-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကိုကာကိုလာ အေနျဖင့္ CMO ေနရာအား ျပန္လည္ အားျဖည့္ခဲ့

ကိုကာကိုလာမွ ၎တို႔ လုပ္ငန္းခြင္ရဲ႕ လစ္လပ္ေနေသာ ေနရာမ်ားကို ျပန္လည္အားျဖည့္ရန္ ဆႏၵရွိေနဟန္နဲ႔ တူပါတယ္။ ဒါေၾကာင့္ ထိုလစ္လပ္ေနေသာ CMO ( Chief Marketing Officer ) ရာထူးကို Manuel “Manolo” Arroyo အား ခန္႔အပ္လိုက္တယ္လို႔ သိရပါတယ္။

Manuel Arroyo မွာ Asia Pacific group ရဲ႕ ဥကၠဌ ရာထူးကို ထမ္းေဆာင္သူျဖစ္ျပီး ကိုကာကိုလာရဲ႕ ေစ်းကြက္ျမွင့္တင္ေရးပိုင္းဆိုင္ရာ Chief Marketing Officer လုိ ေနရာမ်ိဳးတြင္ သူလိုပုဂၢိဳလ္မ်ိဳးကို ခန္႔အပ္မွသာလ်ွင္ အဆင္ေျပႏိုင္မွာ ျဖစ္ပါတယ္။ ကိုကာကိုလာရဲ႕ ထို CMO ရာထူးက ၂ ႏွစ္ၾကာ လစ္လပ္ေနခဲ့ တာ ျဖစ္ပါတယ္။ ထို ၂ ႏွစ္တာကာလ အတြင္းမွာ ကိုကာကုိလာဟာ CMO ေနရာကို ေမ့ေဖ်ာက္ထားတယ္သိျပီး ကုိကာကုိလာရဲ႕ အေရးၾကီးေသာ ေစ်းကြက္စီးပြားေရး ျမွင့္တင္ေရး အခန္းကဏၭကို CGO ( Chief Growth Officer ) ျဖစ္သူ Francisco Crespo မွ ထိန္းခ်ဳပ္ထားတယ္လို႔ သိရပါတယ္။

ယခုအခ်ိန္မွ ကုိလာဟာ အေရာင္းျမွင့္တင္ေရးေတြ ထလုပ္ CMO လိုရာထူးေတြ ထေခၚ ေနျခင္းဟာ အျခားလုပ္ငန္းစုေတြ အတြက္ အံအားသင့္စရာကို ျဖစ္ေနပါေတာ့တယ္။ တကယ္တန္း ကိုကာကိုလာမွ CMO ရာထူးကုိ ေခၚယူခဲ့ တဲ့ အေၾကာင္းအရင္းက အရာရွိလူၾကီးပိုင္းဆိုင္ရာမ်ားလုပ္ငန္းခြင္ ပိုမိုက်ယ္ျပန္႔ စြာ လုပ္ကိုင္ႏိုင္ဖို႔အတြက္ပဲ ျဖစ္ပါတယ္။

 

 

 

 

 

ယခုဆိုရင္ေတာ့ ကိုကာကိုလာမွ အရာရွိလူၾကီး ပိုင္းဆိုင္ရာမ်ားမွာ တာဝန္ကို ေဝခြဲယူျပီး အလုပ္မ်ားမ်ွေဝ လုပ္ကိုင္သြားမယ္ သိရျပီး Francisco Crespo မွ ကမာၻ႕ေစ်းကြက္ခ်ဲ႕ ထြင္ေရးကို လုပ္ကိုင္မယ္သိရျပီး ေစ်းကြက္ ခ်ဲ႕ထြက္ေရးနည္းလမ္းကို ပိုမိုက်ယ္ျပန္႔စြာ လုပ္ကိုင္မယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ေၾကာ္ျငာပိုင္းဆိုင္ရာ ကိစၥ ရပ္မ်ားကိုလည္း ကိုင္တြယ္သြားမယ္လို႔လည္း သိရပါတယ္။

CMO ရာထူးျဖစ္တဲ့ Manuel Arroyo အေနနဲ႔ကေတာ့ ကမာၻ႔ေစ်းကြက္ခ်ဲ႕ထြင္ေရးကို CGO ျဖစ္သူ Francisco Crespo နဲ ့ပူးေပါင္းေဆာင္ရြက္မည္သိရျပီး တီထြင္ဖန္တီးမူနွင့္ ေပါင္းစပ္ထားေသာ ေစ်းကြက္ခ်ဲ႕ထြင္ေရး ၊ ေၾကာ္ျငာဒီဇိုင္းပိုင္းဆိုင္ရာ ကိစၥမ်ား ထို႔ ျပင္ ပရိုမိုးရွင္းပိုင္းဆိုင္ရာညစီစဥ္မႈမ်ားကို တာဝန္ယူ ျပဳ လုပ္သြားမယ္လို႔ သိရပါတယ္။

