေယာက္ကို လုိအပ္ပါတယ္ ဆိုတာကေတာ့ သိပ္မေကာင္းပါဘူး။ ဒါဟာ တျခားလူေတြကို သူတို႔ရဲ႕ ကိုယ္ေရးကိုယ္တာ လိုအပ္ခ်က္အတြက္ ခင္ဗ်ားကို အသံုးခ်ဖို႔ လမ္းဖြင့္ေပးသလိုပါပဲ။ လိုအပ္ခ်က္ကေန မရွိမျဖစ္ အဲဒီကေနမွ သူတို႔ကို လံုးလံုးလ်ားလ်ား မီွခိုတဲ့ဆီ ေရာက္သြားႏိုင္ပါတယ္။

ဒါေၾကာင့္မို႔ ခင္ဗ်ားအေနနဲ႔ ကိုယ့္ဟာကိုယ္ ဘာမွ မလုပ္ႏိုင္ဘူးလို႔ ျဖစ္ေအာင္ ႀကိဳးစားေနတဲ့ မေကာင္းျမင္တတ္တဲ့သူေတြ သတိထားပါ။ တကယ္လို႔မ်ား တစ္ေယာက္ေယာက္က သူတို႔ရဲ႕ ေထာက္ပံ့မႈ၊ ေထာက္ခံမႈ ကို သူတို႔ အလုိရွိတဲ့ အရာ လုပ္မလုပ္ေပၚမႈ တည္ၿပီး ခင္ဗ်ားကိုေပးမယ္ ဆိုရင္ အဲလိုလူမ်ိဳးကို စြန္႔ပစ္လိုက္ပါ။ သံေယာဇဥ္ျဖတ္ၿပီး ခင္ဗ်ားနဲ႔ ခင္ဗ်ားရဲ႕ လုပ္ငန္းအေပၚမွာ ေႏွာင္ႀကိဳးေတြ မပါဘဲ ကူညီမယ့္ ေထာက္ခံမယ့္ သူကိုရွာပါ။

၃။ နံပါတ္သံုးကေတာ့ သူတို႔ကို ဂ႐ုစိုက္ဖို႔၊ ေထာက္ပံ့ဖို႔ ေစာင့္ေရွာက္ဖို႔ဆိုတာဟာ ခင္ဗ်ားရဲ႕ တာဝန္ ျဖစ္တယ္လို႔ ခံစားရေအာင္ လုပ္တဲ့သူေတြပါ။

ခင္ဗ်ားဟာ တျခားလူတစ္ေယာက္ရဲ႕ ေပ်ာ္ရႊင္မႈအတြက္ တာဝန္ လံုးလံုးမရွိပါဘူး။ တကယ္လို႔ အရြယ္ေရာက္ၿပီးသား အမ်ိဳးသား နဲ႔ အမ်ိဳးသမီး တစ္ေယာက္ေယာက္ဟာ ခင္ဗ်ားကို သူတို႔နဲ႔ အခ်ိန္မျဖဳန္းတဲ့အတြက္ အျပစ္ရွိသူလို ခံစားရေအာင္ လုပ္မယ္ဆိုရင္ ဒါဟာ ႐ိုး႐ိုးေလး အႏိုင္က်င့္တာပါ။ သူတို႔က ခင္ဗ်ားကို ထိန္းခ်ဳပ္ခ်င္တာပါ။

ခင္ဗ်ားအေနနဲ႔ ဒီလို လူေတြရဲ႕ ေထာက္တိုင္ အျဖစ္ ၾကာၾကာေနရင္ေတာ့ ခင္ဗ်ားရဲ႕ စိတ္ေတြဟာ ကိုယ့္ကိုယ္ကိုယ္ အနစ္နာခံ စြန္႔လႊတ္ဖို႔ပဲ ေတြးေနတဲ့ စိတ္မ်ိဳး ျဖစ္သြားပါလိမ့္မယ္။ ခင္ဗ်ားအေနနဲ႔ ကိုယ့္ရဲ႕ ေပ်ာ္ရႊင္မႈေတြကို တျခားလူေတြရဲ႕ ေပ်ာ္ရႊင္မႈအတြက္ စေတးခံရမယ္လို႔ ထင္လာပါလိမ့္မယ္။ ဒီေတာ့ ခင္ဗ်ားရဲ႕ ေအာင္ျမင္မႈေတြကို တျခားလူေတြရဲ႕ ေအာင္ျမင္မႈေတြ အတြက္ စေတးခံရမယ္လို႔ ေတြးလာပါလိမ့္မယ္။ (ေဟာ့ဘ္ဆန္ ၏ေရြးခ်ယ္မႈ ျပန္လာတာပါပဲ)။ ခင္ဗ်ားမွာ ေရြးစရာ လမ္းမရွိ ျဖစ္လာပါလိမ့္မယ္။

မွတ္သာထားပါ။ ခင္ဗ်ား အားလံုးရႏိုင္ပါတယ္။ ခင္ဗ်ားေရာ တျခားလူေတြပါ တစ္ၿပိဳင္တည္းမွာ ေပ်ာ္ရႊင္ေစတဲ့ နည္းလမ္း ရွိပါတယ္။ ျပသနာက တစ္ခ်ိဳ႕လူေတြက ေပ်ာ္ကို မေပ်ာ္ခ်င္ၾကတာပါ၊ တခ်ိဳ႕ကလဲ ေအာင္ျမင္ေအာင္ လုပ္ဖို႔ အပ်င္းႀကီးေနတာပါ။ ခင္ဗ်ားမွာ အဲလို လူေတြအတြက္ တာဝန္မရွိပါဘူး။ အဲဒီေတာ့ သူတို႔လမ္း သူတို႔သြားပါေစ။ သူတို႔ရဲ႕ ေထာက္တိုင္၊ နင္းျပား ျဖစ္မေနပါေစနဲ႔။

Personal Sellingဆိုတာဘာလဲ?

