-->
×
Warning
JUser: :_load: Unable to load user with ID: 29
ငါစောစောကတည်းက သိမယ်ဆို ဒီထက်ပိုကြိုးစားခဲ့မှာ
ငါစောစောကတည်းက သိမယ်ဆို ဒီထက်ပိုကြိုးစားခဲ့မှာ google.com
For Your Job-click here
ကျနော်တို့လည်း ဒီလိုမျိုး အမှားမျိုးနဲ့  ဒီလိုမျိုးမပြောမိအောင် ဒီအကြောင်းအရာလေးကနေ သင်ခန်းစာ ယူလိုက်ပါ။လက်တွေ့မာလည်းအဲ့လိုဒေတွေ့ဖူးတယ် ပတ်ဝန်းကျင်က အိမ်ထောင်ရေးကွဲတဲ့သူဒေ ပြောနေကြ စကား စောစောကသာသိခဲ့ရင် ယောက်င်္ကျားမယူခဲ့ပါဖူး မိန်းမမယူခဲ့ပါဖူးဆိုပီးငြီးကြတာ
(Unicode Version)
နေ့စဉ်နေ့တိုင်း အလုပ်မှာဖြစ်စေ၊ ပညာရေးမှာဖြစ်စေ၊ ကျန်းမာရေးအတွက်ဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း အတွက်ဖြစ်စေ၊ relationship အတွက်ပဲဖြစ်စေ၊ စီးပွားရေးအတွက်ပဲဖြစ်စေ နေ့စဉ်နေ့တိုင်း ထိုအရာတစ်ခုချင်း စီပေါ်မှာ ကျွန်တော်တို့အားလုံး အိမ်တစ်လုံးစီဆောက်နေကြပါတယ်။
အဲ့ဒီအိမ်မှာ မနက်ဖြန် ကျွန်တော်တို့ကိုယ်တိုင်ပဲ နေရမှာဖြစ်ပါတယ်။ အဲ့လိုနေရတဲ့အချိန်ရောက်မှ အဲ့ဒီအိမ်ကို မကြိုက်ဘူးဆိုရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါဘူး။ ကိုယ့်ကိုယ်ကိုယ်ဘဲ အပြစ်တင်ရမှာဖြစ်ပါတယ်။
ဒီဥပမာအတွက် မြောက်အမေရိကမှာ လူပြောများတဲ့ လယ်သမားပုံပြင်လေးက သက်သေပြနေပါတယ်။ ထိုလယ်သမားဟာ သူဋ္ဌေးတစ်ဦးဆီမှာ ဆောက်လုပ်ရေးလုပ်လာခဲ့တာ ၃၅နှစ်ပြည့်သွားတော့ အလုပ်ကနေနားတော့မယ်လို့ ဆုံးဖြတ်ချက်ချပြီး သူဋ္ဌေးကိုခွင့်တောင်းလိုက်တယ်။
သူဋ္ဌေးကပြောတော့ပေါ့ မင်းသေချာစဉ်းစားပါဦး အလုပ်လုပ်ချင်ရင် လုပ်လို့ရသေးတယ်နော်…………
သို့သော်လယ်သမားကြီးက ကျနော့်မိသားစုနဲ့ဘဲ အချိန်ပိုပေးချင်တယ်၊ ကျနော်လည်းအားအင်ချိနဲ့နေပြီ အနားသူသင့်ပြီလို့ ပြန်ပြောလိုက်တယ်။
ဒါ့ကြောင့်သူဋ္ဌေးကလည်း ကောင်းပြီ ဒါပေမဲ့နောက်ဆုံးအလုပ်တစ်ခုအနေနဲ့ အိမ်တစ်လုံး ဆောက်ပေးသွား ရမယ်။ သူကတော့ တွေးတာပေါ့ သူအလုပ်နားချင်ပါတယ်လို့ပြောမှ သူဋ္ဌေးက ဆက်လုပ်ခိုင်းနေတယ်ပေါ့ ၃၅နှစ်လုံးတောင် သူဋ္ဌေးဆီမှာ လုပ်လာခဲ့တော့ အခုပေးတဲ့ ပရောဂျက်ကိုလည်း ငြင်းရအခက်ဖြစ်ပြီး အားနာပါးနာနဲ့ လက်ခံလိုက်ရတယ်။ဟုတ်ကဲ့ ကျနော်နောက်ဆုံးအိမ်လေးဆောက်ပြီး သူဋ္ဌေးကို ပေးပါမယ်။ စလုပ်တဲ့နေ့ကစပြီး သူအလုပ်လုပ်ရတာ စိတ်မပါတော့ဘူး။
