၁၉၆၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာကြီးပူနွေးမှုက ကမ္ဘာ့စီးပွားရေးမညီမျှမှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း အသစ်ထုတ်ပြန်လိုက်တဲ့ လေ့လာချက်တစ်ခုထဲမှာ ဖော်ပြထားပါတယ်။
ဧပြီ ၂၂ ရက်က ထုတ်ပြန်ဖော်ပြခဲ့တဲ့ လေ့လာချက်ထဲ
မှာတော့ လေထုထဲမှာ greenhouse gases တွေပိုမိုစုစည်းလာခြင်းကနေ ဖြစ်ပေါ်စေတဲ့ အပူချိန်အပြောင်းအလဲတွေက နော်ဝေလိုမျိုး အေးမြတဲ့နိုင်ငံတွေကို ပိုမိုချမ်းသာစေကောင်းချမ်းသာစေနိုင်သလို တစ်ဘက်မှာလည်း နိုင်ဂျီးရီးယားလိုမျိုး ပူနွေးတဲ့ နိုင်ငံတွေမှာကျတော့ စီးပွားရေးတိုးတက်မှုကို နှေးကွေးစေနိုင်တယ်လို့ ဆိုထားပါတယ်။
“ ကမ္ဘာပေါ်က အဆင်းရဲဆုံးသော နိုင်ငံအများစုကတော့ ဒီကမ္ဘာကြီး ပူနွေးမှုမရှိရင် ရှိနေတဲ့အခြေအနေထက်စာရင် ပိုမိုဆင်းရဲနေတယ်လို့ ယူဆနိုင်ပါတယ်” ဆိုပြီး Stanford university က ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်နဲ့ ယခုလေ့လာချက်ကို ဦးစီးရေးသားသူ Noah Diffenbaugh က ပြောသွားပါတယ်။
မြန်မာနိုင်ငံမှာ အချိန်တိုအတွင်း အောင်မြင်စေနိုင်တဲ့ အသေးစားလုပ်ငန်း (၂၅)ခု
အပူချိန် အတက်အကျအပြောင်းအလဲက နိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုအပေါ် သက်ရောက်မှုတွေကို ခန့် မှန်းတွက်ချက်ဖို့အတွက် နိုင်ငံပေါင်း ၁၆၅ နိုင်ငံရဲ့ နှစ်ငါးဆယ်ကြာ နှစ်စဉ် အပူချိန်တွေ၊ GDP အတိုင်းအတာတွေ
ကို သုတေသီတွေက အကဲဖြတ်ခဲ့ကြပါတယ်။
“ အပူချိန်က မပူလွန်း၊ မအေးလွန်းတဲ့ အချိန်မျိုးဆိုရင် သီးနှံတွေလည်း ပိုဖြစ်ထွန်းမယ်လေ၊ နောက်လူတွေလည်း ပိုကျန်းမာမယ်၊ ဒီတော့ကျွန်တော်တို့လည်း အလုပ်တွေမှာ ထုတ်လုပ်မှု ပိုဖြစ်ထွန်းမယ်၊ ဒီသဘောပါ” လို့ ယခုလေ့လာချက်မှာ ပါဝင်လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ လက်ထောက်ပါမောက္ခ Marshall Burke က ပြောသွားပါတယ်။
“ ဆိုလိုချင်တာက အေးတဲ့နိုင်ငံတွေမှာ ဒီရာသီဥတုပူနွေးမှုက အကူအညီဖြစ်စေနိုင်တယ်၊ တစ်ဘက်မှာပူတဲ့ နိုင်ငံတွေမှာကျတော့ ဆန့်ကျင်ဘက်လို ဖြစ်နေမှာဖြစ်ပါတယ်” လို့ ပြောသွားပါတယ်။
Credit; SFJ Strategy First Journal
Myanmar Advertising Directory