-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရင္းအျမစ္ေတြ ဘယ္ေလာက္မ်ားမ်ား မသံုးတတ္ရင္အလကားပဲ

အရင္းအျမစ္ေတြ ဘယ္ေလာက္မ်ားမ်ား မသံုးတတ္ရင္အလကားပဲ google.com

ပံုမွာ ျပထားသလိိုပါပဲ။ ေလွကားေတြဘယ္ေလာက္ပဲ မ်ားမ်ား သူ႔ကို နံရံမွာေထာင္ျပီး တက္ရမွန္း မသိရင္တစ္ဖက္မွာ ဘာျပထားတယ္ ဆုိတာကို ျမင္ႏိုင္မွာ မဟုတ္ပါဘူး။ ဘဝမွာလဲ ဒီလိုပါပဲ။ အရာ အားလံုးဟာ သူ႔အဓိပၸါယ္နဲ႔ သူ၊ သူ႔တန္ဖိုးနဲ႔ သူ ရွိၾက ပါတယ္။ အလားတူပါပဲ လူသားအားလံုးမွာ ကိုယ္က်ြမ္းက်င္ပုိင္ႏုိင္တဲ႔ အရည္အခ်င္းေကာင္းေတြ၊ ကိုယ္ပုိင္အစြမ္းအစေတြ မ်ားစြာရွိပါတယ္။ ယင္းအရည္အခ်င္းေတြကို ဥာဏ္ရွိရွိေကာင္းမြန္စြာ အသံုးခ်တတ္မွသာ ဘ၀ႀကီးက အဓိပၸာယ္ျပည့္စံု ေအာင္ျမင္ႏုိင္မွာပါ။ အသံုးမခ်တတ္သူေတြရဲ႕ ဘ၀ကေတာ့ အလကားပါပဲ။  

ေနာက္ထပ္ ဥပမာ ကေတာ့ ကေလးတစ္ေယာက္ရဲ႕ လက္ထဲကို ေက်ာက္သံပတၱျမား ထည့္ေပးျခင္း ျဖစ္ပါတယ္။ ေျပာင္လက္လက္ ျဖစ္ေနတာကို ၾကိဳက္ေပမယ့္ စားစရာ မုန္႔တစ္ခုနဲ႔ ေပးလိုက္ရင္ အလဲွအထပ္ လုပ္ဖို႔ ဝန္ေလးမွာ မဟုတ္ပါဘူး။ တန္ဖိုးဆုိတာကိုလူတစ္ဦး တစ္ေယာက္က မသိတာဟာ သူ႔အတြက္ပဲ ထိခိုက္ ေပမယ့္ သူ႔ကို မီွခို ဦးတည္ျပီး ရပ္တည္ေနရတဲ့ လူေတြသာ မ်ားမယ္ ဆုိရင္ ယင္းမွီခိုေနသူ အားလံုးကိုလည္း ထိခိုက္ ပါတယ္။ 

www.myanmaradvertisingdirectory.com 

ေနာက္ထပ္ ဥပမာ တစ္ခုကေတာ့ ဂ်ယ္လီငါး ျဖစ္ပါတယ္။ ဂ်ယ္လီငါးမ်ားဟာ ႏွစ္ေပါင္း ၅၀၀ ေက်ာ္ေနႏိုင္ၿပီး
အခ်ိဳ႕ဆုိ မေသပဲနဲ႔ေတာင္ ေနႏိုင္ သတဲ့။ ဒါေပမယ့္ သူတုိ႔မွာ ေတြးေခၚ ခံစား တတ္တဲ့ ဦးေႏွာက္ မရွိပါဘူး။ ဒီေတာ့ ဦးေႏွာက္မရွိပဲ ရာသက္ပန္ ေနထိုင္ရတာဟာလည္း အဓိပၸါယ္မဲ့ 

ပါတယ္။ 

အားလံုးကို အႏွစ္ခ်ဳပ္လိုက္ရင္ ဥာဏ္မပါပဲ ဘဝမွာ ေနထိုင္ေနရတာ၊ လုပ္ကိုင္ေနရ တာဟာ အဓိပၸါယ္္မဲ့ေနျခင္း တစ္မ်ိဳး ပါပဲ။

It doesn't matter how many resources you have.