 

၄။ နံပါတ္ေလးကေတာ့ ခင္ဗ်ားရဲ႕ အရင္ အမွားေတြ နဲ႔ အခုလက္ရွိ ေမွ်ာ္လင့္သေလာက္ မျဖစ္တာေတြကို ထိုင္သတိေပးေနတဲ့သူမ်ိဳးပါ

ခင္ဗ်ားအတြက္ ခင္ဗ်ားရဲ႕ ဘဝမွာ အေကာင္းဘက္ကို ေနာက္ဆံုး ေျပာင္းလဲေအာင္ လုပ္ႏိုင္တဲ့ အခ်ိန္မွာ ခင္ဗ်ားနဲ႔ နီးစပ္တဲ့သူတစ္ေယာက္က ခင္ဗ်ား ဘယ္ေလာက္ မွားခဲ့တယ္ဆိုတာ၊ ဘယ္ႏွစ္ႀကိမ္မွားခဲ့တယ္ ဆိုတာ ထိုင္ေျပာေနတာေလာက္ စိတ္ညစ္စရာ ေကာင္းတာ မရွိပါဘူး။ လူတိုင္းမွားတတ္ပါတယ္။ လူတိုင္း အႀကိမ္ေပါင္းမ်ားစြာ က်႐ံႈးတတ္ပါတယ္။ ခင္ဗ်ားအေနနဲ႔ ၿပီးတာေတြကို ၿပီးသြားေစသင့္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ အမွားေတြအားလံုးအတြက္ ခြင့္လႊတ္ဖို႔ လိုပါတယ္။

ခင္ဗ်ားကိုခင္ဗ်ား ခြင့္မလႊတ္ႏိုင္ဘူးဆိုရင္ တျခားလူေတြက ခင္ဗ်ားရဲ႕ အျပစ္ရွိသလို ခံစားရမႈကို အခြင့္ေကာင္းယူပါလိမ့္မယ္။ သူတို႔က ခင္ဗ်ားရဲ႕ အတိတ္ကို အသံုးျပဳၿပီး ခင္ဗ်ားကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားပါလိမ့္မယ္။ သူတို႔က ခင္ဗ်ားအရင္တုန္းက အမွားေတြ အမ်ားႀကီး လုပ္ခဲ့လို႔ အခု ခင္ဗ်ား မစြန္႔စားသင့္ဘူးလို႔ ခင္ဗ်ား ကိုယ္တိုင္ ယံုၾကည္လာေအာင္ လုပ္ပါလိမ့္မယ္။ ဒီလူေတြ ေျပာတာ နားမေယာင္ပါနဲ႔။ အဲဒီအစား ျဖစ္ခဲ့တာကို သင္ခန္းစာယူပါ။ ၿပီးရင္ ထားလိုက္ပါေတာ့။ ခင္ဗ်ားစီးပြားေရးရဲ႕ ေရွ႕ေရးဟာ အရင္တုန္းက အနာရြတ္ေတြကို ထိုင္ပြတ္ေနတာထက္ အမ်ားႀကီး ပိုၿပီးစိတ္ဝင္စားဖို႔ ေကာင္းပါတယ္။

၅။ နံပါတ္ငါးကေတာ့ ခင္ဗ်ားရဲ႕ ေအာင္ျမင္မႈေတြကို ေသးသိမ္ေအာင္ လုပ္တဲ့သူေတြပါ။

တကယ္လို႔ ကိုယ္နဲ႔ နီးစပ္တဲ့သူတစ္ေယာက္က ေအာင္ျမင္တယ္လို႔ၾကားရင္ မနာလိုတဲ့စိတ္ ခံစားလိုက္ရတယ္ ဆိုတာမ်ိဳးက ပံုမွန္ပါ။ ဘာလို႔လဲ ဆိုေတာ့ ခင္ဗ်ားရဲ႕ ဦးေႏွာက္က ခ်က္ခ်င္းဆိုသလို တျခားတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈနဲ႔ ခင္ဗ်ားရဲ႕ ေအာင္ျမင္မႈကို သြားၿပီး ႏႈိင္းယွဥ္တတ္လို႔ပါ။ တကယ္လို႔ တျခားတစ္ေယာက္က ခင္ဗ်ားထက္သာတဲ့ တစ္ခုခု ဒါမွမဟုတ္ ခင္ဗ်ားနဲ႔ မတူတဲ့ တစ္ခုခု ေအာင္ျမင္တယ္ ဆိုရင္ ခင္ဗ်ားရဲ႕ ဦးေႏွာက္က ဒါကို ဘယ္လိုနည္းနဲ႔ တူညီေအာင္လုပ္မလဲ ဆိုတာကို စဥ္းစားပါတယ္။ ဒါမွလဲ ခင္ဗ်ားကိုယ္ ခင္ဗ်ား မေကာင္မျမင္မွာပါ။

ရင့္က်က္တဲ့သူေတြကေတာ့ တျခားလူေတြရဲ႕ ေအာင္ျမင္မႈကို အဲဒီလူေတြအတြက္ စိတ္လႈပ္ရွားမႈ၊ ၿပီးေတာ့ "ဝိုး... ငါသာ တကယ္ႀကိဳးစားမယ္ဆိုရင္ ငါလဲ သူလို လုပ္ႏိုင္တာပဲ" ဆိုတာမ်ိဳး နဲ႔ တူညီေအာင္ မွ်တေအာင္ လုပ္ပါတယ္။ မရင့္က်က္တဲ့သူေတြကေတာ့ "ဒီလူ ကံေကာင္းလို႔" ေျပာတာပဲျဖစ္ျဖစ္ ဒါမွမဟုတ္ တျခားလူရဲ႕ ေအာင္ျမင္မႈဟာ အက်ိဳးမရွိပါဘူး၊ ဆိုတာမ်ိဳး ျဖစ္ေအာင္ ျပဳမူျခင္းအားျဖင့္ တုန္႔ျပန္ေလ႔ရွိပါတယ္။

