-->
×

Warning

JUser: :_load: Unable to load user with ID: 29


Social Media marketing ဆိုတာ ဘာလဲ..?

Social Media marketing ဆိုတာ ဘာလဲ..? google

Social media လို့ဆိုလိုက်တာနဲ့ လူတော်တော်များများက နားရှုပ်သွားတတ်ကြပါတယ်။

Social media ဆိုတာ ဘာကိုပြောတာလည်း ? Social media & Online marketing services ဆိုတာကကော ဘာတွေလုပ်ပေးတာလည်း ? ဘာအကျိုးကျေးဇူးတွေရမှာလည်း ? ဒီလိုမေးခွန်းတွေအများကြီး ပေါ်ပေါက်လာပါတယ်။ အဲဒီတော့ ပထမဆုံးအနေနဲ့ Social media ဆိုတာကို အရင်ဆုံး ရှင်းပြပါရစေ။

၁။ Social media ဆိုတာ
.......................................

အလွယ်ဆုံးပြောရရင် Social media ဆိုတာ အွန်လိုင်းမှာရှိတဲ့ လူတစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချိတ်ဆက်နေတာကိုပြောတာပါ။ Social media ဆိုတာနဲ့ အဓိကအခြေခံထားရမယ့် အရာတွေရှိပါတယ်။ အဲဒါတွေကတော့ တုံ့ပြန်မှု ( Interaction ) , အပြန်အလှန်မျှဝေမှု  ( Sharing ) နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ( Collaboration ) တို့ပဲဖြစ်ပါတယ်။ Social media ဆိုတာအမျိုးအစားတွေ အများကြီးရှိပြီး forums , microblogging , social networking , wiki အစရှိတာတွေကလည်း social media ထဲမှာအကျုံးဝင်ကြပါတယ်။

နံပါတ်နှစ်အနေနဲ့ မြန်မာနိုင်ငံမှာ လူသိအများဆုံးနဲ့ အသုံးအများဆုံး Social Media ကတော့ Facebook ပါပဲ။ Online marketing အများစုကို Facebook ပေါ်မှာပဲ ပြုလုပ်ကြတာများတာမို့ Facebook နဲ့ Online marketing ချိတ်ဆက်ပုံလေးကိုလည်း ရှင်းပြပါရစေ။

၂။ Facebook
.......................................

Facebook ကတော့ အကျော်ကြားဆုံးနဲ့ လူသုံးအများဆုံး Social networking website တစ်ခုဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ registered လုပ်ပြီး မိမိရဲ့ profiles တွေ ဓာတ်ပုံတွေ , ဗီဒီယိုတွေ နဲ့ တစ်ဦးနဲ့တစ်ဦး messages အပြန်အလှန်ပို့ကြခြင်းဖြင့်  ထိတွေ့ရင်းနှီးနိုင်ကြပါတယ်။ မိသားစုတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိမိရဲ့သူငယ်ချင်းတွေနဲ့ အမြဲထိတွေ့နိုင်ဖို့ အကောင်းဆုံး Social networking တစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဆက်သွယ်ရေးနည်းပညာတွေနဲ့ မိုဘိုင်းဖုန်းအသုံးပြုသူတွေ များပြားလာပြီးတဲ့နောက် Facebook အသုံးပြုသူ ဦးရေဟာလည်း တစ်နေ့တစ်ခြား များပြားလာခဲ့ပါတယ်။ မိုဘိုင်းနဲ့အသုံးပြုသူတွေရှိသလို ကွန်ပြူတာတွေကနေ အသုံးပြုသူတွေလည်း ရှိပါတယ်။ များပြားလာတဲ့ အသုံးပြုသူတွေနဲ့အတူ အသေးစားစီးပွားရေး လုပ်ငန်းလေးတွေနဲ့ နာမည်ရပြီးသား လုပ်ငန်းအများစုဟာ သူတို့ရဲ့ ကြော်ငြာလုပ်ငန်းတွေနဲ့ သူတို့လုပ်ဆောင်ပေးနေတဲ့ service တွေကို အသုံးပြုသူတွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်ဖို့ facebook  ကိုအဓိကထား အသုံးပြုလာကြပါတယ်။ အဲလို facebook ကတစ်ဆင့် ကိုယ့်ရဲ့ customer တွေကိုကြော်ငြာတာကိုတော့ Online Marketing လို့ခေါ်ကြပါတယ်။Online ကနေ Marketing ကို မိမိဘာသာ ပြုလုပ်တော့မယ်ဆိုရင် လိုအပ်တဲ့အချက်တွေကများသလို လေ့လာစရာတွေကလည်း များပါတယ်။ အင်တာနက်စရိတ်နဲ့တွက်ကြည့်ရင် အဆင်မပြေသလို မိမိရဲ့ကျွမ်းကျင်မှုလိုအပ်ချက်ကြောင့် ထိရောက်မှုရှိမှာမဟုတ်ပါဘူး။ 

