-->
×

Warning

JUser: :_load: Unable to load user with ID: 29


ကေနဒါက်န္းမာေရးဝန္ႀကီး မွ Vape ထုတ္ကုန္ ေၾကာ္ျငာမ်ားအား ပိတ္ပင္ရန္ ႀကိဳးပမ္း

ကေနဒါက်န္းမာေရးဝန္ႀကီး မွ Vape ထုတ္ကုန္ ေၾကာ္ျငာမ်ားအား ပိတ္ပင္ရန္ ႀကိဳးပမ္း google

ကေနဒါက်န္းမာေရးဝန္ႀကီး Patty Hajdu ကအမ်ားျပည္သူဆိုင္ရာ ေနရာမ်ား၊ စတိုးဆိုင္မ်ားႏွင့္ အြန္လိုင္းေပၚတြင္ e-စီးကရက္မ်ားကို ေၾကာ္ျငာျခင္းအား ပိတ္ပင္တားျမစ္ရန္ မေန႕က အဆိုတင္သြင္းခဲ့သည္။

 

ဝန္ႀကီး Hajdu သည္ Vape ထုတ္ကုန္ေတြ ေၾကာင့္ ျဖစ္ပြားႏိုင္ေသာ က်န္းမာေရးသတိေပးခ်က္အသစ္မ်ားလည္းထုတ္ျပန္ခဲ့သည္။

 

တစ္ခ်ိန္က ေဆးလိပ္ေသာက္သုံးခဲ့သူမ်ား ႏွင့္ မေသာက္ဖူးသူ လူငယ္မ်ားအၾကား E-စီးကရက္ သုံးစြဲမႈ ျမင့္တက္ေနသည္ ဟူေသာ သက္ေသအေထာက္အထားမ်ား ေၾကာင့္ ထို စည္းမ်ဥ္းစည္းကမ္းမ်ား ေပၚေပါက္လာျခင္းျဖစ္သည္။

ထို E-Cigrattes အီလက္ထေရာနစ္စီးကရက္ မ်ားမွာ သာမန္ စီးကရက္မ်ားထက္ ပိုမိုလုံၿခဳံစိတ္ခ်ရေသာအျခားနည္းလမ္းတစ္ခုအျဖစ္ ႏွင့္ေဆးလိပ္ေသာက္သူမ်ားကို ေဆးလိပ္ျဖတ္ရန္ကူညီသည့္နည္းလမ္းတစ္ခုအျဖစ္ ေရာင္းခ်ျခင္းျဖစ္ေသာ္ျငားလည္း က်န္းမာေရးအရာရွိမ်ားက မ်ိဳးဆက္သစ္လူငယ္ မ်ားကိုနီကိုတင္းႏွင့္ခ်ိတ္ဆက္ေပးရန္အေထာက္အကူေပးမည္ကို စိုးရိမ္ေနၾကသည္။

 

စစ္တမ္းမ်ားအရ ကေနဒါႏိုင္ငံ ရွိဆယ္ေက်ာ္သက္လူငယ္မ်ား E-Cigratte (Vape ထုတ္ကုန္)သုံးစြဲသူဦးေရသည္ ၂၀၁၇-၂၀၁၈ ႏွင့္ ၂၀၁၈-၂၀၁၉ အၾကား ၁၀% မွ ၂၀% အထိႏွစ္ဆတိုးလာသည္ဟုသိရွိရသည္။

 

ကိုကာကိုလာ အေနျဖင့္ CMO ေနရာအား ျပန္လည္ အားျဖည့္ခဲ့

 

ထို႕ေၾကာင့္ ဝန္ႀကီး Hajdu က "ေနာက္ဆုံးစာရင္းအင္းေတြကစိုးရိမ္စရာေကာင္းတယ္" ဟု သတင္းထုတ္ျပန္ခ်က္တြင္ ေျပၾကားခဲ့သည္။