ပိုၿပီး ႀကီးက်ယ္ေအာင္၊ ပိုၿပီးေကာင္းေအာင္ လုပ္တဲ့ တစ္ခုတည္းေသာ နည္းကေတာ့ ခင္ဗ်ားရဲ႕ အလုပ္မွာ မရင့္က်က္တဲ့ ခင္ဗ်ားရဲ႕ ေအာင္ျမင္မႈကို ေသးသိမ္ေအာင္ လုပ္တဲ့သူေတြကို ဖယ္ထုတ္ပစ္ဖို႔ပါပဲ။ တျပိဳင္တည္းမွာပဲ ရင့္က်က္ၿပီး တျခားလူေတြရဲ႕ ေအာင္ျမင္မႈေတြကို အသိအမွတ္ျပဳတတ္သူေတြနဲ႔ ပူးေပါင္းၿပီး အဲဒီလူေတြ ေအာင္ျမင္ေစဖို႔အတြက္ ႀကိဳးစားလိုက္ပါ။

အဲဒီလိုပါပဲ ခင္ဗ်ားအေနနဲ႔ ခင္ဗ်ားရဲ႕ အလုပ္မွာ ေအာင္ျမင္ခ်င္တယ္ ဆိုရင္ တျခားလူေတြရဲ႕ ေအာင္ျမင္မႈေတြကို အသိအမွတ္ျပဳႏိုင္ဖို႔ ႀကိဳးစားပါ။

၆။ နံပါတ္ေျခာက္ကေတာ့ ခင္ဗ်ားရဲ႕ စိတ္ေနစိတ္ထား လုပ္ပံုကိုင္ပံု အဆိုးဆံုး ပံုစံ ျဖစ္ေစေအာင္ လုပ္တဲ့သူေတြပါ။

လူတိုင္းမွာ သူတို႔ရဲ႕ ဘဝထဲက အဆိုးဆံုးဆိုတဲ့ ပံုစံမ်ိဳး မျဖစ္ျဖစ္ေအာင္ ဆြဲထုတ္ တတ္တဲ့သူေတြ ရွိပါတယ္။ ဥပမာ အရင္တုန္းက၊ အဆိုးျမင္တတ္တဲ့ ေဒါသႀကီးတဲ့ လုပ္ေဖၚကိုင္ဖက္မ်ိဳး၊ ထိန္းခ်ဳပ္လြန္းခ်င္တဲ့ ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္၊ လိုအပ္ခ်က္ေတြမ်ားလြန္းတဲ့ မိသားစုဝင္။ ဘယ္လိုလူပဲျဖစ္ပါေစ ခင္ဗ်ားရဲ႕ စိတ္ေနစိတ္ထား ကို ေျပာင္းလဲခြင့္ မေပးပါနဲ႔။

ခင္ဗ်ားအေနနဲ႔ တျခားတစ္ေယာက္ရဲ႕ ေဘးမွာ ေနထိုင္လို႔ အ႐ူးတစ္ေယာက္လို ေတြးတာေတြ လုပ္တာေတြ လုပ္မိေနၿပီဆိုရင္ အဲဒီလူကို ေရွာင္ပါ။

ခင္ဗ်ားဘယ္လိုလူဆိုတာ ခင္ဗ်ားသိပါတယ္။ ခင္ဗ်ားရဲ႕ စီးပြားေရး ဦးတည္ခ်က္ကို ေရာက္ေစဖို႔ ခင္ဗ်ားဘယ္လိုလူ ျဖစ္ရမယ္ဆိုတာ ခင္ဗ်ားသိပါတယ္။ ဒီေတာ့ အထူးသျဖင့္ စီးပြားေရး စတင္တဲ့အခါမွာ ကိုယ့္ရဲ႕ စိတ္ေနစိတ္ထား ျပဳမူပံုေတြမွာ အေကာင္းဆံုးပံုစံျဖစ္ေအာင္ ေနပါ။ ၿပီးေတာ့ ခင္ဗ်ားရဲ႕ အေကာင္းဆံုး ပံုစံျဖစ္ေနျခင္းအေပၚမွာ အသိအမွတ္ျပဳတဲ့ လိုလားတဲ့ လူေတြနဲ႔ ဝန္းရံထားပါ။

၇။ ေနာက္ဆံုးတစ္ခုကေတာ့ ခင္ဗ်ားရဲ႕ မေကာင္းတဲ့အက်င့္ေတြရဲ႕ အေတြးေတြပါ။

ခင္ဗ်ားရဲ႕ ေအာင္ျမင္မႈေတြ အႀကီးမားဆံုး ရည္ရြယ္ခ်က္ေတြ မျဖစ္ေအာင္ တားႏိုင္တဲ့ သူကေတာ့ ခင္ဗ်ားတစ္ေယာက္ပဲ ရွိပါတယ္။ ခင္ဗ်ားဟာ ခင္ဗ်ားကိုယ္တိုင္ရဲ႕ အဆိုးဆံုး ရန္သူ ဒါမွမဟုတ္ အေကာင္းဆံုး သူငယ္ခ်င္းပါပဲ။ အဲဒါေၾကာင့္မို႔ ကိုယ့္ရဲ႕ မေကာင္းတဲ့ အက်င့္ေတြ ကိုယ့္ဟာကိုယ္ ေခါင္းမာတာေတြကို ႀကိဳးႀကိဳးစားစား ၾကည့္ပါ။