ဒီဇိုင်းကိုလည်း ကောင်းကောင်းမလုပ်နိုင်ဘူး ပစ္စည်းတွေဘယ်ကလာလဲ၊ အလုပ်ဘယ်လိုဖြစ်နေလဲ စသည်ဖြင့် သူစိတ်လုံးဝမပါတော့ဘူး။
သူဟာ အမြန်ပြီးချင်ဇောနဲ့ အလုပ်ပြီးအောင်လုပ်ပြီးတော့ သူဋ္ဌှေးဆီရောက်သွားတယ်။သူဋ္ဌေးရေ ကျနော့်ကို ဆောက်ခိုင်းထားတဲ့ အိမ်လည်းဆောက်ပြီးသွားပြီ ကျနော့်ကို အလုပ်ထွက်ခွင့်ပေးပါတော့။သူဋ္ဌေးကတော့ အရင်ဆုံးကျေးဇူးတင်ကြောင်းပြောလိုက်တယ်။ခင်ဗျားဟာ ကျွန်တော့်အတွက် ၃၅နှစ်တောင် အလုပ်လုပ် ပေးခဲ့တယ် ကျနော်ကခင်ဗျားအလုပ်မနားခင်မှာ လက်ဆောင်လေးပေးချင်တယ်။
ဘီဒီုထဲကနေ သော့တစ်ချောင်းထုတ်ပေးလိုက်တယ်။ အဲ့သော့ဟာ လက်သမားကြီးဆောက်ထားတဲ့ အိမ်ရဲ့သော့ဖြစ်နေတယ်။ ဒီလက်သမားအတိုင်း စောစောကသိခဲ့ရင် ကောင်းမှာပဲဆိုတဲ့ စကားကို ကျွန်တော်တို့မပြောမိဖို့ မျှော်လင့်ပါတယ်။ သို့သော်
ကျောင်းသားတွေ တော်တော်များများပြောလေ့မှားလေ့ရှိတဲ့အမှားမျိုးပါ။ ဒီအခန်းရဲ့ ဒီအပိုင်းရဲ့ အကြောင်းအရာ တွေဟာ အရေးကြီးပြီး စာမေးပွဲမှာ ပါတယ်ဆိုတာ စောစောလေးသိခဲ့ရင် အာရုံစိုက်ပြီး ကျက်ခဲ့မိမှာဆိုပြီးတော့။
ကျွမ်းကျင်သူတွေလည်း သူတို့အလုပ်မှာ ဒီလိုအမှားမျိုးလုပ်မိကြပါတယ်။လွန်ခဲ့တဲ့ရက်20တုန်းက အလုပ်ဟာ ဒီလောက်အရေးကြီးတာကို စောစောထဲက သိခဲ့ရင်ကောင်းမှာဘဲဆိုပြီးတော့….
ကျနော်တို့လညး် ဒီလိုမျိုး အမှားမျိုးနဲ့ ဒီလိုမျိုးမပြောမိအောင် ဒီအကြောင်းအရာလေးကနေ သင်ခန်းစာ ယူလိုက်ပါ။လက်တွေ့မာလည်းအဲ့လိုဒေတွေ့ဖူးတယ် ပတ်ဝန်းကျင်က အိမ်ထောင်ရေးကွဲတဲ့သူဒေ ပြောနေကြ စကား စောစောကသာသိခဲ့ရင် ယောက်ကျင်္ားမယူခဲ့ပါဖူး မိန်းမမယူခဲ့ပါဖူးဆိုပီးငြီးကြတာ
ဘယ်အရာမှတော့ ကြိုတင်သိနိုင်တယ်ဆိုတာမျိုးတော့ မရှိပါဘူ။ သို့သော ကိုယ်လုပ်တဲ့အရာကို နောက်ဆုံးလုပ်နိုင်တဲ့အထိ အကောင်းဆုံး ကြိုးစားလုပ်ဆောင်ခြင်းက သာလွန်မွန်မြတ်ပါတယ်။ ဒါမှကောင်းမွန်သော အကျိုးပြန်ခံစားရမှာပါ။
Source ; ဘာသာပြန် Min Khan
Read times
Rate this item
(1 Vote)