 If you don't know how to use them, it will never be enough

Credit : Innewsmyanmar

(Unicode Version)

ပုံမှာ ပြထားသလိိုပါပဲ။ လှေကားတွေဘယ်လောက်ပဲ များများ သူ့ကို နံရံမှာထောင်ပြီး တက်ရမှန်း မသိရင်တစ်ဖက်မှာ ဘာပြထားတယ် ဆိုတာကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ဘဝမှာလဲ ဒီလိုပါပဲ။ အရာ အားလုံးဟာ သူ့အဓိပ္ပါယ်နဲ့ သူ၊ သူ့တန်ဖိုးနဲ့ သူ ရှိကြ ပါတယ်။ အလားတူပါပဲ လူသားအားလုံးမှာ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ အရည်အချင်းကောင်းတွေ၊ ကိုယ်ပိုင်အစွမ်းအစတွေ များစွာရှိပါတယ်။ ယင်းအရည်အချင်းတွေကို ဉာဏ်ရှိရှိကောင်းမွန်စွာ အသုံးချတတ်မှသာ ဘဝကြီးက အဓိပ္ပာယ်ပြည့်စုံ အောင်မြင်နိုင်မှာပါ။ အသုံးမချတတ်သူတွေရဲ့ ဘဝကတော့ အလကားပါပဲ။
နောက်ထပ် ဥပမာ ကတော့ ကလေးတစ်ယောက်ရဲ့ လက်ထဲကို ကျောက်သံပတ္တမြား ထည့်ပေးခြင်း ဖြစ်ပါတယ်။ ပြောင်လက်လက် ဖြစ်နေတာကို ကြိုက်ပေမယ့် စားစရာ မုန့်တစ်ခုနဲ့ ပေးလိုက်ရင် အလှဲအထပ် လုပ်ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ တန်ဖိုးဆိုတာကိုလူတစ်ဦး တစ်ယောက်က မသိတာဟာ သူ့အတွက်ပဲ ထိခိုက် ပေမယ့် သူ့ကို မှီခို ဦးတည်ပြီး ရပ်တည်နေရတဲ့ လူတွေသာ များမယ် ဆိုရင် ယင်းမှီခိုနေသူ အားလုံးကိုလည်း ထိခိုက် ပါတယ်။
နောက်ထပ် ဥပမာ တစ်ခုကတော့ ဂျယ်လီငါး ဖြစ်ပါတယ်။ ဂျယ်လီငါးများဟာ နှစ်ပေါင်း ၅၀၀ ကျော်နေနိုင်ပြီး
အချို့ဆို မသေပဲနဲ့တောင် နေနိုင် သတဲ့။ ဒါပေမယ့် သူတို့မှာ တွေးခေါ် ခံစား တတ်တဲ့ ဦးနှောက် မရှိပါဘူး။ ဒီတော့ ဦးနှောက်မရှိပဲ ရာသက်ပန် နေထိုင်ရတာဟာလည်း အဓိပ္ပါယ်မဲ့
ပါတယ်။

အားလုံးကို အနှစ်ချုပ်လိုက်ရင် ဉာဏ်မပါပဲ ဘဝမှာ နေထိုင်နေရတာ၊ လုပ်ကိုင်နေရ တာဟာ အဓိပ္ပါယ််မဲ့နေခြင်း တစ်မျိုး ပါပဲ။
It doesn't matter how many resources you have.
If you don't know how to use them, it will never be enough
Credit : Innewsmyanmar

Read times
Rate this item
(0 votes)