ျဖစ္တတ္တာကေတာ့ လူေတြဟာ ေအာင္ျမင္မွာကို ေၾကာက္တဲ့အတြက္ ကိုယ့္ဟာကိုယ္ ဖ်က္စီးၾကပါတယ္။ သူတို႔ဟာ သူတို႔ရဲ႕ လက္ရွိအေျခအေနကို ဆံုး႐ံႈးရမွာ ေၾကာက္ပါတယ္။ အဲဒီလိုလူေတြဟာ ေအာင္ျမင္မႈဆီကို ေရာက္ဖို႔ ေျခလွမ္း က်ယ္က်ယ္ လွမ္းပါတယ္။ ဒါေပမယ့္လည္း ေအာင္ျမင္ခါနီးမွာ ေနာက္ဆုတ္သြားတတ္ပါတယ္။

လူေတြက ေအာင္ျမင္မႈ ကေန ဆုတ္ခြာသြားၾကတဲ့အေၾကာင္းကေတာ့ သူတို႔အတြက္ အတိတ္က အေျခအေနဟာ အနာဂတ္အေျခအေနထက္ ပိုၿပီး သက္ေတာင့္သက္သာ ရွိလို႔ပါ။ သူတို႔ဟာ သူတို႔ ဘယ္လိုလူ ျဖစ္လာမယ္ဆိုတာနဲ႔ ပါတ္သက္ၿပီး (သူတို႔ဟာသူတို႔ ထိန္းႏိုင္မလား) မေသခ်ာလို႔ပါ။ ဒါေၾကာင့္မို႔ သူတို႔ ရည္ရြယ္ခ်က္ရွိရွိ က်ဆံုးေအာင္လုပ္ပါတယ္။

ခင္ဗ်ားအေနနဲ႔ ခင္ဗ်ားရဲ႕ အဲဒီ အစိတ္အပိုင္း ကို ေရွာင္ရပါမယ္။ ရွိေနက် အတိတ္က အေျခအေနကို စြန္႔ပစ္လိုက္ပါ၊ ျဖစ္ႏိုင္ေျခရွိတဲ့ ကိုယ့္ရဲ႕ ပံုစံအသစ္ကို ႀကိဳဆိုလိုက္ပါ။ ခင္ဗ်ားရဲ႕ စီးပြားေရး ေအာင္ျမင္မႈဟာ ဒါေတြအေပၚမွာ မူတည္ေနပါတယ္။

 

<<<unicode>>>

 

စီပွားရေးလုပ်ငန်းတစ်ခု စတင်တယ်ဆိုတာဟာ လူတစ်ယောက်လုပ်နိုင်တဲ့ စိန်ခေါ်မှု အကြီးဆုံး ကိစ္စတွေထဲက တစ်ခုပါ။ ဒီထက် ပိုပြီး စီးပွားရေးတစ်ခုစတင်ခြင်းရဲ့ အခက်ခဲဆုံးကိစ္စကတော့ လူအများစု က ခင်ဗျား ဘာလို့ အဲလောက် ကြိုစားနေရတယ်ဆိုတာကို နားမလည်တဲ့ကိစ္စပါ။ အထူးသဖြင့် ခင်ဗျား ပိုက်ဆံ သိပ်ပြီးမရှာနိုင်တဲ့အချိန်မှာပေါ့။

ပြီးတော့ သူတို့က ခင်ဗျားဘာလို့ သူတို့နဲ့ မတွေ့ဘဲ အကြာကြီးလုပ်နေရလဲဆိုတာကိုလဲ နားလည်မှာမဟုတ်ပါဘူး။ တချို့ သော သူတွေဆိုရင် ခင်ဗျား စီးပွားရေးလုပ်ငန်း စလုပ်တဲ့အတွက် မိတ်တောင် ပျက်နိုင်ပါသေးတယ်။ သူတို့က ခင်ဗျားကို စိတ်ဓါတ်အားဖြင့် ပြုတ်ကျအောင် လုပ်ပါလိမ့်မယ်။ ပြီးတော့ ခင်ဗျားကို ခင်ဗျားရဲ့ စိတ်ကူးတွေက ရူးကြောင်ကြောင် ကိစ္စတွေ ပါ ဖြစ်ကို မဖြစ်နိုင်ပါဘူး လို့ ပြောပါလိမ့်မယ်၊ ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုတွေ ပျက်သွားအောင်လို့ပါ လုပ်ကောင်း လုပ်ပါလိမ့်မယ်။ ခင်ဗျားစိတ်ထဲမှာတော့ ကိုယ့်အကြောင်း သူတို့ကို သေသေချာချာ ရှင်းပြလိုက်ရင် ကိစ္စတွေ ပိုကောင်းလာမယ်လို့ ထင်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တော့ ရှင်းပြနေတာဟာ သိပ်တော့ မလုပ်မဖြစ်လှပါဘူး။

စီးပွားရေး လုပ်ငန်းစတင်ချိန်မှာ အနှုတ်လက္ခဏာ ဆောင်တဲ့၊ မကောင်းမြင်တတ်တဲ့ သူတွေရဲ့ကြုံရတဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းနည်းကတော့ အဲဒီလူတွေကို လုံးလုံး အဆက်အဆံမလုပ်ဘဲ နေတဲ့နည်းပါပဲ။

သိပ္ပံနည်းကျ သုတေသနတွေကတော့ ဒီအမြင်ကို ထောက်ခံကြပါတယ်။ လူမှုနှင့် တစ်ဦးချင်း ပေါင်းသင်းဆက်ဆံမှု ဆိုတဲ့ ဂျာနယ်ရဲ့ လေ့လာ စမ်းစစ်မှုမှာ တွေ့ရတာကတော့ မကောင်းမြင်တဲ့သူတွေကို လျစ်လျူရှုထားလိုက်ခြင်းဟာ၊ လျစ်လျူရှုနိုင်သူရဲ့ အသိဉာဏ်ပညာနဲ့ ထုတ်လုပ်နိုင်စွမ်းကို တိုးတက်လာစေပါတယ်။ သုတေသန ပြုလုပ်သူတွေဟာ လူပေါင်း ၁၂၀ ထဲက တစ်ချို့ကို သူတို့ကို ကြိုတင်သတ်မှတ်ထားတဲ့၊ မကောင်းပြောသူတွေ မကောင်းမြင်တတ်သူတွေနဲ့ စကားပြောဖို့၊ တချို့ကိုတော့ ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံတတ်သူတွေနဲ့ စကားပြောဖို့ လုပ်ဆောင်ခိုင်းပါတယ်။

