-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ကိုယ်ပိုင်လုပ်ငန်းကို ရေရှည်ရပ်တည်နိုင်ဖို့ သိထားသင့်တဲ့အချက် (၇)ချက်

သင့်ကိုယ်ပိုင်လုပ်ငန်းကို ရေရှည်ရပ်တည်နိုင်ဖို့ သိထားသင့်တဲ့အချက် (၇)ချက် Google

အခုမှ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်တည်ထောင်မယ့်သူတွေအတွက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ရွေးချယ်ရခက်နေတာမျိုးတွေ ဖြစ်နေတက်ပါတယ်။

စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာက သူများလုပ်ငန်းတွေမှာ ဝန်ထမ်းအဖြစ်လုပ်ကိုင်ရတာထက် ပိုပြီး စွန့်စားမှု ၊ မသေချာမှု များပါတယ်။ ဒါပေမယ့် လုပ်ငန်းသေးသေးလေးကနေ စတင်ပြီး ကိုယ်ပိုင် လုပ်ငန်းလုပ်တော့မယ် ဆုံးဖြတ်ထားတယ်ဆိုရင်တော့သင့်ရဲ့အနာဂတ်တွေ၊ အိမ်မက်တွေအတွက် အခွင့်အလမ်းပိုမိုရရှိစေနိုင်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ဖို့ ဘာတွေလိုသလဲဆိုတာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ

ကိုယ့်မှာ စီးပွားရေးအိုင်ဒီယာတစ်ခု ရှိထားတယ်ဆိုရင် ဒီအချိန်ဟာ ဒါကိုတကယ် အကောင်အထည်ပေါ်လာအောင် စီစဉ်ဖို့အချိန်ကျပြီ ဖြစ်ပါတယ်။ ဒီတော့ ပထမဆုံးကိုယ်သွားမယ့်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာတွေလိုအပ်မယ် ၊ ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမယ် ၊ ဘယ်လောက်အထိ ဈေးကွက်ရှိနိုင်တယ်၊ ကိုယ်လိုမျိုး ဘယ်ကုမ္ပဏီတွေက ထုတ်ကုန်နဲ့ ဝန်ဆောင်မှု ပေးနေသလဲဆိုတာ စိစစ်ပြီး ကိုယ့်ဘက်က ဘာတွေလုပ်နိုင်မလဲ ရှာပါ။

၂။ စီးပွားရေး plan ချပါ

စီးပွားရေးအစီအစဉ်တစ်ခု ရေးဆွဲဖို့က ဒုတိယအဆင့်ပါ။ ခေါင်းထဲက စိတ်ကူးကို အကောင်အထည်ဖော်သွားမယ့် မြေပုံတစ်ခုကို ချရပါမယ်။ ဒီထဲမှာ တစ်ခြားသူတွေဆီက ငွေကြေးနဲ့ ရင်းနှီးမြှပ်နှံမှုကို ရှာဖွေသွားမယ်ဆိုရင်လည်း သီးသန့် စီးပွားရေးအစီအမံတစ်ခုကို ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ရေးဆွဲဖို့လိုပါတယ်။

၃။ ငွေကြေး သုံးစွဲပါ

လုပ်ငန်းတစ်ခုထောင်ဖို့အတွက် ပိုက်ဆံအများကြီး မလိုပေမယ့် လုပ်ငန်းကနေ အမြတ်မထွက်ခင် ကြားကာလမှာတော့ ဒီလုပ်ငန်းပေါ် သုံးစွဲရတာတွေ ရှိပါတယ်။ လုပ်ငန်းလိုင်စင်ဆောင်တာ ၊ မှတ်ပုံတင်တာ အပါအဝင် နောက်ဆုံး ရုံးခန်းငှားတာ ၊ ဈေးကွက်ဆင်းတာ ၊ လစာပေးတာကအစ ငွေကြေးကို စီမံတတ်ဖို့ လိုပါတယ်။

