-->
×

Warning

JUser: :_load: Unable to load user with ID: 29


အိန္ဒိယတွင် Tiktok နေရာကို သိမ်းပိုက်ဖို့ ကြိုးစားသူ အများအပြားရှိနေ

တရုတ်နိုင်ငံထုတ် ဆယ်ကျော်သက်လူငယ်ကြိုက်ဖြစ်တဲ့ Tiktok ကို အိန္ဒိယ အစိုးရက အန္တရာယ်များတယ်ဆိုကာ ပိတ်သိမ်းတယ်လို့ ပြောကြားအပြီး မှာ နဂိုကမှအိန္ဒိယ မှ Tiktok ဈေးကွက်ကို မြင်နေတဲ့ Instagram ဟာ အခုဆို Tiktok ကဲ့သို့ အစားထိုး App ဖြစ်တဲ့ Reels ကို အသုံးပြုနိုင်ရန် စတင်စမ်းသပ်နေပြီပဲဖြစ်ပါတယ်။


 

အိန္ဒိယ ဟာဆိုရင် Tiktok ရဲ့ ဈေးကွက် တတိယ ထိုးဖောက်နိုင်ဆုံး နိုင်ငံပါ။Instagram ရဲ့ မိခင်လုပ်ငန်းစုဖြစ်တဲ့ Facebook ဟာ အင်မတန် မှ အဆိုပါကိစ္စကိုစိတ်ဝင်စားနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ပြီး စမ်းသပ်နေတာဖြစ်ကာ Tiktok မရှိတဲ့ နောက်ပိုင်း အိန္ဒိယ ရဲ့ Tiktok ရခဲ့တဲ့ ဈေးကွက်နေရာကို အပိုင်သိမ်းဖို့ရည်ရွယ်ပုံပါပဲ။

 

Instagram အနေနဲ့ Reels ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘရာဇီးမှာ စတင် စမ်းသပ်ခဲ့တာပါ။ ပြီးမှ ဂျာမနီနဲ့ ပြင်သစ်ကို ကျယ်ပြန့်စွာ ဆက်လက်စမ်းသပ်ခဲ့ပါတယ် Reels ဟာလည်း ၁၅ စက္ကန့်နဲ့ အတို ဗီဒီယိုလေးတွေလုပ်ရတဲ့ App ပါပဲ။Facebook အနေနဲ့ က အခုအချိန်မှာ Reels ကိုပဲအာရုံထားနေတယ် သိရပါတယ်။

 

ထို့အပြင် အိန္ဒိယ မှ App တစ်ခုဖြစ်တဲ့ Roposo ဟာဆိုရင်လည်း ၂၀၁၄ ခုနှစ်က ရှိခဲ့တာဖြစ်ပြီး အခု Tiktok ပိတ်ခံ ရချိန်မှာ သန်း ၅၀ လောက်ဒေါင်းလုတ်ဆွဲသူရှိလာတယ်သိရပါတယ်။သူတို့လုပ်ငန်းစု အနေနဲ့ ပြောကြားချက်ကတော့ ၂၂ သန်းလောက်ဒေါင်းလုတ်ဆွဲတဲ့ သူတွေ ၂ ရက်ထဲနဲ့တင်ရှိခဲ့ပါတယ်တဲ့။

 

ထို့အပြင် India မှလည်း Litlot ဆိုတဲ့ နာမည်နဲ့ App တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။India က တရုပ်မှ App ပေါင်း ၅၉ ခုကို ပိတ်သိမ်းပြီးတဲ့ အခါမှာ ထိုကဲ့သို့ App ကိုအိန္ဒိယ တီထွင်ဖန်တီးသူတစ်ဦးမှ လုပ်ကိုင်ထားခြင်းသာဖြစ်ပါတယ်။ယခုနှစ်ကုန်ပိုင်းမှာ Youtube ကလည်း Tiktok ကဲ့သို့ Video လေးတွေနဲ့ ပြန်လည်လုပ်မယ်သိရပြီး Gen Z တွေကို ဖမ်းစားအုံးမယ်လည်းသိရပါတယ်။

 

ယခင်သတင်းဖတ်ရှုရန် >>>


အိန္ဒိယနိုင်ငံတွင် ပိတ်ပင်လိုက်သော တရုတ်ပြည်ဖြစ် အက်ပ် ၅၉ ခု စာရင်း

 

<<< Zawgyi >>>

 


-----------------------------------------------------------------------------------

 


 


 


 


 


 

ယခင်သတင်းဖတ်ရှုရန် >>>

 


 

Ref : CNN

Read times
Rate this item
(0 votes)