-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖောက်သည်တွေ စိတ်ကျေနပ်စေဖို့်

ဖောက်သည်တွေ စိတ်ကျေနပ်စေဖို့် Google

အရောင်းတိုးတက်စေချင်တယ်၊ ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှု တိုးတက်စေချင်တယ်။

ဒါမှမဟုတ် လုပ်ဆောင်ချက်တွေကို သိသာစွာတိုးတက်စေချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို ဒီမေးခွန်းလေးကိုမေးသင့်ပါတယ်။
''သင့်အတွက် ပိုပြီးတော့ ကောင်းမွန် အောင်၊ တန်ဖိုးတက်အောင် နောက်တစ်ကြိမ်မှာ ကျွနုပ်တို့ ထူးထူးခြားခြား လုပ်ပေးနိုင်တာ ဘာများရှိမလဲ''
ဒီရိုးရှင်းတဲ့ မေးခွန်းလေးက ကျွန်တော်တို့ ဟာ တိုးတက်မှုကို ရှာဖွေနေတယ်။ ကျွန်တော် တို့က သူတို့ရဲ့ တုံ့ပြန်မှုတွေအတွက် ကျေးဇူးတင်နေတယ်ဆိုတာ ဖောက်သည်တွေကို ပြောပြနိုင်ပါတယ်။
ဒါ့အပြင် ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှု တိုးတက်စေဖို့အတွက် လုပ်ဆောင်မယ်လို့ ကတိက၀တ် ပြုထားတဲ့သူတစ်ယောက် အနေနဲ့ ကျွန်တော်တို့ကို မြင်စေပါလိမ့်မယ်။
ဒါဟာ ဖောက်သည်တွေကို စိတ်ကျေနပ်စေတဲ့ အပြင် ကျွန်တော်တို့ရဲ့ လုပ်ငန်းအတွက်လည်း အရေးကြီးပါတယ်။
လုပ်ငန်းဌာန အချင်းချင်းကြား ပိုမိုကောင်း မွန်တဲ့ လုပ်ဆောင်မှုပုံစံဖြင့် သို့မဟုတ် ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေနဲ့အတူတူ ပိုမို ထိရောက်စွာဖြင့် လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ချင်တယ် ဆိုရင်တော့ ဒီမေးခွန်းလေး ကို အသုံးပြုဖို့ အမှတ်ရပါ။
''သင့်အတွက် ပိုပြီးတော့ ကောင်းမွန် အောင်၊ တန်ဖိုးတိုးတက်လာအောင် နောက် တစ်ကြိမ်မှာ ကျွန်ုပ်တို့ ထူးထူးခြားခြား လုပ်ပေး နိုင်တာ ဘာများရှိမလဲ''
ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော်တို့ဟာ အကြံညဏ်အသစ်တွေကို လက်ခံနိုင်စွမ်းရှိတယ်လို့ နားလည်လက်ခံလာပါလိမ့်မယ်။
ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှု တိုးတက်စေဖို့အတွက် ဖြစ်နိုင်ချေအသစ်တွေ၊ နည်းလမ်းအသစ်တွေ၊ အကြံညဏ်အသစ်တွေ ကို ကြိုဆိုလက်ခံလာပါလိမ့်မယ်။
အကယ်၍ ကျွန်တော်တို့က ပိုမိုကောင်းမွန် တဲ့ မိသားစုဘ၀ကို တည်ထောင်လိုတယ်ဆိုလျှင် လည်း ကျွန်တော်တို့ချစ်တဲ့သူကို ဒီရိုးရှင်းတဲ့ မေးခွန်းလေးကိုပဲ မေးလိုက်ပါ။
''သင့်အတွက်ပိုပြီးတော့ ကောင်းမွန် အောင်၊ တန်ဖိုးတိုးတက်အောင် နောက်တစ်ကြိမ် မှာ ကျွန်တော် ထူးထူးခြားခြား လုပ်ပေးနိုင်တာ ဘာများရှိမလဲ''

ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှု တိုးတက်စေ ဖို့အတွက် အဓိကကျသောအချက်

အရောင်းပိတ်ခါနီး၊ အလုပ်ပြီးဆုံးခါနီး သို့မဟုတ် ပရောဂျက် ပြည့်မြောက်ခါနီးတဲ့အခါ နောက်တစ်ကြိမ် အတွက်ဆိုပြီးတော့ စောင့်မနေပါနှင့်။
ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှု တိုးတက်စေဖို့အတွက် အခုပဲ စတင်လိုက်ပါ။
သင့်ရဲ့လုပ်ဆောင်ချက်က နားလည်မှုနဲ့ ရလဒ် တွေကို ပိုမိုကောင်းမွန်စေပါလိမ့်မယ်။
ဒါ့အပြင် သင့်ရဲ့ စီးပွားရေးလုပ်ငန်းကိုလည်း ပိုမိုပြီးတော့ ကြီးထွားအောင်မြင်စေပါလိမ့်မယ်။

ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှု တိုးတက်စေ ဖို့အတွက် လုပ်ဆောင်ရမည့်အဆင့်များ

သင့်ရဲ့မှတ်ညဏ်ထဲက အလိုအလျောက် ထွက်လာသည်အထိ ဒီစာကြောင်းလေးကို ထပ်ခါထပ်ခါရွတ်ဆိုနေပါ။
ပြီးတော့ သင့်ရဲ့ ဖောက်သည်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ချစ်သူ တွေနဲ့ ဆက်ဆံတဲ့အခါ၊ တွေ့ဆုံတဲ့အခါ အသုံးပြုပါ။
''သင့်အတွက် ပိုပြီးတော့ ကောင်းမွန် အောင်၊ တန်ဖိုးတိုးတက်လာအောင် နောက်တစ် ကြိမ်မှာ ကျွန်တော် ထူးထူးခြားခြား လုပ်ပေးနိုင် တာ ဘာများရှိမလဲ''

စိုးလူ

 

Read times
Rate this item
(1 Vote)