အချိန်လေးမိနစ်လောက် အဲဒီလို လုပ်ပြီးတဲ့အခါ၊ ပါတဲ့သူ ၁၂၀ ကို စိတ်စူးစိုက်မှု လိုအပ်တဲ့ အလုပ်တွေလုပ်ခိုင်းပါတယ်။ မကာင်းမြင်တတ်သူတွေကို လျစ်လျူရှှုထားခဲ့တဲ့ လူတွေဟာ၊ မကောင်းမြင်သူတွေနဲ့ ပေါင်းသင်းဆက်ဆံသူတွေထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းတာကို တွေ့ခဲ့ရပါတယ်။

ဒါကြောင့်မို့လဲ သုတေသန သမားတွေဟာ မကောင်းမြင်သူတွေကို ပေါင်းသင်းဆက်ဆံဖို့ ရှောင်ဖယ်ခြင်းဟာ ကိုယ့်ရဲ့ စိတ်ဓါတ်အင်အားကို ထိန်းသိမ်းရာ ရောက်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ဒါဆို မကောင်းမြင်သမားတွေကို ရှောင်ဖယ်ခြင်း ဆိုတာဟာ လုပ်ငန်းတစ်ခု စတင်တဲ့အချိန်မှာ သွက်လက်ဖို့ ဉာဏ်ရည်ထက်မြက်ဖို့ အလုပ်ပြီးမြောက်စေဖို့ အတွက် အင်မတန်ဘဲ အရေးကြီးပါတယ်။ တကယ်လို့ ခင်ဗျားအနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် အောက်မှာ ဖေါ်ပြထားတဲ့ မကောင်းမြင်တတ်တဲ့၊ အကျိုးမဲ့စေတဲ့ လူ ခုနှစ်မျိုးကို ရှောင်ဖို့ လိုပါတယ်။

၁။ နံပါတ်တစ်ကတော့ ခင်ဗျားဆီမှာ ရွေးချယ်စရာ တစ်မျိုးပဲ ရှိတယ်လို့ ပြောတတ်တဲ့သူမျိုးပါ

ခင်ဗျားမှာ ဘယ်တော့မှ ရွေးချယ်စရာ တစ်ခုပဲ ရှိတာမဟုတ်ပါဘူး။ တကယ်လို့များ တစ်ယောက်ယောက်က ရွေးစရာ မရှိအောင်လုပ်မယ် ခင်ဗျားကို ရွေးစရာ နှစ်မျိုးပဲ ပေးပြီး သူတို့ကို ရွေးမလား၊ ခင်ဗျားရဲ့ စီးပွားရေးကိုပဲ ရွေးမလား ဆိုတာမျိုး လုပ်လာရင်၊ ခင်ဗျား သူတို့နဲ့ ရှေ့ဆက် မပေါင်းသင့်ပါဘူး။

တကယ်တမ်း အမှန်တရားအတိုင်း ရွေးစရာ အများကြီးရှိတဲ့သူကို ရွေးစရာ တစ်ခုပဲ ပေးတာကို Hobson's Choice (ဟော့ဘ်ဆန် ၏ရွေးချယ်မှု) လို့ခေါ်ပါတယ်။ သောမတ်စ် ဟော့ဘ်ဆန် ဆိုတာဟာ လှည်းရောင်းတဲ့သူပါ။ သူက သူဆီက ဈေးဝယ်သူတွေကို တံခါးနဲ့ နီးတဲ့ လှည်းကို ဝယ်ချင်ဝယ်။ ဒါမှမဟုတ် ဘာမှ ဝယ်မနေနဲ့ ဆိုတဲ့သူပါ။ ဒါမှမဟုတ်ဆိုတာ လှည့်ကွက်ပါ။ ဒီလို ဒါမှမဟုတ် ဆိုတာကို အသုံးချပြီး အနိုင်ရအောင် လုပ်တာပါ။ တကယ်တမ်းမှာတော့ ခင်ဗျားအတွက် ရွေးချယ်စရာ တစ်ခုမကရှိပါတယ်။ တကယ်လို့များ နောက်တစ်ခေါက်သူတို့ ဒါမှမဟုတ် ခင်ဗျားအလုပ် ဆိုတဲ့အခါမှာ ငြင်းသာ ငြင်းလိုက်ပါ၊ ခင်ဗျားအနေနဲ့ ဒါမှမဟုတ်အစာ ဒါ့အပြင် နဲ့ အစားထိုးနိုင်ပါတယ်။

ဒါမှမဟုတ် ခပ်အေးအေးပဲ သူတို့ကို ငြင်းလိုက်ပြီး ခင်ဗျားအလုပ်မှာသာ ခင်ဗျား အာရုံပြန်စိုက်လိုက်ပါ။

၂။ နံပါတ် နှစ်ကတော့ သူတို့ မရှိဘဲ၊ သူတို့ မပါဘဲ၊ သူတို့ လိုအပ်ချက် မပြည့်ဘဲ ခင်ဗျားအနေနဲ့ မအောင်မြင်နိုင်ဘူးဆိုတဲ့သူတွေပါ။