ထို႕ေနာက္ဆက္လက္၍ ၎က "လူငယ္မ်ား မသုံးစြဲေအာင္ တားဆီးရန္နည္းလမ္းမ်ားရွာေဖြရန္ ကြၽမ္းက်င္သူမ်ား ကေနဒါႏိုင္ငံသားမ်ားအားလုံး ႏွင့္အတူတကြ ကြၽႏ္ုပ္တို႔ပူးေပါင္းလုပ္ေဆာင္ေနပါတယ္။ယေန႕ ထုတ္ျပန္ေၾကျငာတဲ့ နည္းလမ္းသစ္မ်ားကကူညီႏိုင္ပါလိမ့္မယ္ သို႔ေသာ္ ေနာက္ထပ္ လုပ္စရာမ်ားစြာ ရွိေနပါတယ္။ ဟုေျပာၾကားခဲ႔ပါတယ္။

 

CBC ျပည္သူ႔အသံလႊင့္ဌာနႏွင့္အင္တာဗ်ဴးတြင္ ၀န္ႀကီးခ်ဳပ္ Justin Trudeau က ဤ အစီအမံမ်ားကို“ ပထမအဆင့္” ဟုေခၚခဲ့သည္။

"ကၽြႏု္ပ္တို႔စုေဆာင္းဖို႔အခ်က္အလက္ေတြအမ်ားႀကီးရွိပါေသးတယ္ ၿပီးေတာ့ ထို E-cigratte ( Vape ထုတ္ကုန္) ရဲ႕ အလြန္အမင္းဆိုးရြားေသာ ဆိုးက်ိဳးသက္ေရာက္မႈ အစီရင္ခံစာမ်ားကို ကြၽႏ္ုပ္တို႔အလြန္စိုးရိမ္ၾကပါတယ္ " ဟု ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

 

ယခုသီတင္းပတ္အေစာပိုင္းကထုတ္ျပန္ခဲ့ေသာ အေမရိကန္ေလ့လာမႈတစ္ခုအရ အီလက္ထေရာနစ္စီးကရက္ကိုအသုံးျပဳျခင္းသည္ အဆုတ္နဲ႔ ပတ္သက္ေသာ ေရာဂါမ်ား ေလႁပြန္ပိုင္းဆိုင္ရာ ေရာဂါမ်ား အဆုတ္ေသြးေၾကာဆိုင္ရာ ေရာဂါမ်ား နဲ႔ ပန္းနာရင္ၾကပ္ေရာဂါတို႕ ျဖစ္ပြားေစႏိုင္ေၾကာင္း သိရွိရပါတယ္။

 

<<<unicode>>>

 

ကနေဒါကျန်းမာရေးဝန်ကြီး Patty Hajdu ကအများပြည်သူဆိုင်ရာ နေရာများ၊ စတိုးဆိုင်များနှင့် အွန်လိုင်းပေါ်တွင် e-စီးကရက်များကို ကြော်ငြာခြင်းအား ပိတ်ပင်တားမြစ်ရန် မနေ့က အဆိုတင်သွင်းခဲ့သည်။

ဝန်ကြီး Hajdu သည် Vape ထုတ်ကုန်တွေ ကြောင့် ဖြစ်ပွားနိုင်သော ကျန်းမာရေးသတိပေးချက်အသစ်များလည်းထုတ်ပြန်ခဲ့သည်။

 

တစ်ချိန်က ဆေးလိပ်သောက်သုံးခဲ့သူများ နှင့် မသောက်ဖူးသူ လူငယ်များအကြား E-စီးကရက် သုံးစွဲမှု မြင့်တက်နေသည် ဟူသော သက်သေအထောက်အထားများ ကြောင့် ထို စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထို E-Cigrattes အီလက်ထရောနစ်စီးကရက် များမှာ သာမန် စီးကရက်များထက် ပိုမိုလုံခြုံစိတ်ချရသောအခြားနည်းလမ်းတစ်ခုအဖြစ် နှင့်ဆေးလိပ်သောက်သူများကို ဆေးလိပ်ဖြတ်ရန်ကူညီသည့်နည်းလမ်းတစ်ခုအဖြစ် ရောင်းချခြင်းဖြစ်သော်ငြားလည်း ကျန်းမာရေးအရာရှိများက မျိုးဆက်သစ်လူငယ် များကိုနီကိုတင်းနှင့်ချိတ်ဆက်ပေးရန်အထောက်အကူပေးမည်ကို စိုးရိမ်နေကြသည်။