လိင်စိတ်ကို လှုံ့ဆော်ပေးနေတယ်ဆိုပြီး အိန္ဒိယမှာ အသုံးပြုခွင့် ပိတ်လိုက်တဲ့ Tik Tok

၎။ စီးပွားရေး ပုံစံရွေးချယ်

စီးပွားရေးပုံစံဆိုရာမှာ တစ်ဦးပိုင်သွားမလား ၊ ပါတနာနဲ့ သွားမလား ၊ ဒါမှမဟုတ် ကော်ပိုရေးရှင်းပုံစံနဲ့ ထွက်မလား ဆိုတာကိုလည်း ထည့်တွက်ရမှာပါ။ ကနဦး စီးပွားရေးမော်ဒယ်ကို ရွေးပြီးမှသာ စီးပွားရေးအလားအလာအတိုင်း ကိုယ်သွားချင်သလို သွားလို့ရအောင် ဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ရမှာ ဖြစ်ပါတယ်။

၅။ သင့်ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်ပါ

အလုပ်ခွင်မှာ သုံးနိုင်ဖို့ လုပ်ငန်းနာမည်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် လုပ်ငန်းဝက်ဘ်ဆိုက်ပါ တစ်ခါတည်း ရွေးချယ် နာမည်ပေးသင့်ပါတယ်။ ကိုယ်လုပ်မယ့် လုပ်ငန်း အမျိုးအစားကို မှတ်ပုံတင်ရုံးသွားပြီး မှတ်ပုံတင်သင့်ပါတယ်။ ဒါမှသာ နောက်ပိုင်း ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ပြဿနာ မရှိတော့မှာ ဖြစ်ပါတယ်။

၆။ ယုံကြည်ရတဲ့ စာရင်းကိုင်ထားပါ

အလုပ်တစ်ခု တည်ထောင်ရာမှာ ငွေကြေးအဝင်အထွက်ကို စိစစ်ပေးမယ့် စာရင်းကိုင်တစ်ယောက်လိုပါတယ်။ ဒါမှသာ လစာ၊ ဝင်ငွေ၊ အခွန်ကအစ စီမံပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် စာရင်းကိုင်စနစ်ကို ကိုယ်တိုင်ပဲ လုပ်လုပ်၊ ကျွမ်းကျင်သူ စာရင်းကိုင်တစ်ယောက်ပဲ ငှားငှား ပြဿနာမရှိပါဘူး။ တစ်ချို့ဆို စာရင်းကိုင်ဆော့ဖ်ဝဲလ်သုံးတာလည်း ရှိပါတယ်။

၇။ သင့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့နေရာရှာပါ

စီးပွားရေးလုပ်ငန်းတစ်ခု လည်ပတ်နိုင်ဖို့ လုပ်ငန်းနေရာသတ်မှတ်ဖို့လည်း အရေးကြီးပါတယ်။ ရုံးခန်းနေရာ ရွေးရာမှာ အိမ်မှာ ဖြစ်စေ တစ်ခြားစီးပွားရေးလုပ်ငန်းခွင်တစ်နေရာမှာ ငှားပြီး ဖြစ်စေ နေရာသတ်မှတ်နိုင်ပါတယ်။ အရေးကြီးတာက ကိုယ်လုပ်နေတဲ့ စီးပွားရေးနဲ့ ကိုက်ညီတဲ့ အလုပ်နေရာမျိုး ဖြစ်ဖို့ပါပဲ။ ဒီအဆင့်မှာတော့ ဝန်ထမ်းတွေ ငှားပြီး အလုပ်တစ်ခု စတင်ရမယ့် အချိန်ပါပဲ။ တကယ်လို့ဝန်ထမ်းမငှားဘဲ ကန်ထရိုက်စနစ်နဲ့ သွားမယ်ဆိုရင်လည်း ဒီအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဖြစ်ရမှာပါ။

Source; Kwee
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)