COO ( Chief Operating Officer ) ျဖစ္သူ Brian Smith က ေသာက္သံုးအားေပးသူမ်ားရဲ႕ Service ပိုင္း နဲ႔ ေၾကာ္ျငာ ေရးဘက္ပိုင္းဆိုင္ရာ စီမံခန္႔ခြဲမႈအပိုင္းကို တာဝန္ယူမွာ ျဖစ္ပါတယ္။ ကိုကာကိုလာမွ ေငြေၾကးပိုင္းဆိုင္ရာ CFO ( Chief Financial Officer ) ျဖစ္သူ John Murphy မွ အဆိုပါ Team မ်ားကို လိုအပ္ရင္ လိုအပ္သလို ဘ႑ာေရး ေထာက္ပံမႈ ေပးမယ္လို႔ သိရပါတယ္။

Manuel Arroyo မွာ ၁၉၉၅ ထဲ မွ စပိန္မွာ brand management team မွာ ပါဝင္ခဲ့သူ တစ္ဦးျဖစ္ပါတယ္။ သူ Atlanta ကို မေျပာင္းခင္ Global Water Strategy ကို ဦးေဆာင္လုပ္ကိုင္ခဲ့ပါတယ္။ Asia Pacific မွာ ဝင္မလုပ္ခင္ သူက Iberia business မွာ Marketing Director အျဖစ္နဲ ့လုပ္ကိုင္ခဲ့သူ ျဖစ္ပါတယ္။

ကိုကာကိုလာရဲ႕ CEO ျဖစ္သူ James Quincey ေျပာၾကားပံု အရေတာ့ ‘ က်ြန္ေတာ္တို႔ အေနနဲ႔ consumer ေတြရဲ႕ လုိအပ္ခ်က္ေတြက အေျပာင္းအလဲ ျမန္တယ္ဆိုတာ သိထားပါတယ္ ၊ အဆိုကပါ လုိအပ္ခ်က္ အေျပာင္းအလဲမ်ားအား လုပ္ငန္းစုကို ေခတ္နဲ႔အညီ လည္ပတ္တိုးတက္ေနေစဖို႔ အၿမဲတမ္း သိရွိထားေတာ့ ေကာင္းတာေပါ့ ၊ Manuel Arroyo ရဲ႕ ေစ်းကြက္ စီးပြားေရး ျမွင့္တင္ေရးပိုင္းဆိုင္ရာက သိပ္ေကာင္းမြန္ပါတယ္” ဟုေျပာၾကားခဲ့ ျပန္ပါတယ္။

ယခု ဆိုရင္ေတာ့ ကိုကာကိုလာမွ သက္ဆိုင္ရာ အရာရွိမ်ား စံုလင္သြားၿပီးဆိုေတာ့ ေနာက္ပိုင္းေတြမွာ ကိုကာကိုလာက ဘယ္လိုေတြ ပြဲစည္ေအာင္လုပ္သြားမလဲဆိုတာကို အျခားျပိဳင္ဘက္ လုပ္ငန္းစုေတြက ေစာင့္ၾကည့္ေနၾကေတာ့မွာပဲ ျဖစ္ပါတယ္။

 

<<< Unicode >>> 

 

ကိုကာကိုလာမှ ၎င်းတို့ လုပ်ငန်းခွင်ရဲ့ လစ်လပ်နေသော နေရာများကို ပြန်လည်အားဖြည့်ရန် ဆန္ဒရှိနေဟန်နဲ့ တူပါတယ်။ ဒါကြောင့် ထိုလစ်လပ်နေသော CMO ( Chief Marketing Officer ) ရာထူးကို Manuel “Manolo” Arroyo အား ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။ Manuel Arroyo မှာ Asia Pacific group ရဲ့ ဥက္ကဌ ရာထူးကို ထမ်းဆောင်သူဖြစ်ပြီး ကိုကာကိုလာရဲ့ ဈေးကွက်မြှင့်တင်ရေးပိုင်းဆိုင်ရာ Chief Marketing Officer လို နေရာမျိုးတွင် သူလိုပုဂ္ဂိုလ်မျိုးကို ခန့်အပ်မှသာလျှင် အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ကိုကာကိုလာရဲ့ ထို CMO ရာထူးက ၂ နှစ်ကြာ လစ်လပ်နေခဲ့ တာ ဖြစ်ပါတယ်။ ထို ၂ နှစ်တာကာလ အတွင်းမှာ ကိုကာကိုလာဟာ CMO နေရာကို မေ့ဖျောက်ထားတယ်သိပြီး ကိုကာကိုလာရဲ့ အရေးကြီးသော ဈေးကွက်စီးပွားရေး မြှင့်တင်ရေး အခန်းကဏ္ဌကို CGO ( Chief Growth Officer ) ဖြစ်သူ Francisco Crespo မှ ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