ခင်ဗျားအနေနဲ့ အောင်မြင်ဖို့ တခြားတစ်ယောက် မလိုပါဘူး။ အကောင်းမြင်တတ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ အကောင်းမြင်တတ်သူတွေရဲ့ ပါတ်ဝန်းကျင်မှာ နေခြင်းဟာ ဘယ်လုပ်ငန်းမှာ မဆို အောင်မြင်မှုကို တိုးပွားစေပါတယ်။
ဒါပေမယ့် အောင်မြင်ဖို့အတွက် တခြားတစ်ဦးတစ်ယောက်ကို လိုအပ်ပါတယ် ဆိုတာကတော့ သိပ်မကောင်းပါဘူး။ ဒါဟာ တခြားလူတွေကို သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်အတွက် ခင်ဗျားကို အသုံးချဖို့ လမ်းဖွင့်ပေးသလိုပါပဲ။ လိုအပ်ချက်ကနေ မရှိမဖြစ် အဲဒီကနေမှ သူတို့ကို လုံးလုံးလျားလျား မှီခိုတဲ့ဆီ ရောက်သွားနိုင်ပါတယ်။

ဒါကြောင့်မို့ ခင်ဗျားအနေနဲ့ ကိုယ့်ဟာကိုယ် ဘာမှ မလုပ်နိုင်ဘူးလို့ ဖြစ်အောင် ကြိုးစားနေတဲ့ မကောင်းမြင်တတ်တဲ့သူတွေ သတိထားပါ။ တကယ်လို့များ တစ်ယောက်ယောက်က သူတို့ရဲ့ ထောက်ပံ့မှု၊ ထောက်ခံမှု ကို သူတို့ အလိုရှိတဲ့ အရာ လုပ်မလုပ်ပေါ်မှု တည်ပြီး ခင်ဗျားကိုပေးမယ် ဆိုရင် အဲလိုလူမျိုးကို စွန့်ပစ်လိုက်ပါ။ သံယောဇဉ်ဖြတ်ပြီး ခင်ဗျားနဲ့ ခင်ဗျားရဲ့ လုပ်ငန်းအပေါ်မှာ နှောင်ကြိုးတွေ မပါဘဲ ကူညီမယ့် ထောက်ခံမယ့် သူကိုရှာပါ။

၃။ နံပါတ်သုံးကတော့ သူတို့ကို ဂရုစိုက်ဖို့၊ ထောက်ပံ့ဖို့ စောင့်ရှောက်ဖို့ဆိုတာဟာ ခင်ဗျားရဲ့ တာဝန် ဖြစ်တယ်လို့ ခံစားရအောင် လုပ်တဲ့သူတွေပါ။

ခင်ဗျားဟာ တခြားလူတစ်ယောက်ရဲ့ ပျော်ရွှင်မှုအတွက် တာဝန် လုံးလုံးမရှိပါဘူး။ တကယ်လို့ အရွယ်ရောက်ပြီးသား အမျိုးသား နဲ့ အမျိုးသမီး တစ်ယောက်ယောက်ဟာ ခင်ဗျားကို သူတို့နဲ့ အချိန်မဖြုန်းတဲ့အတွက် အပြစ်ရှိသူလို ခံစားရအောင် လုပ်မယ်ဆိုရင် ဒါဟာ ရိုးရိုးလေး အနိုင်ကျင့်တာပါ။ သူတို့က ခင်ဗျားကို ထိန်းချုပ်ချင်တာပါ။

ခင်ဗျားအနေနဲ့ ဒီလို လူတွေရဲ့ ထောက်တိုင် အဖြစ် ကြာကြာနေရင်တော့ ခင်ဗျားရဲ့ စိတ်တွေဟာ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံ စွန့်လွှတ်ဖို့ပဲ တွေးနေတဲ့ စိတ်မျိုး ဖြစ်သွားပါလိမ့်မယ်။ ခင်ဗျားအနေနဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကို တခြားလူတွေရဲ့ ပျော်ရွှင်မှုအတွက် စတေးခံရမယ်လို့ ထင်လာပါလိမ့်မယ်။ ဒီတော့ ခင်ဗျားရဲ့ အောင်မြင်မှုတွေကို တခြားလူတွေရဲ့ အောင်မြင်မှုတွေ အတွက် စတေးခံရမယ်လို့ တွေးလာပါလိမ့်မယ်။ (ဟော့ဘ်ဆန် ၏ရွေးချယ်မှု ပြန်လာတာပါပဲ)။ ခင်ဗျားမှာ ရွေးစရာ လမ်းမရှိ ဖြစ်လာပါလိမ့်မယ်။

 

ဒေါက်ဖိနပ်မမ Cardi B ရဲ့ Pepsi ကြော်ငြာအသစ်

 

မှတ်သာထားပါ။ ခင်ဗျား အားလုံးရနိုင်ပါတယ်။ ခင်ဗျားရော တခြားလူတွေပါ တစ်ပြိုင်တည်းမှာ ပျော်ရွှင်စေတဲ့ နည်းလမ်း ရှိပါတယ်။ ပြသနာက တစ်ချို့လူတွေက ပျော်ကို မပျော်ချင်ကြတာပါ၊ တချို့ကလဲ အောင်မြင်အောင် လုပ်ဖို့ အပျင်းကြီးနေတာပါ။ ခင်ဗျားမှာ အဲလို လူတွေအတွက် တာဝန်မရှိပါဘူး။ အဲဒီတော့ သူတို့လမ်း သူတို့သွားပါစေ။ သူတို့ရဲ့ ထောက်တိုင်၊ နင်းပြား ဖြစ်မနေပါစေနဲ့။

၄။ နံပါတ်လေးကတော့ ခင်ဗျားရဲ့ အရင် အမှားတွေ နဲ့ အခုလက်ရှိ မျှော်လင့်သလောက် မဖြစ်တာတွေကို ထိုင်သတိပေးနေတဲ့သူမျိုးပါ