အဲဒါကြောင့် Online Marketing Services လုပ်ငန်းတွေဟာ ပေါ်ပေါက်လာရပါတယ်။ Online Marketing Services အကြောင်းလေးကိုလည်း အနည်းငယ်ရှင်းပြပါရစေ။

၃။ Social media & Online Marketing Services
..............................................................................

လုပ်ငန်းရှင်အများစု နဲ့ အသေးစားစီးပွားရေး လုပ်ငန်းလေးတွေဟာ ကိုယ့်ရဲ့ facebook page ကနေတစ်ဆင့် ကိုယ့်ရဲ့ brand ဒါမှမဟုတ် ကိုယ့်ရဲ့ ကုန်ပစ္စည်း တွေကို facebook user တွေသိအောင် ကြော်ငြာကြပါတယ်။ အဲလိုကြော်ငြာတဲ့နေရာမှာ  နည်းလမ်းအမျိုးမျိုးနဲ့ ကြော်ငြာကြပေမယ့် တစ်ချို့နည်းလမ်းတွေက မထိရောက်သလို ကိုယ်ကြော်ငြာချင်တဲ့ customer ဆီကို ပျံ့ပျံ့နှံ့နှံ့မရောက်ရှိတဲ့ ပြဿနာတွေကို ကြုံတွေ့ကြရပါတယ်။ ကြော်ငြာတဲ့နေရာမှာ လိုအပ်ချက်တွေက များပြားလှပြီး အဓိကအနေနဲ့ ကိုယ့်ပစ္စည်းအကြောင်းကို တိုက်ရိုက်ကြီး ကြော်ငြာတာတွေက ကိုယ့်ရဲ့ customer ကိုဆွဲဆောင်နိုင်မှု အားနည်းစေမှာပါ။

Like လုပ်သူဦးရေတိုးတက်အောင် ဘယ်လိုလုပ်ရမလည်း ကိုယ့်ရဲ့ ကြော်ငြာpost တစ်ခုကို ကိုယ် target ထားတဲ့ လူထုကြား ပျံ့နှံ့အောင် ဘယ်လိုလုပ်ရမလည်း ကိုယ့်ရဲ့ Pageကို Like တွေတက်အောင် ဘယ်လိုလုပ်မလည်း ဆွဲဆောင်မှုကောင်းတဲ့ စကားလုံးလေးတွေ ပုံလေးတွေနဲ့ ဘယ်အချိန်မှာ ဘယ်လို promotionလေးတွေ လုပ်မလည်း ဒါတွေက အရေးကြီးလာပါပြီ။

အဲလိုလိုအပ်ချက်တွေအတွက် Social media & Online Marketing Services ဝန်ဆောင်မှုတွေ ပေါ်ပေါက်လာပြီး နိုင်ငံတကာမှာတော့ ကိုယ့် brand ဒါမှမဟုတ် ကိုယ့်ရဲ့ ကုန်ပစ္စည်းအောင်မြင်ဖို့ ဒီလိုဝန်ဆာင်မှုလုပ်ငန်းတွေနဲ့ လက်တွဲနေကြပြီး အောင်မြင်တဲ့စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်နေကြပါပြီ။

Source: internet

 

Read times
Rate this item
(1 Vote)