ယနေ့ခေတ်မှာ မားကတ်တင်းလောက မှာ အရေးပါ လာတာက Trust ဆိုတဲ့ ယုံကြည်မှု့ ပါ အဆိုပါ ယုံကြည်မှု့ ကို ရယူဖို့ အတွက် သင့် ဝယ်ယူသူ နဲ့ ရင်းနှီးမှု့ တစ်ခု တည်ဆောက်တာ အကောင်းဆုံးပါ။
တိုက်ရိုက်ဈေးကွက်တင်ရောင်းချတဲ့ နည်းလမ်း (Direct marketing method) အားလုံးက … တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ပြောဆိုနိုင်တာဖြစ်လို့၊ ဝယ်ယူသူ, ဖေါက်သည် က ဘယ်အချိန်မှာ ,, ဘာပစ္စည်းကိုရှာတယ် ….. ဘယ်နားရောက်တုံး… ဘယ်ပစ္စည်းကိုဝယ်တယ်ဆိုတဲ့ သတင်းအချက်အလက် (Information) အကုန်လုံးကို…. အချက်အလက်အနေနဲ့ သိမ်းဆည်းထားနိုင်ပါတယ်.
ဥပမာ။ ။ ဦးမြ … ဘယ်အချိန်, ဘယ်နေရာမှာ … ဘာပစ္စည်းဝယ်တယ်ဆိုတာမျိုးပါ။
ဘာကြောင့်လဲဆိုရင် ……. Online ကလုပ်တဲ့ transaction (သို့) ဖုန်းဆက်ပြီးရောင်းချခြင်း (Telemarketing) ဆိုရင်လဲ …. ဝယ်ယူသူဖေါက်သည်တစ်ဦးခြင်းစီက …ဘယ်ပစ္စည်းကို … ဘယ်အချိန်မှာဝယ်သလဲ? စတဲ့ သတင်းအချက်အလက်တွေကို တစ်ကူးတက စုဆောင်းစရာမလိုဘဲ … ဝယ်သူအကြောင်းကောင်းကေင်းသိနိုင်ပါတယ်။
တကယ်လို့ … အခြား .. အရောင်းလမ်းကြောင်းတွေဖြစ်တဲ့ … လက်လီ / လက်ကား ဆိုင်တွေဆီရောင်းမယ်ဆိုရင် .. နောက်ဆုံးသုံးစွဲသူအကြောင်း တိတိကျကျသိဖို့မလွယ်ပါဘူး။
တိုက်ရိုက်ရောင်းချတဲ့ နည်းလမ်းရဲ့ အဓိကအားသာချက်ကဘာလဲဆိုရင် …… ဝယ်သူ (customers)တွေရဲ့ ပြုမူအကျင့် (Behavior) ကိုအသေးစိတ်သိနိုင်တာဖြစ်လို့ …. ဝယ်သူနဲ့ ဆက်ဆံရေး (relationship) တည်ဆောက်ဖို့ အရမ်းလွယ်တယ်ဆိုပါတော့ … , ဝယ်သူရဲ့ မွေးနေ့၊ (သို့) မနှစ်က ဘယ်အချိန်မှာ , ဘယ်ရာသီ / အချိန်မှာ သူက , ဘာတွေဝယ်ထားဘူးသလဲ ….ဒါဆို … ဒီနှစ် ဒီအချိန်မှာ ဘာတွေအသစ်ရပြီလို့ အကြောင်းကြား ကမ်းလှမ်းတာမျိုးပြုလုပ်ကြပါတယ်။
ဒီနည်းလမ်းရဲ့အရေးကြီးတဲ့အချက်က၊ ကိုယ်က ဝယ်သူ, ဖေက်သည်နဲ့ ဆက်ဆံရတာဖြစ်တဲ့အတွက်, သူတို့ရဲ့ အချက်အလက်တွေကို .. ထိန်းသိမ်း ခန့်ခွဲနိုင်ဘို့အရေး ကြီးပါတယ်။
ဒါကို Data base လို့မပြောဘဲ … Data warehouse လို့သုံးစွဲလာကြပါတယ်။
လုပ်ငန်းသက်တမ်းကြာလာတာနဲ့အမျှ ဝယ်သူဖေါက်သည်တွေ၏ သတင်းအချက်အလက်တွေများလာမှာဖြစ်ပါတယ် …..
ဒါ့အပြင် ….. ဘာတွေလုပ်နိုင်သေးသလဲဆိုတော့ ….. ဘယ်အချိန်မှာ …. ဘယ်လို ဝယ်ယူသူ များက ….. ဘယ်လိုကုန်ပစ္စည်းမျိုးကို ဝယ်တတ်တယ်ဆိုတဲ့ … ပုံစံ (Pattern) ကို Software များကိုသုံးပြီး, အချက်အလက်သိုလှောင်ရုံ (Data warehouse) ထဲမှာရှိတဲ့ အချက်တွေ (Data) ကိုသုံးပြီး ဖေါ်ထုတ်နိုင်ပါတယ်။
Pro Tips း
အဓိကအချက်ကိုပြောပါဆိုရင် ….. ဖေါက်သည်များရဲ့ အချက်အလက် (အမည်၊ ဖုန်းနံပါတ်၊ လိပ်စာ၊ အလုပ်အကိုင် … ) စတဲ့ အချက်အလက် (Data) တွေကို ကွန်ပြူတာထဲသိမ်းထားပြီး ….. လိုအပ်တဲ့ (computer software) တွေသုံးပြီး ဝယ်ယူဘူးသူ, ဖေါက်သည်များရဲ့၊ ဝယ်ယူပုံ အလေ့အထ, တွေကိုမှီငြမ်းကာ …. ဒီအချိန် / ရာသီ မှာ ရောင်းကောင်းတဲ့ ပစ္စည်းများကို ,,,, လုံလောက်တဲ့အရေအတွက်ရှိအောင် ထိန်းသိမ်းထားဘို့နဲ့ …. အရောင်းဖြစ်အောင်စွမ်းဆောင်ကြပါတယ်။
အနီစပ်ဆုံးဥပမာပေးရရင် …. Call center လို့ခေါ်တဲ့ ဝယ်သူဖေါက်သည်တွေရဲ့ ကုန်ပစ္စည်းအကြောင်းသိလိုတာတွေကို ဖြေကြားပေးခြင်း၊ ဝယ်ယူလိုသူများကို ပစ္စည်းအိမ်အရောက်ပို့ပေးခြင်း၊ … စတဲ့ ဝယ်သူ, ဖေါက်သည်တွေရဲ့ ဖုန်းနံပါတ်၊ e-mail , တွေဆီအကြောင်းကြားဆက်သွယ်ရောင်းချတာတွေပဲဖြစ်ပါတယ်။
<<< Zawgyi >>>
ဝယ်ယူသူနဲ့ ရင်းနှီးမှု့ တည်ဆောက်ကာ ဈေးကွက်တွင် နေရာယူခြင်း
------------------------------
Pro Tipsး
Myo Lwin