ခင်ဗျားအတွက် ခင်ဗျားရဲ့ ဘဝမှာ အကောင်းဘက်ကို နောက်ဆုံး ပြောင်းလဲအောင် လုပ်နိုင်တဲ့ အချိန်မှာ ခင်ဗျားနဲ့ နီးစပ်တဲ့သူတစ်ယောက်က ခင်ဗျား ဘယ်လောက် မှားခဲ့တယ်ဆိုတာ၊ ဘယ်နှစ်ကြိမ်မှားခဲ့တယ် ဆိုတာ ထိုင်ပြောနေတာလောက် စိတ်ညစ်စရာ ကောင်းတာ မရှိပါဘူး။ လူတိုင်းမှားတတ်ပါတယ်။ လူတိုင်း အကြိမ်ပေါင်းများစွာ ကျရှုံးတတ်ပါတယ်။ ခင်ဗျားအနေနဲ့ ပြီးတာတွေကို ပြီးသွားစေသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အမှားတွေအားလုံးအတွက် ခွင့်လွှတ်ဖို့ လိုပါတယ်။

ခင်ဗျားကိုခင်ဗျား ခွင့်မလွှတ်နိုင်ဘူးဆိုရင် တခြားလူတွေက ခင်ဗျားရဲ့ အပြစ်ရှိသလို ခံစားရမှုကို အခွင့်ကောင်းယူပါလိမ့်မယ်။ သူတို့က ခင်ဗျားရဲ့ အတိတ်ကို အသုံးပြုပြီး ခင်ဗျားကို ထိန်းချုပ်ဖို့ ကြိုးစားပါလိမ့်မယ်။ သူတို့က ခင်ဗျားအရင်တုန်းက အမှားတွေ အများကြီး လုပ်ခဲ့လို့ အခု ခင်ဗျား မစွန့်စားသင့်ဘူးလို့ ခင်ဗျား ကိုယ်တိုင် ယုံကြည်လာအောင် လုပ်ပါလိမ့်မယ်။ ဒီလူတွေ ပြောတာ နားမယောင်ပါနဲ့။ အဲဒီအစား ဖြစ်ခဲ့တာကို သင်ခန်းစာယူပါ။ ပြီးရင် ထားလိုက်ပါတော့။ ခင်ဗျားစီးပွားရေးရဲ့ ရှေ့ရေးဟာ အရင်တုန်းက အနာရွတ်တွေကို ထိုင်ပွတ်နေတာထက် အများကြီး ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။

၅။ နံပါတ်ငါးကတော့ ခင်ဗျားရဲ့ အောင်မြင်မှုတွေကို သေးသိမ်အောင် လုပ်တဲ့သူတွေပါ။

တကယ်လို့ ကိုယ်နဲ့ နီးစပ်တဲ့သူတစ်ယောက်က အောင်မြင်တယ်လို့ကြားရင် မနာလိုတဲ့စိတ် ခံစားလိုက်ရတယ် ဆိုတာမျိုးက ပုံမှန်ပါ။ ဘာလို့လဲ ဆိုတော့ ခင်ဗျားရဲ့ ဦးနှောက်က ချက်ချင်းဆိုသလို တခြားတစ်ယောက်ရဲ့ အောင်မြင်မှုနဲ့ ခင်ဗျားရဲ့ အောင်မြင်မှုကို သွားပြီး နှိုင်းယှဉ်တတ်လို့ပါ။ တကယ်လို့ တခြားတစ်ယောက်က ခင်ဗျားထက်သာတဲ့ တစ်ခုခု ဒါမှမဟုတ် ခင်ဗျားနဲ့ မတူတဲ့ တစ်ခုခု အောင်မြင်တယ် ဆိုရင် ခင်ဗျားရဲ့ ဦးနှောက်က ဒါကို ဘယ်လိုနည်းနဲ့ တူညီအောင်လုပ်မလဲ ဆိုတာကို စဉ်းစားပါတယ်။ ဒါမှလဲ ခင်ဗျားကိုယ် ခင်ဗျား မကောင်မမြင်မှာပါ။

ရင့်ကျက်တဲ့သူတွေကတော့ တခြားလူတွေရဲ့ အောင်မြင်မှုကို အဲဒီလူတွေအတွက် စိတ်လှုပ်ရှားမှု၊ ပြီးတော့ "ဝိုး... ငါသာ တကယ်ကြိုးစားမယ်ဆိုရင် ငါလဲ သူလို လုပ်နိုင်တာပဲ" ဆိုတာမျိုး နဲ့ တူညီအောင် မျှတအောင် လုပ်ပါတယ်။ မရင့်ကျက်တဲ့သူတွေကတော့ "ဒီလူ ကံကောင်းလို့" ပြောတာပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားလူရဲ့ အောင်မြင်မှုဟာ အကျိုးမရှိပါဘူး၊ ဆိုတာမျိုး ဖြစ်အောင် ပြုမူခြင်းအားဖြင့် တုန့်ပြန်လေ့ရှိပါတယ်။

ပိုပြီး ကြီးကျယ်အောင်၊ ပိုပြီးကောင်းအောင် လုပ်တဲ့ တစ်ခုတည်းသော နည်းကတော့ ခင်ဗျားရဲ့ အလုပ်မှာ မရင့်ကျက်တဲ့ ခင်ဗျားရဲ့ အောင်မြင်မှုကို သေးသိမ်အောင် လုပ်တဲ့သူတွေကို ဖယ်ထုတ်ပစ်ဖို့ပါပဲ။ တပြိုင်တည်းမှာပဲ ရင့်ကျက်ပြီး တခြားလူတွေရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုတတ်သူတွေနဲ့ ပူးပေါင်းပြီး အဲဒီလူတွေ အောင်မြင်စေဖို့အတွက် ကြိုးစားလိုက်ပါ။