 

စစ်တမ်းများအရ ကနေဒါနိုင်ငံ ရှိဆယ်ကျော်သက်လူငယ်များ E-Cigratte (Vape ထုတ်ကုန်)သုံးစွဲသူဦးရေသည် ၂၀၁၇-၂၀၁၈ နှင့် ၂၀၁၈-၂၀၁၉ အကြား ၁၀% မှ ၂၀% အထိနှစ်ဆတိုးလာသည်ဟုသိရှိရသည်။

 

Netflix အေနနဲ႔ ေၾကာ္ျငာေတြထည့္မလား သို႕မဟုတ္ User ေတြကို အဆံုးရႈံးခံမလား

 

ထို့ကြောင့် ဝန်ကြီး Hajdu က "နောက်ဆုံးစာရင်းအင်းတွေကစိုးရိမ်စရာကောင်းတယ်" ဟု သတင်းထုတ်ပြန်ချက်တွင် ပြေကြားခဲ့သည်။

ထို့နောက်ဆက်လက်၍ ၎င်းက "လူငယ်များ မသုံးစွဲအောင် တားဆီးရန်နည်းလမ်းများရှာဖွေရန် ကျွမ်းကျင်သူများ ကနေဒါနိုင်ငံသားများအားလုံး နှင့်အတူတကွ ကျွန်ုပ်တို့ပူးပေါင်းလုပ်ဆောင်နေပါတယ်။ယနေ့ ထုတ်ပြန်ကြေငြာတဲ့ နည်းလမ်းသစ်များကကူညီနိုင်ပါလိမ့်မယ် သို့သော် နောက်ထပ် လုပ်စရာများစွာ ရှိနေပါတယ်။ ဟုပြောကြားခဲ့ပါတယ်။

 

CBC ပြည်သူ့အသံလွှင့်ဌာနနှင့်အင်တာဗျူးတွင် ဝန်ကြီးချုပ် Justin Trudeau က ဤ အစီအမံများကို“ ပထမအဆင့်” ဟုခေါ်ခဲ့သည်။

"ကျွနု်ပ်တို့စုဆောင်းဖို့အချက်အလက်တွေအများကြီးရှိပါသေးတယ် ပြီးတော့ ထို E-cigratte ( Vape ထုတ်ကုန်) ရဲ့ အလွန်အမင်းဆိုးရွားသော ဆိုးကျိုးသက်ရောက်မှု အစီရင်ခံစာများကို ကျွန်ုပ်တို့အလွန်စိုးရိမ်ကြပါတယ် " ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

 

ယခုသီတင်းပတ်အစောပိုင်းကထုတ်ပြန်ခဲ့သော အမေရိကန်လေ့လာမှုတစ်ခုအရ အီလက်ထရောနစ်စီးကရက်ကိုအသုံးပြုခြင်းသည် အဆုတ်နဲ့ ပတ်သက်သော ရောဂါများ လေပြွန်ပိုင်းဆိုင်ရာ ရောဂါများ အဆုတ်သွေးကြောဆိုင်ရာ ရောဂါများ နဲ့ ပန်းနာရင်ကြပ်ရောဂါတို့ ဖြစ်ပွားစေနိုင်ကြောင်း သိရှိရပါတယ်။

 

REF; US NEWS

Myanmar Advertising Directory 

Read times
Rate this item
(0 votes)