-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကမ္ဘာကြီးကို ပြောင်းလဲတော့မည့် တီထွင်ဖန်းတီးမူ နည်းပညာသစ်များ

ကမ္ဘာကြီးကို ပြောင်းလဲတော့မည့် တီထွင်ဖန်းတီးမူ နည်းပညာသစ်များ google.com

ကျွန်တော်တို့ လွန်ခဲ့တဲ့ ငါးနှစ်တာက မမြင်တဲ့ ပစ္စည်းတွေကို အခုသုံးနေကြတာပါ။ ဟုတ်တယ်မလား။ အရင်က touch screen ဆိုတာ မျှော်မှန်းတောင်မကြည့်ခဲ့ဖူးပါဘူး။

ဒါကြောင့်ကျွန်တော်ထင်တယ် နှောင်နှစ်တွေမှာလဲ နည်းပညာပစ္စည်းအဆန်းအသစ်တွေနဲ့ လူတွေ ကို surprise လုပ်ဖို့ အဆင့်ပဲနေမှာပဲ။ ဒါကြောင့် ခုလတ်တလော လူတွေကို အံ့အားသင့်စေတဲ့ပစ္စည်း တွေကိုတင်ပြပေးလိုက်ပါတယ်။

ရေမှ ဝိုင် ပြောင်းပေးသည့်ဖန်ခွက်

စလုံးက သိပ္ပံပညာရှင်တွေ ဖန်တီးပေးလိုက်တာကတော့ ဖန်ခွက် တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဖန်ခွက်ထဲကို ထည့်လိုက်တဲ့ရေ ကို အရာင်ကော အနံရော အရသာရော ဝိုင်အဖြစ်ပြောင်းလဲပေးမှာဖြစ်ပါတယ်။ virtual cocktail နဲ့ဖန်ခွက်ဟာ အရည်ကို ထိန်းချုပ်ကတည်းက  မိုဘိုင်းအက်ပလီကေးရှင်းနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

virtual cocktail

“Smart” glasses

Vue မျက်မှန်တွေ အကြောင်းပြောရမယ်ဆိုရင် သိပ်လန်းနေတာတွေ အများကြီးရှိပါတယ်။ သူတို့က ဖုန်ခေါ်ဆိုမူ၊ သီချင်းကူးယူခြင်း၊ လမ်းကြောင်းညွန်ပြခြင်း၊ ခြေလှမ်းေ၇တွက်ခြင်း တို့ကို ဆောင်ရွက်နိုင်ပါတယ်။ မျက်မှန်ရှာဖွေခြင်း ဖန်ရှင်ပါဝင်လို့ မျက်မှန်ပျောက်တဲ့အခါ ရှာဖို့အချိန်မကုန်တော့ပါဘူး။ wireless charging ဖြစ်ပြီးတော့ special case တွေလဲပါဝင်ပါတယ်။ ထိန်းချုပ်မူအနေနဲ့ကတော့ Touch ပဲဖြစ်ပါတယ်။

smart glasses 01

သွားအလိုလျောက်သန့်ရှင်းပေးတဲ့ သွားတိုက်တံ

Amabrush ဘရပ်တွေကတော့ သင့်ရဲ့သွားတွေကို ပုံမှန် တိုက်ပေးဖို့ကူညီမှာဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒါက ၁၀ မိနစ်ပဲကြာမှာပါ။ ပါးစပ်မှာ တပ်ဆင်ပြီး smartphone via Bluetooth နဲ့ချိတ်ဆက်ရုံပါပဲ။

amabrush

စကားတွေကို စာစီပေးမယ့် ဆွဲသီး

Sunstone ဆိုတာက အကျီ င်္တွေမှာတပ်ဆင်ရသလို လည်ဆွဲ မှာဆွဲသီးလိုလဲ ဝတ်ဆင်ရပါတယ်။ ကလစ် တချက်ဖိလိုက်၇ုံနဲ့ ဒီကရိယာက စကားပြောတွေကို ၉၇ ရာခိုင်နူန်း တိကျမူအထိ စာသားတွေ အဖြစ်ပြောင်းလဲပေးမှာဖြစ်ပါတယ်။ အဲ့ဒါက ကျောင်းသားတွေရဲ့ အိပ်မက်မလား။ အခုတော့ lecture တွေမမှီမှာ စိတ်ပူစရာမလိုတော့ဘူးပေါ့။ အဲ့ဒီကရိယာလေးက ဘာသာစကား ၁၂ ခုကို နားလည် နိုင်ပါသတဲ့လေ။ အိုမိုင်ဂေါ့။

Sunstone

A Windshield display

Carloudy က ဘယ် Bluetooth device နဲ့မဆို စမတ်ဖုန်းနဲ့မဆို လမ်းညွန်မူတွေကို ဆောင်ရွက်နိုင်ပါတယ်။ ပုံရိပ်တွေက ကာမှန်းရှေ့မှာ ပေါ်လာပြီး ကားမောင်းနှင်မူကို လဲ အနှေက်ယှက်ပေးမှာမဟုတ်ပါဘူး။ ဒီက၇ိယာလေးကတော့ အသံအမိန့်ပေးမူနဲ့ ထိန်းချုပ်ပြီး ကားမောင်နှင်မူကို ကောင်းကောင်း အာရုံစိုက်လို့ရနိုင်တဲ့ အရာမျိုးပါ။

a windshield display

Pocket cinema

ဒီကိ၇ိယာလေးကတော့ coke ဗူးသာသာပဲရှိတဲ့ အရွယ်စားလေးကနေ wireless loudspeaker နဲ့ projector တခုလိုလုပ်ဆောင်နိုင်ပါတယ်။ ဒါကြောင့် အိမ်မှာပဲ ၇ုပ်ရှင် ကြည့်ရသလိုခံစားရနိုင်ပါတယ်။ နံရံတွေမှာ ပဲဖြစ်စေ၊ မျက်နှာကျက်မှာပဲဖြစ်စေ ရနိုင်ပါတယ်။

pocket cinema

A stain-repellant shirt

Hydrophobic cotton ကနေ ပြုလုပ်ထားပါတယ်။ ဘယ်အရည်ကို မဆို ဖယ်ရှားပေးပါတယ်။ အရေးကြီးတာက အဝတ်တွန့်ကျေသွားတဲ့အခါ မီးပူ ဖိမတိုက်မိဖို့ပါပဲ။

t shirt

The first E-Ink tattoo machine

တက်တူး လောကကို စိန်ခေါ်ဖို့ moodINQ ကိုတီထွင်ခဲ့ပါတယ်။ အဲ့ဒါကို အထူးဆေးမှင်တွေနဲ့သုံးပါတယ်။ ကိုယ့်အေ၇ပြားပေါ်မှာ upload လုပ်လိုက်ရုံပါပဲ။ မကြိုက်ရင်လဲဖျက်ရပါတယ်။ ကိုယ်စိတ်ကြိုက် ကိုယ်ကြိုက်သလို ဖန်တီးနိုင်ပါတယ်။

tattoo machine

Credit; Mingalarbar Morning

Read times
Rate this item
(1 Vote)