-->
×
Warning
JUser: :_load: Unable to load user with ID: 29
Creative Director ကောင်းတစ်ဦးဖြစ်ဖို့ ဘာတွေလိုအပ်မလဲ
Creative Director ကောင်းတစ်ဦးဖြစ်ဖို့ ဘာတွေလိုအပ်မလဲ google
၃. စာရေးတတ်ရန်သင်ယူပါ။ ...
ကနေဒါကျန်းမာရေးဝန်ကြီး မှ Vape ထုတ်ကုန် ကြော်ငြာများအား ပိတ်ပင်ရန် ကြိုးပမ်း
၎. မကြာခဏ ကို့ကိုယ်ကို ဆန်းစစ်ပါ
ဥပမာ - ရောမရောက် ရင် ရောမ လို ကျင့် ဆိုသလို မျိုးပေါ့
Pyae Phyo Naing ( Xain )
<<<unicode>>>
Creative Director ကောင်းတစ်ဦး ဖြစ်ဖို့ဆိုရင် ဘာတွေစတင် လုပ်ဆောင်ရ မလဲ ????
အောက်ပါ အချက်အလက် များကို ဖတ်ရှု လိုက်ပါ က သင့်ကို Creative Director ကောင်းတစ်ဦး ဖြစ်ဖို့ အကူအညီပေးပါလိမ့်မယ်။
၁. အကောင်းဆုံးထံမှသင်ယူပါ။
ဘယ်အရာမဆို သင်ယူဖို့လိုအပ်ပါတယ်.
ဆရာမပြ နည်းမကျ ဆိုတဲ့ စကားကို အားလုံး ကြားဖူးကြမှာပါ
အဲ့တော့ Creative Director တစ်ဦးဖြစ်ဖို့ ပထမဆုံး Creative Director ပိုင်း ကျွမ်းကျင်တဲ့ ဆရာ ဆီမှာ ပညာ သင်ယူဖို့ လိုအပ်ပါတယ်။
၂. တီထွင်ဖန်တီးဆန်းသစ်မှု ကိုလေ့လာပါ။ ...
ခေတ်နဲ့အညီ ဘာတွေ ခေတ်စားနေလဲ ဘယ်အရာတွေ ထည့်သုံးလိုက်ရင် လူတွေ ပို စိတ်ဝင်စားမယ် ဆိုတာ ကို လေ့လာပါ။ပြီးတော့ လူတွေ စိတ်ဝင်စားအောင် ဘယ်လို အသစ်အဆန်းလေးတွေ ဖန်တီး မလဲ ဆိုတာကို စဉ်းစားလုပ်ဆောင်ပါ။
၃. စာရေးတတ်ရန်သင်ယူပါ။ ...
ကို့ရဲ့တီထွင်ဖန်တီးထားတာကို တခြားလူကို ပြသဖို့ စာနဲ့ ရေးပြီးပြတာ အကောင်းဆုံးပါ။
ရိုးရိုးစာရေးတာ မဟုတ်ပဲ ဖတ်တဲ့လူ အားလုံးနားလည်အောင် အသေးစိတ် ဒါလေးကိုတော့ ဘယ်အရောင်လေးသုံးမယ် ဒါလေးကို ဘယ်နေရာမှာထားမယ် ဆိုတာ က အစ ဖော်ပြရေးသားရမှာဖြစ်တဲ့အတွက် Creative Director တစ်ယောက်ယောက်စီကဖြစ်စေ Creative ပိုင်းနားလည်တတ်ကျွမ်းတဲ့လူ တစ်ယောက်ယောက်စီက ဖြစ်စေ သင်ယူလေ့လာဖို့လိုပါတယ်။
ကိုကာကိုလာ အနေဖြင့် CMO နေရာအား ပြန်လည် အားဖြည့်ခဲ့
၄. မကြာခဏ ကို့ကိုယ်ကို ဆန်းစစ်ပါ
ကိုက တကယ် Creative ပိုင်းစိတ်ဝင်စားရဲ့လား တကယ် Creative Director တစ်ယောက်ဖြစ်ချင်ရဲ့လား ဆိုတာ ကို့ကိုယ်ကို အရင်ဆုံး ဆန်းစစ်ပါ
လူတွေရဲ့သဘာဝ က ကို စိတ်ဝင်စားရာ အလုပ်ဆို လုပ်ဖို့ စိတ်အားထက်သန်တယ် ဘယ်လောက် ပင်ပန်း ပင်ပန်း ကို စိတ်ဝင်စားရာ အလုပ်ဆို အောင်မြင်ဖို့ အစွမ်းကုန် ကြိုးစားကြတယ်
ဒါကြောင့် Creative Director အလုပ်ကို တကယ် ကို စိတ်ဝင်စားတဲ့အလုပ် ဟုတ် မဟုတ် ဆန်းစစ် ပြီးမှ လုပ်ပါ။
၅. အလိုက်တသင့် ပြုမူနေထိုင်ပါ
ကိုကနေရာနဲ့ အခြေအနေနဲ့ အချိန်အခါ ကို လိုက်ပြီး ပြုမူနေထိုင်တတ်ဖို့လည်းလိုပါတယ်။
ဥပမာ - ရောမရောက် ရင် ရောမ လို ကျင့် ဆိုသလို မျိူးပေါ့
၆. စမ်းသပ်မှုနှင့်အမှား။ ...
ကိုကမလုပ်တတ် မသိသေးလို့ ဆိုပြီး ထိုင်နေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး
ကိုကစမ်းသပ်ပါ မှားရင်ကိစ္စမရှိပါဘူး အမှားထဲက အမှန်ထွက်ပေါ်လာအောင် ကြိုးစားပါ...
မုချ အောင်မြင်မှု ရ လာပါလိမ့်မယ်။
ယခု ဖော်ပြပါ အချက်များသည် Creative Director ကောင်း တစ်ဦး ဖြစ်ဖို့ အခြေခံ လုပ်ဆောင်ရမဲ့ အချက် များပဲ ဖြစ်ပါတယ်။
အချိန်ပေး ဖတ်ရှု လေ့လာပေးတဲ့ အတွက် ကျေးဇူုး အထူး တင်ပါတယ်။
Pyae Phyo Naing ( Xain )
Myanmar Advertising Directory 
Read times
Rate this item
(0 votes)