-->
×
Warning
JUser: :_load: Unable to load user with ID: 29
သုံးစွဲမှု ပြန်လည်မြင့်တက်လာသည့် QR Code
၂၀၂၀ နှင့်အတူ အသစ်အဆန်းတွေများစွာထဲမှ Covid-19ဟာ ကြီးမားတဲ့ အသစ်အဆန်းတစ်ခုဖြစ်ပါတယ်။ကာလကြာမြင့်သော Lockdownအတွင်း ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းများ လူမှုဆက်ဆံရေးတွေဟာ အခက်အခဲများ၊စိတ်ဖိစီးမှုများနဲ့ ကြုံတွေ့နေကြရပါတယ်။
သို့သော် Virus ထိန်းချုပ်မှုမှာ သူများနိုင်ငံတွေထက် အောင်မြင်မှုအချို့ကို ရရှိသော UKမှာ "Super Saturday"ဟုခေါ်ဆိုကာ စားသောက်ဆိုင်တွေ၊အရက်ဘီယာဆိုင်တွေနဲ့ hair salonတွေကို ပြန်လည်ဖွင့်လှစ်လိုက်ပြီပဲဖြစ်ပါတယ်။
အစိုးရက စီးပွားရေးဆိုင်ရာလုပ်ငန်းတွေကို ပြန်လည် လည်ပတ်စေတဲ့အခါမှာတော့ အချက်အလက်နဲ့ပတ်သက်တဲ့ ဖြေရှင်းမှုတွေ ဝန်ဆာင်မှုတွေကို social-distanceနှင့်အတူ လုပ်ဆောင်ကြရတဲ့ အခါ အဆင်မပြေမှုများစွာနဲ့ ရင်ဆိုင်လာကြရပါတယ်။၎င်းအခက်အခဲတွေကို ဖြေရှင်းဖို့နည်းလမ်းတစ်ခု တွေ့ရှိလာပါတယ်။အဲ့တာကတော့ Quick Response လို့ခေါ်တဲ့ QR codeပဲဖြစ်ပါတယ်။
အိန္ဒိယတွင် Tiktok နေရာကို သိမ်းပိုက်ဖို့ ကြိုးစားသူ အများအပြားရှိနေ
ဒါက ထီထွင်မှုအသစ်မဟုတ်ပါဘူး။ဒါပေမယ့် ထိရောက်မှုကတော့ ပိုမိုတွင်ကျယ်စေပါတယ်။ဂျပန်နိင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးလာသည်နဲ့အမျှ POS systemဟာ ကျယ်ပြန့်လာခဲ့ပြီး ၁၉၆၀ ခုနှစ်တွေထဲက barcodesကို အသုံးပြုလာကြပါတယ်။၁၉၉၄ခုနှစ်မှာတော့ ပုံမှန် barcode ရဲ့ 20 digit reading capacityကို 7000 digit reading capacityသို့ ဆန်းသစ်လိုက်ပြီး လက်ရှိ ၎င်းpredecessorရဲ့ ၁၀ဆပိုမြန်တဲ့ QR codeကိုဖန်တီးကာ ဂျပန်နိုင်ငံရဲ့ public တော်တော်များများမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာပါတယ်။၂၀၁၂ခုနှစ်မှာတော့ QR codeကို စံချိန်မှီအောင် အမျိုးမျိုးသော ဖြေရှင်းချက်များနှင့် စမ်းသပ်ပြုပြင်ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ အကျိုးသက်ရောက်မှုများစွာနဲ့ ထဲထဲဝင်ဝင် အသုံးပြုလာပါတယ်။
၂၀၂၀နှင့်အတူ coronavirus ပျံ့နှံ့မှုကြောင့် ကျောင်းတွေ စားသောက်ဆိုင်တွေ သာမက ကုမ္ပဏီများစွာကလည်း ပိတ်ထားခဲ့ရပါတယ်။သို့သော် ဖွင့်နေဆဲဆိုင်များ ကုမ္ပဏီများက social distance အရ ပြုမူရတဲ့အတွက် ခက်ခဲနေသော်လည်း QR code အသုံးပြုခြင်းက သတင်းအချက်အလက်၊ငွေပေး ငွေယူကိစ္စများ၊ဖောက်သည်တွေရဲ့ လိုအပ်ချက်များ၊လုံခြုံရေး၊ဝန်ဆောင်မှု၊ဈေးကွက်နှင့် ကြော်ညာခြင်းများစသည့်ကိစ္စရပ်များကို လွယ်ကူ အဆင်ပြေချောမွေ့စေပါတယ်။
<<<Zawgyi>>>
ယခုလိုအချိန်မျိုးမှာ မားကတ်တင်းသမားတွေဘာဆက်လုပ်သင့်သလဲ
Ref: The Drum
Read times
Rate this item
(0 votes)