အဲဒီလိုပါပဲ ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ အလုပ်မှာ အောင်မြင်ချင်တယ် ဆိုရင် တခြားလူတွေရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုနိုင်ဖို့ ကြိုးစားပါ။

၆။ နံပါတ်ခြောက်ကတော့ ခင်ဗျားရဲ့ စိတ်နေစိတ်ထား လုပ်ပုံကိုင်ပုံ အဆိုးဆုံး ပုံစံ ဖြစ်စေအောင် လုပ်တဲ့သူတွေပါ။

လူတိုင်းမှာ သူတို့ရဲ့ ဘဝထဲက အဆိုးဆုံးဆိုတဲ့ ပုံစံမျိုး မဖြစ်ဖြစ်အောင် ဆွဲထုတ် တတ်တဲ့သူတွေ ရှိပါတယ်။ ဥပမာ အရင်တုန်းက၊ အဆိုးမြင်တတ်တဲ့ ဒေါသကြီးတဲ့ လုပ်ဖေါ်ကိုင်ဖက်မျိုး၊ ထိန်းချုပ်လွန်းချင်တဲ့ ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ လိုအပ်ချက်တွေများလွန်းတဲ့ မိသားစုဝင်။ ဘယ်လိုလူပဲဖြစ်ပါစေ ခင်ဗျားရဲ့ စိတ်နေစိတ်ထား ကို ပြောင်းလဲခွင့် မပေးပါနဲ့။

ခင်ဗျားအနေနဲ့ တခြားတစ်ယောက်ရဲ့ ဘေးမှာ နေထိုင်လို့ အရူးတစ်ယောက်လို တွေးတာတွေ လုပ်တာတွေ လုပ်မိနေပြီဆိုရင် အဲဒီလူကို ရှောင်ပါ။

ခင်ဗျားဘယ်လိုလူဆိုတာ ခင်ဗျားသိပါတယ်။ ခင်ဗျားရဲ့ စီးပွားရေး ဦးတည်ချက်ကို ရောက်စေဖို့ ခင်ဗျားဘယ်လိုလူ ဖြစ်ရမယ်ဆိုတာ ခင်ဗျားသိပါတယ်။ ဒီတော့ အထူးသဖြင့် စီးပွားရေး စတင်တဲ့အခါမှာ ကိုယ့်ရဲ့ စိတ်နေစိတ်ထား ပြုမူပုံတွေမှာ အကောင်းဆုံးပုံစံဖြစ်အောင် နေပါ။ ပြီးတော့ ခင်ဗျားရဲ့ အကောင်းဆုံး ပုံစံဖြစ်နေခြင်းအပေါ်မှာ အသိအမှတ်ပြုတဲ့ လိုလားတဲ့ လူတွေနဲ့ ဝန်းရံထားပါ။

၇။ နောက်ဆုံးတစ်ခုကတော့ ခင်ဗျားရဲ့ မကောင်းတဲ့အကျင့်တွေရဲ့ အတွေးတွေပါ။

ခင်ဗျားရဲ့ အောင်မြင်မှုတွေ အကြီးမားဆုံး ရည်ရွယ်ချက်တွေ မဖြစ်အောင် တားနိုင်တဲ့ သူကတော့ ခင်ဗျားတစ်ယောက်ပဲ ရှိပါတယ်။ ခင်ဗျားဟာ ခင်ဗျားကိုယ်တိုင်ရဲ့ အဆိုးဆုံး ရန်သူ ဒါမှမဟုတ် အကောင်းဆုံး သူငယ်ချင်းပါပဲ။ အဲဒါကြောင့်မို့ ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်တွေ ကိုယ့်ဟာကိုယ် ခေါင်းမာတာတွေကို ကြိုးကြိုးစားစား ကြည့်ပါ။

ဖြစ်တတ်တာကတော့ လူတွေဟာ အောင်မြင်မှာကို ကြောက်တဲ့အတွက် ကိုယ့်ဟာကိုယ် ဖျက်စီးကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ လက်ရှိအခြေအနေကို ဆုံးရှုံးရမှာ ကြောက်ပါတယ်။ အဲဒီလိုလူတွေဟာ အောင်မြင်မှုဆီကို ရောက်ဖို့ ခြေလှမ်း ကျယ်ကျယ် လှမ်းပါတယ်။ ဒါပေမယ့်လည်း အောင်မြင်ခါနီးမှာ နောက်ဆုတ်သွားတတ်ပါတယ်။

လူတွေက အောင်မြင်မှု ကနေ ဆုတ်ခွာသွားကြတဲ့အကြောင်းကတော့ သူတို့အတွက် အတိတ်က အခြေအနေဟာ အနာဂတ်အခြေအနေထက် ပိုပြီး သက်တောင့်သက်သာ ရှိလို့ပါ။ သူတို့ဟာ သူတို့ ဘယ်လိုလူ ဖြစ်လာမယ်ဆိုတာနဲ့ ပါတ်သက်ပြီး (သူတို့ဟာသူတို့ ထိန်းနိုင်မလား) မသေချာလို့ပါ။ ဒါကြောင့်မို့ သူတို့ ရည်ရွယ်ချက်ရှိရှိ ကျဆုံးအောင်လုပ်ပါတယ်။

ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ အဲဒီ အစိတ်အပိုင်း ကို ရှောင်ရပါမယ်။ ရှိနေကျ အတိတ်က အခြေအနေကို စွန့်ပစ်လိုက်ပါ၊ ဖြစ်နိုင်ခြေရှိတဲ့ ကိုယ့်ရဲ့ ပုံစံအသစ်ကို ကြိုဆိုလိုက်ပါ။ ခင်ဗျားရဲ့ စီးပွားရေး အောင်မြင်မှုဟာ ဒါတွေအပေါ်မှာ မူတည်နေပါတယ်။

Source:Entreprenur

 Myanmar Advertising Directory 

Read times
Rate this item
(2 votes)