-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကြော်ငြာပုံစံလွဲချော်မနေအောင် ရှောင်ရှားရမယ့်အချက်များ

ကြော်ငြာပုံစံလွဲချော်မနေအောင် ရှောင်ရှားရမယ့်အချက်များ Google

ယနေ့ခေတ်လို စီးပွားရေးတွေအပြိုင်အဆိုင်တိုးချဲ့လုပ်ကိုင်နေကျတဲ့အချိန်မှာ မိမိရဲ့စီးပွားရေးကိုလူသိများလာအောင် ကြော်ငြာပုံ၊ ကြော်ငြာနည်းကလဲ အရေးကြီးတဲ့ကဏ္ဍတစ်ရပ်ကနေပါဝင် ပါတယ်။

ကိုယ့်လုပ်ငန်းနဲ့ကိုယ်ကြော်ငြာပုံက ကိုက်ညီမှုမရှိရင် သို့မဟုတ် ကုန်ပစ္စည်းကကောင်းပြီး ကြော်ငြာပုံကလွဲချော်နေမယ်ဆိုရင် လူသိသင့်သလောက်မသိတော့ပဲ ကုန်ကျစရိတ်တွေအပိုဖြစ်ပြီး ထိရောက်မှုမရှိဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်မို့ ကြော်ငြာဆိုတာ စီးပွားရေးနယ်ပယ်မှာ မရှိမဖြစ်ပါပဲ။ Social Media Marketing မှာပဲဖြစ်ဖြစ်၊ Traditional Marketing မှာပဲဖြစ်ဖြစ် ကြော်ငြာပုံထိရောက်ဖို့လိုပါတယ်။

(၁) User တွေဟာ Social Media မှာ Promotion နဲ့သက်ဆိုင်တဲ့ စာတွေအမြောက်အမြားပေးပို့ရင် Unfollow လုပ်လေ့ရှိပါတယ် မိမိရဲ့ကုန်အမှတ်တံဆိပ်နဲ့ မလျော်ညီတဲ့ဘန်းစကား(Slang)တွေအသုံးပြုလွန်းလျင်လည်း Unfollow လုပ်နိုင်ပါတယ်။

(၂) သင့်ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်အတွက် Social Media Content တွေကို သေချာစနစ်တကျမရွေးချယ်တာ၊ အချိန်နဲ့အညီ Respond မလုပ်တာမျိုးတွေဆိုရင်တော့သင့်ရဲ့ Social Media မှာရှိတဲ့ Follower တွေကိုဆုံးရှုံးနိုင်ပါတယ်။

(၃) သင့်ရဲ့Business အတွက် Promotion Message တွေအလွန်အကျွန်မတင်သင့်ပါဘူး။ သင့်လျော်တဲ့ Promotion နဲ့ သက်ဆိုင်တဲ့ Post တွေအပြင်အခြားပညာရေး၊ ဖျော်ဖြေရေးနှင့်စိတ်ဓာတ်ခွန်အားပေးတဲ့ Post တွေလဲ အထိုက်အလျောက်တင်ပေးသင့်ပါတယ်။

Read More>>>မော်တော်ကားကိုယ်ထည်ပေါ်က ကြော်ငြာများပေါ်ပေါက်လာပုံ

(၄) သင့်ရဲ့ Business နဲ့မသက်ဆိုင်တဲ့ post တွေ Information အမှားတွေတင်ခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။ ကိုယ့်ရဲ့ Brand & Audience နဲ့ကိုက်ညီမဲ့ Post တွေကိုပဲရွေးခြယ်တင်သင့်ပါတယ်။

(၅) သင့်ရဲ့ Follower တွေအပေါ်ဂရုမစိုက်လျစ်လျူရှုခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။ Follower တွေပေးတဲ့ Comment, Review, Message စတာတွေကို မပြန်ပဲထားတာကလဲ သင့်အတွက် Follower တွေကိုဆုံးရှုံးနိုင်တဲ့ အမှားတစ်ချက်ပဲဖြစ်ပါတယ်။ ဒါကြောင့်မိမိရဲ့ Follower တွေပေးတဲ့အကြံဉာဏ် ဒါမှမဟုတ် သူတို့လိုအပ်ချက်တွေကို ဂရုတစိုက်ဖြေကြားပေးသင့်ပါတယ်။

Events Organisers & Master of Ceremonies (ပွဲစီစဉ်သူများနှင့် အခမ်းအနားပြင်ဆင်ပေးသူများ(၆၆)ခုကို ရှာဖွေရန်နှိပ်ပါ။)

အခုဖော်ပြတဲ့အချက်တွေကနေလေ့လာပြီးမိမိရဲ့ Brand or Service အတွက် ရှောင်ရှားသင့်တဲ့အချက်တွေ ကိုသိပြီးပြီဆိုရင်တော့ အဆင်ပြေချောမွေ့တဲ့ Customer Relationship ကိုတည်ဆောက်နိုင်ဖို့မျှော်လင့်ပါ တယ်။

Source; SEO Myanmar

 

Read times
Rate this item
(0 votes)