-->
×

Warning

JUser: :_load: Unable to load user with ID: 29


Creative Thinking ကောင်းစေဖို့ ဘယ်လိုတွေလုပ်သင့်လဲ

လူတိုင်းမှာ ဖန်တီးတတ်တဲ့ ဉာဏ်လေးတွေ ရှိပါတယ်။ ဒါကို သိပြီး ဖော်ထုတ် အသုံးချသူတွေဟာ တမူထူးခြားပြီး အောင်မြင်သူတွေ ဖြစ်လာကြပါတယ်။ တစ်ခုရှိတာကက ဖန်တီးဉာဏ်ဆိုတာ အခန်းထဲက မီးလုံးလို ခလုတ်ဖွင့်လိုက်တာနဲ့ လင်းလက်တောက်ပလာတာ မဟုတ်ပါဘူး။

 

ဒါပေမယ့် ဖန်တီးဉာဏ် ဖြစ်လာအောင် ဖန်တီးဖြားယောင်းလို့ ရတဲ့ နည်းလေးတွေ ရှိပါတယ်။ ဒီတော့ စိတ်ကူးဉာဏ် ထက်သန်ကွန့်မြူးလာစေဖို့ ဒီအချက်လေးတွေ လုပ်ပေးသင့်ပါတယ်။

 

(၁) သိစိတ်အလျင်ကို ဖမ်းတတ်တဲ့ အကျင့်လုပ်ပါ

သင့်ခေါင်းထဲက ထွက်လာတဲ့ အတွေးကို စာရွက်ပေါ် ချရေးဖိူ့ တစ်နေ့ကို ၁၅ မိနစ် အချိန်ပေးကြည့်ပါ။ တွေးသမျှ အတွေးတိုင်းကို ဖမ်းထားပါ။ တစ်ခါတစ်လေ အတွေးတွေထဲက ထူးခြားတဲ့အသံတွေ ကြားရပါလိမ့်မယ်။ စာရွက်ပေါ်မှာ ကိုယ်ရေးထားတာတွေ ပြန်ဖတ်ကြည့်ရင် တစ်ချို့ အတွေးတွေက သင့်ကို အံ့ဩသွားစေပါလိမ့်မယ်။

 

(၂) ဖျပ်ခနဲ ပေါ်လာတတ်တဲ့ အတွေးတွေကို သတိထားမှတ်သားပါ

တစ်ခါတစ်လေမှာ ကိုယ့်ခေါင်းထဲမှာ လင်းခနဲ ဖြစ်သွားစေအောင် လှုံ့ဆော်လိုက်တဲ့ အရာလေးတွေ ရှိပါတယ်။ ဒီအတွေးတွေကို မှတ်စုစာအုပ်နဲ့ ဖြစ်ဖြစ် တစ်နေရာမှာ သက်သက် မှတ်ထားပါ။ ဒီသဲလွန်စလေးတွေကနေ ခြေရာကောက်မယ်ဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ ဖမ်းယူနိုင်ပါလိမ့်မယ်။

 

(၃) အိုင်ဒီယာစာရင်းထဲက ၃ ခုကို ရွေးထုတ်ထားပါ

သင်ချရေးထားတဲ့ အတွေးတွေ ၊ အကြောင်းအရာခေါင်းစဉ်နဲ့ လုပ်မယ့် အရာတွေအကြောင်းထဲက ၃ ခုကို ဆွဲထုတ်ပြီး တစ်ခုကို ၁၅ မိနစ်အနည်းဆုံး တွေးပါ။ သင့်ဖုန်းနဲ့ ကွန်ပျူတာတွေ ပိတ်ထားပါ။ ခေါင်းထဲမှာ ရှင်းထားပြီး‌ ကောင်းကောင်းလည်း အနားယူထားဖို့ လိုပါတယ်။

 

(၄) သင့်ကို စိတ်လှုပ်ရှားတက်ကြွစေတဲ့ အရာတွေ စုထားပါ

အတွေးအမြင်သစ်တွေ ပေါ်စေမယ့် Inspiration ဖြစ်စေမယ့် အရာလေးတွေဆိုတာ လူတိုင်းလိုလို ရှိတတ်ကြပါတယ်။ တစ်ချို့သူတွေအတွက် ပန်းချီကားတစ်ချပ် ဖြစ်ချင် ဖြစ်မယ်။ တစ်ချို့က မြင်ကွင်းတစ်ခု ဖြစ်တတ်ပြီး တစ်ချို့ကျတော့ အခန်းတစ်ခန်းလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ဘေးမှာ Inspire ဖြစ်စေမယ့်အရာတွေ ရှိနေတော့ အတွေးတွေ ပိုပြီး ထက်မြက်နေမှာပါ။

 

(၅) လူတွေနဲ့ စကားပြောပါ

Seminar တွေ တက်တာ ၊ တတ်သိပညာရှင်တွေနဲ့ စကားပြောတာကနေ လမ်းထဲက လက်ဖက်ရည်ဆိုင်မှာ ထိုင်တာအထိ သင့်စိတ်ကူးဉာဏ်ကို ထက်သန်တဲ့ အရာတွေက ရှင်သန်လှုပ်ရှားနေပါတယ်။ အရေးကြီးတာက စောင့်ဖမ်းတတ်ဖို့ပါပဲ။ ကိုယ်ဘာကို လိုချင်သလဲဆိုတာ သိအောင် လုပ်ဖို့နဲ့ အပြင်လောကကြီးမှာ ဘာတွေ လုပ်နေလဲဆိုတာကို အံကျအောင် ဖမ်းတတ်ရင် စိတ်ကူးသစ်တွေ ထွက်လာပါလိမ့်မယ်။

 

Myanmar Advertising Guide 

Read times
Rate this item
(2 votes)