ယခုအချိန်မှ ကိုလာဟာ အရောင်းမြှင့်တင်ရေးတွေ ထလုပ် CMO လိုရာထူးတွေ ထခေါ် နေခြင်းဟာ အခြားလုပ်ငန်းစုတွေ အတွက် အံအားသင့်စရာကို ဖြစ်နေပါတော့တယ်။ တကယ်တန်း ကိုကာကိုလာမှ CMO ရာထူးကို ခေါ်ယူခဲ့ တဲ့ အကြောင်းအရင်းက အရာရှိလူကြီးပိုင်းဆိုင်ရာများလုပ်ငန်းခွင် ပိုမိုကျယ်ပြန့် စွာ လုပ်ကိုင်နိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

ယခုဆိုရင်တော့ ကိုကာကိုလာမှ အရာရှိလူကြီး ပိုင်းဆိုင်ရာများမှာ တာဝန်ကို ဝေခွဲယူပြီး အလုပ်များမျှဝေ လုပ်ကိုင်သွားမယ် သိရပြီး Francisco Crespo မှ ကမ္ဘာ့ဈေးကွက်ချဲ့ ထွင်ရေးကို လုပ်ကိုင်မယ်သိရပြီး ဈေးကွက် ချဲ့ထွက်ရေးနည်းလမ်းကို ပိုမိုကျယ်ပြန့်စွာ လုပ်ကိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ကြော်ငြာပိုင်းဆိုင်ရာ ကိစ္စ ရပ်များကိုလည်း ကိုင်တွယ်သွားမယ်လို့လည်း သိရပါတယ်။

CMO ရာထူးဖြစ်တဲ့ Manuel Arroyo အနေနဲ့ကတော့ ကမ္ဘာ့ဈေးကွက်ချဲ့ထွင်ရေးကို CGO ဖြစ်သူ Francisco Crespo နဲ့ပူးပေါင်းဆောင်ရွက်မည်သိရပြီး တီထွင်ဖန်တီးမူနှင့် ပေါင်းစပ်ထားသော ဈေးကွက်ချဲ့ထွင်ရေး ၊ ကြော်ငြာဒီဇိုင်းပိုင်းဆိုင်ရာ ကိစ္စများ ထို့ ပြင် ပရိုမိုးရှင်းပိုင်းဆိုင်ရာညစီစဉ်မှုများကို တာဝန်ယူ ပြု လုပ်သွားမယ်လို့ သိရပါတယ်။

COO ( Chief Operating Officer ) ဖြစ်သူ Brian Smith က သောက်သုံးအားပေးသူများရဲ့ Service ပိုင်း နဲ့ ကြော်ငြာ ရေးဘက်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအပိုင်းကို တာဝန်ယူမှာ ဖြစ်ပါတယ်။ ကိုကာကိုလာမှ ငွေကြေးပိုင်းဆိုင်ရာ CFO ( Chief Financial Officer ) ဖြစ်သူ John Murphy မှ အဆိုပါ Team များကို လိုအပ်ရင် လိုအပ်သလို ဘဏ္ဍာရေး ထောက်ပံမှု ပေးမယ်လို့ သိရပါတယ်။

Manuel Arroyo မှာ ၁၉၉၅ ထဲ မှ စပိန်မှာ brand management team မှာ ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူ Atlanta ကို မပြောင်းခင် Global Water Strategy ကို ဦးဆောင်လုပ်ကိုင်ခဲ့ပါတယ်။ Asia Pacific မှာ ဝင်မလုပ်ခင် သူက Iberia business မှာ Marketing Director အဖြစ်နဲ့လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

ကိုကာကိုလာရဲ့ CEO ဖြစ်သူ James Quincey ပြောကြားပုံ အရတော့ ‘ ကျွန်တော်တို့ အနေနဲ့ consumer တွေရဲ့ လိုအပ်ချက်တွေက အပြောင်းအလဲ မြန်တယ်ဆိုတာ သိထားပါတယ် ၊ အဆိုကပါ လိုအပ်ချက် အပြောင်းအလဲများအား လုပ်ငန်းစုကို ခေတ်နဲ့အညီ လည်ပတ်တိုးတက်နေစေဖို့ အမြဲတမ်း သိရှိထားတော့ ကောင်းတာပေါ့ ၊ Manuel Arroyo ရဲ့ ဈေးကွက် စီးပွားရေး မြှင့်တင်ရေးပိုင်းဆိုင်ရာက သိပ်ကောင်းမွန်ပါတယ်” ဟုပြောကြားခဲ့ ပြန်ပါတယ်။

ယခု ဆိုရင်တော့ ကိုကာကိုလာမှ သက်ဆိုင်ရာ အရာရှိများ စုံလင်သွားပြီးဆိုတော့ နောက်ပိုင်းတွေမှာ ကိုကာကိုလာက ဘယ်လိုတွေ ပွဲစည်အောင်လုပ်သွားမလဲဆိုတာကို အခြားပြိုင်ဘက် လုပ်ငန်းစုတွေက စောင့်ကြည့်နေကြတော့မှာပဲ ဖြစ်ပါတယ်။

 

Source From Forbes

 

Myanmar Advertising Directory 

 

 

Read times
Rate this item
(0 votes)