-->
×

Warning

JUser: :_load: Unable to load user with ID: 29


ထိုင်ဝမ်ကို နိုင်ငံအဖြစ် ကြော်ငြာခဲ့သည့်အတွက် သွားရည်စာလုပ်ငန်း တောင်းပန်

ထိုင်ဝမ်ကို နိုင်ငံအဖြစ် ကြော်ငြာခဲ့သည့်အတွက် သွားရည်စာလုပ်ငန်း တောင်းပန်

သွားရည်စာ Snickers ထုတ်လုပ်သည့် လုပ်ငန်းက ကြော်ငြာတစ်ခုတွင် ထိုင်ဝမ်ကို နိုင်ငံတစ်ခုအဖြစ် ရည်ညွှန်းထားသည့်အတွက် တောင်းပန်သည်။

Wall Street Journal အဆိုအရ Snickers ကို တောင်ကိုရီးယားမှ အမျိုးသားတေးဂီတအဖွဲ့ BTS နှင့် ပူးပေါင်းဆောင်ရွက်ကာ အရောင်းမြှင်တင်ရေး လုပ်ဆောင်ခဲ့ရာ အွန်လိုင်းပွဲ တစ်ခု ပါဝင်သည်။

ပူးပေါင်းတင်ဆက်သည့်  ဝဘ်ဆိုက်တွင် ပွဲကို ဖော်ပြပါနိုင်ငံများမှသာ တက်ရောက်နိုင်ကြောင်း ရေးသားထားရာ၌ တက်ရောက်ခွင့်ရှိသည့် နိုင်ငံအသီးသီး၏ အလံကို ဖော်ပြရာတွင် ထိုင်ဝမ်အလံကိုလည်း ဖော်ပြထားသည်။

ထိုကြော်ငြာကို တရုတ်လူမှုကွန်ရက် Weibo တွင် ဝေမျှကြပြီး အမျိုးသားရေး ဩဇာရှိသူတို့က ဝေဖန်ပြောဆိုကာ တရုတ်ပြည်တွင် Snickers ကို မစားကြဘဲ သပိတ်မှောက်မည်ဟု ပြောဆိုကြသည်။ 

တုံ့ပြန်မှု ပြုခဲ့ရာတွင် အမေရိကန် သွားရည်စာ ကုမ္ပဏီ Mars-Wrigley က Weibo မှ Snickers အကောင့်တွင် တောင်းပန်စာ နှစ်စောင် ဖော်ပြခဲ့သည်။

"Mars-Wrigley သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားပြီး ဒေသတွင်း တရုတ်ဥပဒေနှင့် စည်းမျဉ်းများကို တင်းတင်းကျပ်ကျပ် လိုက်နာကာ စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ပါသည်" ဟု ပထမစာတွင် ဆိုထားသည်။

ထို့အတွက်  အလေးအနက်ထားပြီး တောင်းပန်ပါကြောင်း ဖော်ပြထားသည်။ 

ဒုတိယ တောင်းပန်စာတွင် ထိုင်ဝမ်သည် တရုတ်ပိုင်နက်၏ ခွဲမထွက်နိုင်သော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံတစ်ခုတည်းသာ ရှိကြောင်း ဖော်ပြထားပါသည်။

#MyanmarAdvertisingGuide 

Telegram Channel https://t.me/Guid4U

Source: WSJ

Read times
Rate this item
(0 votes)